Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ချောင်းဦးသံဃာတော်များ ဆရာထင်လင်းဦး တောင်းပန်

သာသနာတော်ညှိုနွမ်းစေမှု အပါအ၀င် ပုဒ်မ (၂)ခုဖြင့် တရားစွဲခံထားရသည့် စာရေးဆရာထင်လင်းဦးက ကံ ဆောင်သပိတ်မှောက်ခဲ့ကြသော ချောင်းဦးမြို့နယ် သံဃာတော်များကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ရှိခိုးတောင်းပန်ပြီး သံဃာတော်များဘက်မှလည်း လက်ခံလိုက်ပြီ ဖြစ်ကြောင်း ဆရာထင်လင်း ဦး၏ ဇနီးဖြစ် သူ ဒေါ်စောစန္ဒာက News Watch သို့ ပြောသည်။

“ကံဆောင်ထားတဲ့ ဆရာတော်တွေကို အစ်မတို့က တောင်းပန်တာပါ။ ဆရာတော်ကြီးတွေက လက်ခံပါတယ်။ ဆရာ့ကိုလည်း မေတ္တာသုတ်ရွတ်ပေးတယ်။ သာဓုအနုမောဒနာခေါ်တယ်။ ဆရာ ဒကာအဖြစ် မှတ်ပေးပါဆိုတော့ ဘုန်း ဘုန်းတို့က ဆရာ-ဒကာအဖြစ် မှတ်ပေးပါတယ်”ဟု ၎င်းက ပြောသည်။

ချောင်းဦးမြို့နယ်တွင်ရှိသည့် သံဃာတော်အပါး (၃၀)၀န်းကျင်ကို ပင့်ဖိတ်ပြီး တောင်းပန်ခဲ့ခြင်းဖြစ်သောကြောင့် သံဃာတော်များမှ အသိအမှတ်ပြု လက်ခံပေးကြောင်း ဆရာထင်လင်းဦး၏ မိသားစုနှင့် နီးစပ်သူ ကိုဇော်ဖုန်းမြင့်က ပြောသည်။

“ဆရာထင်လင်းဦးက နှုတ်ထွက်ကြမ်းတာကို သံဃာတော်တွေကို ရှိခိုးတောင်းပန်တာပါ။ သံဃာတော်တွေ ကလည်း သပိတ်ကို ပြန်လှန်ပေးပါတယ်” ဟု ၎င်းကပြောသည်။
ဆရာထင်လင်းဦး၏ ပဉ္စမရုံးချိန်းတွင် တရားလိုပြသက်သေ (၂)ဦးကို စစ် ဆေးခဲ့ပြီး အာမခံလျှောက်ထားသော် လည်း ပယ်ချခံခဲ့ရကြောင်း မုံရွာခရိုင် တရားရုံးသို့ ရုံးပြောင်းလျှောက်ထားရာ လက်ခံလိုက်ပြီ ဖြစ်ပြီး ဇန်န၀ါရီ (၂၆) ရက်နေ့တွင် ရုံးပြောင်းမည်ဖြစ်ကြောင်း ဒေါ်စောစန္ဒာက ပြောသည်။

ဆရာထင်လင်းဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ချောင်းဦးမြို့ နယ်၊ သုံးပန်လှကျေးရွာ စာပေဟောပြောပွဲတွင် ပြောဆိုချက်များနှင့် ပတ်သက်၍ သာသနာကို စော်ကားမှု ပုဒ်မ ၂၉၅ (က) အပါအ၀င် ပုဒ်မ ၂၉၈ များဖြင့် တရားစွဲ ဆိုခံခဲ့ရခြင်းဖြစ်သည်။

လင်းလင်းအောင်

No comments:

Post a Comment