Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 7, 2015

ပစိဖိတ်သမုဒ္ဒရာအထဲက လှပတဲ့ ကျွန်းနိုင်ငံ ဗနွားတူး


Vanuatu လို့ အမည်ရတဲ့ သမုဒ္ဒရာတွင်း ကျွန်းနိုင်ငံ ငယ်လေးဟာ သြစတေးလျတိုက် အရှေ့ပိုင်း ပစိဖိတ် သမုဒ္ဒရာထဲမှာ တည်ရှိပါတယ်။ အကျယ်အားဖြင့် ဍ္ဍ၂၀၀၀ ကျော် စတုရန်းကီလိုမီတာ သာရှိပြီး လူဦးရေဟာလည်း ၂သိန်းခွဲ အထက် အနည်းငယ်သာ ရှိပါတယ်။ 

တစ်ချိန်တုန်းက မီးတောင်များ အင်မတန် သက်ဝင်လှုပ်ခက်တဲ့ နေရာ ဖြစ်ခဲ့ပြီး ယခုတော့ ကမ္ဘာ့အလှဆုံး နဲ့ ဟန်းနီးမွန်းထွက်ချင်စရာ အကောင်းဆုံး နေရာ များထဲမှာ ပါဝင်နေပါပြီ။ Melanesian တို့လို လူရိုင်းတို့ အပြင် အရင်ခေတ်တွေ ကတည်းက ပြင်သစ်နဲ့ အနောက်တိုင်းသားများ နယ်ချဲ့ပြီး နေထိုင်နေတဲ့ နေရာ ဖြစ်ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်ကိုလိုနီ လက်အောက်ကိုလည်း ရောက်ရှိခဲ့ဖူးပြီး ၁၉၈၀ ဇူလိုင်မှာ တော့ လွတ်လပ်ရေးရခဲ့ပြီး ခရီးသွားလုပ်ငန်းကို အဓိကထား လုပ်ကိုင်ရဲ့ တိုင်းပြည်ဟာ အလှပဆုံး ကျွန်းနိုင်ငံများထဲ ပါဝင်လာပါတယ်။

ဗနွားတူး နိုင်ငံရဲ့ အဓိက ဝင်ငွေဟာလည်း ခရီးသွားလာရေးပဲ ဖြစ်ပါတယ်။ ကျွန်းနဲ့ ကမ်းခြေတွေမှာ အနားယူ အပန်းဖြေခြင်း၊ ရွက်လှေစီးခြင်း၊ ရေငုပ်ခြင်း နဲ့ ပင်လယ် အလှများ ကြည့်ရှု လေ့လာခြင်းများကို ပြုလုပ်ရန် ဖန်တီးပေးထားပါတယ်။ ဟောလိဝုဒ် ရုပ်ရှင် အချို့မှာလည်း ပါဝင်ပါတယ်။ ဗနွားတူး နိုင်ငံ အကြောင်း အသေးစိတ်ကို http://en.wikipedia.org/wiki/Vanuatu ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment