Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

မြိုင်မြို့ နယ်မှာ ထန်းမြစ်ဖုတ်စားရာမှ ကလေးငယ်တဦး မီးလောင်သေဆုံး



ထန်းမြစ်ဖုတ်စားရန် မီးမွှေးရာမှ မီးလောင်မှုဖြစ်ပွားပြီး ပုခက်အတွင်း အိပ်နေသည့် ကလေးငယ် မီးလောင်သေဆုံး

နေပြည်တော်၊ ဇန်နဝါရီ ၁၃

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ယာကြီးပြင်ကျေးရွာ အနောက်ဘက် တောထဲတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဗဟင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါ တောထဲနေ ဒေါ်တူး(၃ဝ)နှစ်သည် နံနက် ၁၁ နာရီခွဲအချိန်က သမီးဖြစ်သူ မသဇင်ခိုင်(၇)လအား တဲအတွင်း စောင်ပုခက်ဖြင့်သိပ်ထားကာ ရေချိုးသွားနေစဉ် သားဖြစ်သူ အောင်ဆန်းဦး(၆)နှစ်မှာ ကျောင်းဆင်း၍ နေအိမ်တဲသို့ပြန်လာပြီး ထန်းမြစ်ဖုတ်စားရန် တဲအတွင်းရှိ ထန်းရွက်များဖြင့် မီးမွှေးရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားသဖြင့် ရွာသူ/သားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၁ဝ မိနစ် အချိန် မီးငြိမ်းသွားကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် မသဇင်ခိုင်မှာ မီးလောင်သေဆုံးသွားခဲ့ပြီး (၃*၃)ပင် ထန်းလက်မိုး၊ ထန်းလက်ကာ နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံး ခဲ့သောကြောင့် အောင်ဆန်းဦးအား ဗဟင်းနယ်မြေရဲစခန်း(ပ)၉/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅/၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment