ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.
Vijay Nambia ဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့
ဖွံ့ဖြိုးရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ မနေ့ညနေက စစ်တွေဟိုတယ်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Mr. Vijay Nambia က ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နှစ်ဖက်ပြေလည်နိုင်ရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ မနေ့က တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။
"တကယ်လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ အားလုံးပြေပြေလည်လည်ဖြစ်သွားအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ ဘယ်လိုဖော်ဆောင်နိုင်မလဲဆိုတာကို
စဉ်းစားပေးဖို့ သူတို့ကလည်း ကျမတို့ကို တိုက်တွန်းပါတယ်၊ ကျမတို့ကလည်း
စဉ်းစားပါတယ်လို့ ဒါပေမဲ့ တကယ်မစဉ်းစားတာက တစ်ဖက်မှာရှိတဲ့ ဘင်္ဂါလီတွေမှာ
မြှောက်ထိုးပင့်ကော်လုပ်နေတဲ့ အစွန်းရောက်တွေလည်း ရှိတယ်ပေါ့နော်၊ နိုင်ငံသားဖြစ်ချင်တဲ့သူတွေကလည်း အစဉ်အလာလေးတွေကို လိုက်နာပြီးတော့ ကျင့်သုံးသင့်တယ်ဆိုတဲ့အကြောင်းကို ကျမတို့ကပြောပြပါတယ်"
နိုင်ငံတကာမှာ ဘာသာမတူ၊ လူမျိုးမတူသူတွေအကြား ပြဿ နာတွေဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ နှစ်ဖက်ငြိမ်းချမ်းစွာ ကူးလူးဆက်ဆံပြီး အဆင်ပြေသွားတဲ့ သာဓကတွေရှိခဲ့တာကြောင့် ရခိုင်ပြည်နယ်အတွင်းက နှစ်ဖက်အသိုင်းအဝန်းတွေအနေ
Mr. Vijay Nambia က ရခိုင်တိုင်းရင်းသားတွေအနေန
"တကယ်လုပ်နိုင်မယ်ဆိုလို့ရှ
နိုင်ငံတကာမှာ ဘာသာမတူ၊ လူမျိုးမတူသူတွေအကြား ပြဿ နာတွေဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ နှစ်ဖက်ငြိမ်းချမ်းစွာ ကူးလူးဆက်ဆံပြီး အဆင်ပြေသွားတဲ့ သာဓကတွေရှိခဲ့တာကြောင့် ရခိုင်ပြည်နယ်အတွင်းက နှစ်ဖက်အသိုင်းအဝန်းတွေအနေ
နဲ့လည်း ပြန်လည်သင့်မြတ်အောင် ကြိုးပမ်းသင့်ကြောင်း Mr. Vijay Nambia က အကြံပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို သုံးနှုန်းခြင်း၊ မသုံးနှုန်းခြင်းဆိုတာ အရေးကြီးတဲ့အချက် မဟုတ်တာကြောင့် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အဲဒီစကားလုံးနဲ့ ပတ်သက်ပြီး စိတ်ထဲမှာဘာမှမထားဘဲ နှစ်ဖက်ပြန်လည်သင့်မြတ်အောင်ဆောင်ရွက်ရေးကသာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်လို့လည်း Mr. Vijay Nambia က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ကတွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဘက်ကတော့ မွတ်စလင်တွေဘက်က နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ငြင်းဆန်နေတာဟာ ပြဿနာတွေကို ပြေလည်စေနိုင်ခြင်းမရှိသလို
ရိုဟင်ဂျာလူမျိုးအဖြစ် တောင်းဆိုမှုတွေဟာလည်း ရခိုင်တိုင်းရင်းသားတွေနဲ့
မွတ်စလင်တွေရဲ့ ဆက်ဆံရေးကို ပိုမိုဝေးကွာစေတယ်လို့ ထောက်ပြခဲ့တယ်လို့
သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်း
မနေ့ကတွေ့ဆုံပွဲတက်ရောက်ခဲ့
No comments:
Post a Comment