Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

မင်းဘူးမြို့တွင် ပြင်းထန်သော ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားရာတွင် တစ်ကြိမ်မှာ စစ်ဖက်ဆိုင်ရာ ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်းသိရ


မကွေးတိုင်း မင်းဘူးခရိုင် မင်းဘူးမြို့တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တစ်ကြိမ်မှာ ရေနံပိုက်များ ဆက်သွယ်ရာတွင် အသုံးပြုသော ဗွိုင်လာအိုမှ ပေါက်ကွဲခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ပေါက်ကွဲမှုကိုတော့ ဘာကြောင့် ပေါက်ကွဲမှု ဖြစ်ရသည်ကို အတည်မပြုနိုင်သေးပဲ စစ်ဖက်ဆိုင်ရာ ပေါက်ကွဲမှု တစ်ခုသာ ဖြစ်နိုင်ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဇန်န၀ါရီ၁၂ရက်နေ့တွင် စုံစမ်းသိရှိရသည်။

‘’ကျွန်တော်တို့နဲ့ ၆မိုင်လောက်ကွာဝေးတဲ့ ရေနံတွေ သိုလှောင်ထားတဲ့ သံကန်တန် ၈ဘက်က ပေါက်ကွဲခဲ့တာလို့ သိရရှိပါတယ် နောက်တစ်ကြိမ် ပေါက်ကွဲမှုက ပြင်းထန်ပါတယ် ဘာကြောင့် ပေါက်ကွဲ ခဲ့သလဲဆိုတာတော့ မသိပါဘူး အသံက ကျယ်လောင်စွာနဲ့ အတော်ဝေးဝေးက ကြားရတာပါ’’ဟု မင်းဘူး-စကုမြို့နယ်အတွင်းရှိ ကိုင်းတောကြီးကျေးရွာသား တစ်ဦး ဖြစ်သူ ဦးကျော်ကျော်ဦးက ပြောဆိုသည်။

အဆိုပါ ပေါက်ကွဲမှုမှာ နံနက် ၈နာရီ ၃၀မိနစ်တွင်တစ်ကြိမ် ပြင်းထန်စွာ ပေါက်ကွဲမှု ကြာခဲ့ရပြီး ထိုထက်ပြင်းထန်းသော ပေါက်ကွဲမှုကို နံနက် ၁၀နာရီ မိနစ်၃၀ခန့်တွင် ကြားခဲ့ရခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ပေါက်ကွဲမှုက ပိုမိုပြင်းထန်ကြောင်း ဒေသခံများကပြောဆိုကြသည်။ ထိုကဲ့သို့ပြင်းထန်းသော ပေါက်ကွဲမှုနှင့် မြေပြင်တုန်လှုပ်မှုကို ၂၀၁၄ခုနှစ် ဇူလိုင်လကုန်ပိုင်း လောက်က စလင်းမြို့နယ်တွင်လည်း ဖြစ်ပွားခဲ့ပြီး ဘာကြောင့်ပေါက်ကွဲမှု ဖြစ်ရသည်ကို အတည်ပြုနိုင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

ယခုမင်းဘူးမြို့နယ်တွင် ဇန်န၀ါရီလ၁၂ရက်နေ့ နံနက် ၈နာရီ ၃၀မိနစ်အချိန်က ပထမအကြိမ် ပေါက်ကွဲမှုဖြစ်စဉ်မှာ ရေနံများ တွန်းပို့ပေးသော ဗွိုင်လာအိုရှိ ဆက်ရာ ပျက်ဆီးသွားသောကြောင့် ထိုကဲ့သို့ပြင်းထန်းစွာပေါက်ကွဲရခြင်းဖြစ်ပြီး ထိုပထမအကြိမ်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောဆိုသော်လည်း ဒုတိယအကြိမ်ပေါက်ကွဲမှုကိုတော့ စစ်ဖက်ဆိုင်ရာပေါက်ကွဲမှုတစ်ခုသာဖြစ်နိုင်သည်ဟု ခန့်မှန်းပါကြောင်း သုံးသပ်ပြောဆိုသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment