Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

''ရိုးမမန္တလာ'' ပေ(၁၅ဝ)ခန့် ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ


ခရီးသည်တင်မှန်လုံယာဉ် လမ်းဘေးရှိ ချောက်အတွင်းသို့ အရှိန်လွန်တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ ဇန်နဝါရီ ၁ဝ

၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ည ရ နာရီအချိန် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင် ကျေးရွာအနီး၊ မင်းဘူး - အမ်းကားလမ်း မိုင်တိုင်အမှတ်(၇၅/၇)နှင့် (၇၆/ဝ)ကြားတွင် ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ ဝန်ထမ်းများက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမြို့မှ စစ်တွေမြို့သို့ မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့၊ ပြည်သာယာ ရပ်ကွက်နေ ကျော်စိုး (၃၅)နှစ် မောင်းနှင်လာသော ပ/xxxx ''ရိုးမမန္တလာ'' ခရီးသည်တင်မှန်လုံ ယာဉ်သည် အရှိန်လွန်၍ ကားလမ်း၏ ဝဲဘက်ရှိ ချောက်အတွင်းသို့ ပေ(၁၅ဝ)ခန့်အထိ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျော်စိုးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက် နန်းလင်း ပျောက်ဆုံးနေသဖြင့် ရှာဖွေလျက်ရှိကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ပေါက်တောမြို့နယ်၊ ငဖြူတောရွာနေ ဥူးသုမလ(၂ဝ)နှစ်၊ မင်းပြားမြို့နယ်နေ မခင်မာသန်း(၂၉)နှစ်ပါ ၂ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် အမ်းမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသခဲ့ပြီး ကျော်စိုးအား အမ်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment