Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာဝေဒနာရှင် ၄၀၀ နီးပါး နေ့စဉ်ဓာတ်ရောင်ခြည် အခမဲ့ကုသခွင့် ရပြီ



ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကင်ဆာရောဂါ ဝေဒနာရှင် ၄၀၀ နီးပါး နေ့စဉ် ဓာတ် ရောင်ခြည်ဖြင့် အခမဲ့ ဆေးကုသခွင့် ရရှိနေပြီ ဖြစ်ကြောင်း ဆေးရုံ တာဝန်ရှိသူ တဦးက ပြောသည်။

“အပြင်မှာ ဓာတ်ရောင်ခြည်နဲ့ ကုသရင် လူတယောက်အတွက် တကြိမ်ကို မြန်မာငွေ (၁၃၀၀၀၀) တသိန်းသုံးသောင်း လောက်ပေးရပါတယ်။ ကင်ဆာဆဲလ်တွေ မပြန့်နိုင်ဖို့ လူတယောက်ကို အကြိမ် (၃၀) ၀န်းကျင်လောက်ကုသရပါတယ်။ ကင်ဆာ ဆေးအမျိုးပေါင်း ၃၀ ကျော်လောက်ရှိတဲ့အနက် ဒီမှာတော့ ၉ မျိုးလောက် အသုံးပြု ပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။

ဓာတ်ရောင်ခြည်ကုသစက်များမှာ ယခင်က ရန်ကုန်ဆေးရုံကြီးတွင် ဂျာမနီ နိုင်ငံထုတ် စက် (၃)လုံးခန့်ရှိပြီး ယခုအခါ အမေရိကန်နိုင်ငံထုတ် အဆင့်မြင့်စက် (၂)လုံးဖြင့် ထပ်မံကုသပေးနေခြင်းဖြစ်သည်။
“အရင်စက်တွေက ဓာတ်ရောင်ခြည်နဲ့ လူနာကိုကုသတဲ့အခါ ရောဂါဖြစ် နေတဲ့နေရာကို ကုသပေးပေမယ့် အခြားနေရာတွေကို နည်းနည်းပြန့်ပါတယ်။ အခု စက်က အဲဒီလိုလုံးဝ မဖြစ်ပါဘူး။ ဖြစ်နေတဲ့နေရာတခုတည်းကိုပဲ ဓာတ်ရောင်ခြည် က ထိတဲ့အတွက် ကုသမှုပိုပြီး ထိရောက်ပါတယ်”ဟု ယင်းကဆိုသည်။

ရန်ကုန်ဆေးရုံကြီးအနေဖြင့် အဆိုပါဓာတ်ရောင်ခြည်များကို အခမဲ့ကုသပေးနေ သည့်အပြင် ဆေးရုံပြင်ပလူနာဌာနသို့ လာရောက်ပြသသော လူနာများအား အထူးကု ဆရာဝန်မှ ကုသပေးခြင်း၊ လိုအပ်ပါကအတွင်းလူနာအဖြစ် ဆက်လက်ပို့ဆောင် ပေးခြင်းတို့ကိုပါ ပြုလုပ်ကြောင်းသိရသည်။
ယင်းအပြင် သွေးလိုသည့်လူနာများ အတွက် သွေးအရေးပေါ်ရရှိစေရန် စီစဉ် ခြင်း၊ ရောဂါရှာဖွေမှု၊ လိုအပ်သောစီတီ ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည့်အဆင့် ဆင့်ဆောင်ရွက်ရမည့် ကိစ်္စများပါမကျန် အခမဲ့ဆောင်ရွက်ပေးနေကြောင်း ဆေးရုံ အုပ်ကြီး ဒေါက်တာလှမြင့်က ရှင်းပြသည်။

“အရင် ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ WHO က ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ ချို့တဲ့တဲ့အတွက် ဆေးရုံမှာ နိုင်ငံတော်က အပြည့်အ၀မပေးနိုင်လို့ ပြည်သူထည့်ဝင်တဲ့ စရိတ်မျှပေးစနစ်နဲ့ ကုသရတယ်။ အခု အစိုးရသစ်လက်ထက်မှာ တော့ အခြေခံဆေးတွေကို အခမဲ့ပေးတဲ့အပြင် အထူးဆေးဝါးတွေကိုပါ လိုအပ် သလိုဆောင်ရွက်ပေးပါတယ်”ဟု ယင်းကပြောသည်။

ရန်ကုန်ဆေးရုံကြီးတွင် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က ဆေးဝါးသုံးစွဲ မှု ကုန်ကျငွေ (၂)ဘီလီယံရှိပြီး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် (၃)ဘီလီယံနှင့် ဓာတ်ခွဲခန်း၊ ဓာတ်မှန်တို့အတွက် အပိုထပ်ဆောင်းရရှိငွေသိန်းပေါင်း (၈)ထောင်ရရှိ ထားကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment