Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

အမြန်လမ်းသုံးခရီးသည်တင်ကားများ စောင့်ကြည့်ထိန်းချုပ်မည့် စနစ်သစ်ကြောင့် စမ်းသပ်ခံဖြစ်မည်ကို ယာဉ်လိုင်းများစိုးရိမ်နေ

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အဝေးပြေး ယာဉ်များ၌ GPS စနစ်တပ်ဆင်ပြီး ထိန်းချုပ်ရေးစင်တာမှ စောင့် ကြည့်မည့်စနစ်သည် ယာဉ်လိုင်း များ ငွေကြေးကုန်ကျမှုများပြီး စမ်းသပ်ခံဖြစ်မည်ကို စိုးရိမ်မှုများရှိနေ ကြောင်း သတင်းရရှိသည်။

၂၀၁၅ ဇန်နဝါရီ ၁ ရက်တွင် စတင်တပ်ဆင်နေသည့် GPS စနစ်သုံး Telematics စနစ်တပ် ဆင်ရန် အဝေးပြေးယာဉ်လိုင်း များလျှောက်လွှာတင်နေရပြီး ကုမ္ပဏီက စက်ကိရိယာများကို အမြန်လမ်းတစ်လျှောက် တပ် ဆင်နေပြီဖြစ်ကြောင်း B’SMART Telematics Myanmar ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အထက်ပါစနစ်ကိုတပ်ဆင် ရာတွင် ကားပိုင်ရှင်က အစိုးရသို့ ကားတစ်စီးလျှင် တစ်လ နှစ် သောင်းငါးထောင်ကျပ်ဖြင့် အသုံးပြုနေ သမျှကာလပတ်လုံး ပေးရမည် ဖြစ်ပြီး အစိုးရထံမှ ကုမ္ပဏီက တပ်ဆင်ခတစ်စီးလျှင် နှစ်သောင်းကျပ်ရမည်ဖြစ်သည်။ ထိုအတွက် ကုမ္ပဏီဘက်မှ အမေရိကန်ဒေါ် လာ ၂ ဒသမ ၂ သန်း ကျော်ရင်းနှီးမြှုပ်နှံထားကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးညီညီမောင်ကပြောသည်။

‘‘အခုစနစ်က ယာဉ်မောင်း တွေကိုထိန်းချုပ်နိုင်တယ်။ ယာဉ် တွေကိုထိန်းချုပ်နိုင်တယ်။ မော် တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာတွေကို အချိန်မီလုပ် ဆောင်နိုင်တယ်။ ဒါကြောင့် ဆုံး ရှုံးမှုတွေမဖြစ်နိုင်တော့ဘူး။ စည်း ကမ်းထိန်းသိမ်းနိုင်တယ်။ ကယ် ဆယ်ရေးလုပ်ငန်းတွေကို အမြန် ဆုံးလုပ်နိုင်အောင်ထိန်းချုပ်နိုင် မယ်’’ဟု ၎င်းကဆက်လက်ပြောသည်။

ရန်ကုန်မြို့ရှိ တက္ကစီများကို မဖြစ်မနေ မီတာဝယ်ယူတပ်ဆင် စေပြီး နောက်ပိုင်းတွင် စစ်ဆေးမှု မရှိတော့ဘဲ ပြုလုပ်ခဲ့ စဉ်ကကဲ့သို့ ယခုအကြိမ်တွင်လည်း ကားပိုင် ရှင်များ စမ်းသပ်ခံဖြစ်ပြီးငွေကုန် ကြေးကျများသည်ကို စိုးရိမ်နေသည်။

မြန်မာနိုင်ငံတွင် အင်တာ နက်မြန်နှုန်း နှေးသောကြောင့် ယင်းစနစ်ကို ၂၀၁၅ စက်တင်ဘာ တွင်အကောင်အထည်ဖော်ရန် သဘောတူ ထားသော်လည်း ယခု အမြန်ဖြစ်အောင် ဖိအားပေး ဆောင်ရွက်ခြင်းမှာ အကျိုးစီးပွား များနှင့် ငွေရရှိရေးကိုသာအလေး ထားနေကြောင်း မထသ(အောင် မင်္ဂလာအဝေးပြေး)ဥက္ကဋ္ဌ ဦးမျိုး ဝင်းကပြောသည်။

‘‘အခု ဘယ်လိုဖိအားတွေ ကြောင့် ယာဉ်ပိုင်ရှင်တွေဒုက္ခကို ထည့်မတွက်ဘဲ လုပ်နေရတယ်ဆို တာမသိဘူး။ ဒီလောက်ကုန်ကျ စရိတ်တွေများပြီးမှ ရန်ကုန်က တက္ကစီမီတာတွေလို အကျိုးမရှိ ဘဲစမ်းသပ်ခံဖြစ်သွားမှာကို စိုးရိမ်တယ်’’ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ထိုစနစ် တပ်ဆင်ပြီး မောင်းနှင်ခြင်း အတွက်ဥပဒေ၊ နည်းဥပဒေများမရှိခြင်းကို သတိထားရန်လိုကြောင်း ၎င်းကပြောသည်။

‘‘ကောင်းတယ်၊ မကောင်း ဘူးဆိုတာ မသုံးရသေးလို့ပြောလို့ မရသေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုင်ရှင်တွေက သိပ်စိတ်မဝင်စား ဘူး’’ဟု ရွှေစင်စကြ်ာယာဉ်လိုင်းမှ အထွေထွေမန်နေဂျာဦးတင်ဦးက ပြောသည်။
http://7daydaily.com/story/28478#.VKdx53s9THR

No comments:

Post a Comment