Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ကိုယ်ဝန်ဖျက်ချပြီး ကလေး အလောင်းအား စွန့်ပစ်ခဲ့ကြသူ အမျိုးသမီး(၃)ဦးကို အရေးယူ


ရန်ကုန်၊ ဇန်န၀ါရီ ၁၆

၁၅.၁.၂၀၁၅ ရက်နေ့ ၂၀၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွေပေါကံ္က နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေပေါကံ္က၊ (၁၂)ရပ်ကွက်အတွင်း အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျပြီး ကလေးအလောင်းအား စွန့်ပစ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ အသက်
(၃၃)နှစ်ရှိ အမျိုးသမီးသည် အရပ်လက်သည် အသက်(၅၀)နှစ်ရှိ အမျိုးသမီးဖြင့် ကိုယ်ဝန် အားဖျက်ချခဲ့ပြီး မွေးကင်းစ ယောင်္ကျာလေး အလောင်းအား အသက်(၄၇)နှစ်ရှိ အမျိုးသမီးမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ကာ အိမ်သာအတွင်းသို့ စွန့်ပစ်ခဲ့ကြောင်း၊ ကလေးဖျက်ချသူ အမျိုးသမီးမှာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ ကိုယ်ဝန်ဖျက်ချပြီး ကလေးအလောင်းအား စွန့်ပစ်ခဲ့ကြသူ အမျိုးသမီး (၃)ဦးကို ရွှေပေါကံ္ကနယ်မြေရဲစခန်း(ပ)၁၀/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၁၈/၃၁၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment