Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 23, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို ၅ နှစ် နိုင်ငံရေးမလုပ်ရန် လွှတ်တော်ဆုံးဖြတ်

ဓာတ်ပုံ (အီးပီအေ) 
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို နိုင်ငံရေးနဲ့ ၅ နှစ်ကင်းကွာအောင် နေဖို့နဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့  စွဲဆိုသွားဖို့ အမျိုးသား ဥပဒေပြု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဥပဒေပြုလွှတ်တော် အဖွဲ့ဝင် ၂၂၀ မဲပေးခဲ့ရာမှာ ယင်းလပ်ကို စွပ်စွဲပြစ်တင်ဖို့ ဆန္ဒမဲ ၁၉၀ နဲ့ ကန့်ကွက်မဲ ၁၈ မဲ ရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းစာက ရေးပါတယ်။ ယင်းလပ်နဲ့အတူ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးကိုလည်း စွပ်စွဲ ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ယင်းလပ်အစိုးရရဲ့ အရှုံးပေါ်နေတဲ့ ဆန်ကိစ္စနဲ့ပတ်သက်ပြီး ပေးထားတဲ့ကတိအတိုင်း အကောင်ထည်ဖော်နိုင်ခဲ့ခြင်း မရှိသလို အကျင့်ပျက်ခြစားမှု မရပ်တန့်နိုင်တဲ့အတွက် ယင်းလပ် အပေါ် စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု စွဲဆိုချက်ကြောင့် ဆယ်စုနှစ်နီးပါး ထောင်ဒဏ် ကျခံရနိုင်တယ်လို့လည်း နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က ဆန်မူဝါဒဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ယင်းလပ်က ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆန်ကိစ္စနဲ့ပတ်သက်တဲ့ အစီအစဉ်ဟာ ဘတ် ဘီလီယံ ၅၀၀ အရှုံးပေါ်ခဲ့တယ်လို့ ဘဏ္ဍရေး ၀န်ကြီးက ထောက်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးချက်တွေကို တိုတုတ်အောင် ဖြတ်တောက် ဆွေးနွေးမှုနဲ့ ဖွဲ့စည်းပုံကို မတော်တရော်ပြင်ဆင်တာကို သည်းခံစောင့်ကြည့်တဲ့အတွက် လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးကို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78271

No comments:

Post a Comment