Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

ရုရှားသူလျှိုနှစ်ဦးကို အာရှနွယ်ဖွား လူငယ်တစ်ဦးက သတ်ဖြတ်ခဲ့သည့် ဗီဒီယို (ရုပ်/သံ)



 ရုရှားသူလျှိုနှစ်ဦးကို အာရှနွယ်ဖွား လူငယ်တစ်ဦးက သတ်ဖြတ်ခဲ့သည့် ဗီဒီယိုပြကွက်ကို ISIS က အွန်လိုင်းပေါ် တင်ခဲ့

ဒမတ်စကတ် ၊ ၁၅-၁-၂၀၁၅

ISIS စစ်သွေးကြွ များသည် ရုရှား အစိုးရ အတွက် သူလျှို လုပ်ပေးသူ နှစ်ဦးကို အာရှနွယ်ဖွား လူငယ်တစ်ဦးက သတ်ဖြတ်ခဲ့သည့် ဗီဒီယို ပြကွက်များ ကို ယမန်နေ့တွင် အွန်လိုင်းပေါ်သို့ တင်ခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြား ထားသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်မှု အဖွဲ့၏ အဆိုအရ ယင်း ဗီဒီယိုပြကွက် နှစ်ခုကို လက်ခံရရှိ ခဲ့ကြောင်း၊ လက်ခံ ရရှိခဲ့သည့် ဗီဒီယိုပြကွက် များအနက် ပထမတစ်ခုမှာ လူငယ် တစ်ဦးက သူလျှိုဟု စွပ်စွဲခံရသူ နှစ်ဦးကို သတ်ဖြတ်ထားခြင်း ပါဝင်ကြောင်း နှင့် ဒုတိယပြကွက် တွင်မူ အဆိုပါ သူလျှိုဟု စွပ်စွဲခံထား ရသူများက ၄င်းတို့၏ လုပ်ဆောင်ချက်များ အတွက် အပြစ်ဝန်ခံ ထားခြင်းများ ပါဝင်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ သူလျှိုဟု စွပ်စွဲခံထားရ သူများကို သတ်ဖြတ်ခဲ့သည့် လူငယ်မှာ မည်သည့် နိုင်ငံသား ဖြစ်ကြောင်းကို အတိအကျ ထုတ်ပြန် ထားခြင်း မရှိသော်လည်း ယင်းလူငယ်သည် အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ် အတွင်း ရှိကြောင်း သိရသည်။

ဆီးရီးယား နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်မှု အဖွဲ့၏ ထုတ်ပြန်ချက်များ အရ ဖမ်းဆီးခံရသည့် ရုရှား နှင့် ကာဇက်စတန် နိုင်ငံသား များသည် ယင်းနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်း တိုက်ခိုက်လျက် ရှိသည့် ရုရှားစစ်သွေးကြွ များ၏ သတင်းကို ရယူရန် အတွက် လုပ်ဆောင်ခဲ့ရာမှ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

ရုရှား အစွန်းရောက် အဖွဲ့ဝင် ၁၉ ဦးသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက တူရကီနိုင်ငံ ကို ဖြတ်ကျော်၍ ဆီးရီးယားနိုင်ငံ အတွင်းရှိ စစ်သွေးကြွ များနှင့် ပူးပေါင်းခဲ့ကြောင်း၊ ထို့ပြင် အမေရိကတိုက် နှင့် ဥရောပ နိုင်ငံများမှ စစ်သွေးကြွ များကလည်း အဆိုပါ စစ်သွေးကြွ များနှင့် လွန်ခဲ့သည့် နှစ်များအတွင်းက သွားရောက် ပူးပေါင်း ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် အမေရိကန် ပြည်ထောင်စု က ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့များသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ စစ်သွေးကြွ များကို လေကြောင်း မှတစ်ဆင့် ဗုံးကြဲတိုက်ခိုက် ရလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/01/isis_14.html

No comments:

Post a Comment