Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 18, 2015

သံတြဲတြင္ တစ္ကိုယ္ေတာ္ ဆႏၵျပသူ ကိုေစာေ၀ ဖမ္းဆီးထိန္းသိမ္းခံရ

“ Give Back Our Land” အမည္ပါ ဆိုင္းဘိုးႏွင့္ ယင္းစာသားပါ တီရွပ္ကို ၀တ္ဆင္ျပီး သံတြဲတြင္ တစ္ကိုယ္ေတာ္ ဆႏၵျပသူ ကိုေစာေ၀အား ရဲက ဖမ္းဆီးထိ္န္းသိမ္းလိုက္ေၾကာင္း သတင္း ရရွိသည္။
ကုိေစာေ၀သည္ ဇန္န၀ါရီလ ၁၈ ရက္ေန႕ ေန႕လယ္ ၁ နာရီ ၄၅ မိနစ္က သံတြဲျမိဳ႕ ဟုိတယ္ဇုန္ရွိ Hilton ငပလီ ဟိုတယ္ေရွ႕မွ စတင္ကာ တစ္ကိုယ္ေတာ္ ဆႏၵျပခ်ီတက္စဥ္ သံတြဲျမိဳ႕ ဗိုလ္တဲေရွ႕သို႕ ေရာက္ရွိလာစဥ္ ရဲက ဖမ္းဆီးလိုက္ျခင္း ျဖစ္သည္။
အဖမ္းမခံရမီ နိရဥၥရာက ဆက္သြယ္ေမးျမန္းရာ ဆႏၵျပရသည့္ အေၾကာင္းအရင္းကို သူက ယခုလို ရွင္းျပသည္။
“ သံတြဲမွာ ေဒသခံျပည္သူေတြပိုင္ဆိုင္တဲ့ လယ္ေျမေတြ ေတာ္ေတာ္မ်ားမ်ားကို အာဏာပိုင္ေတြနဲ႕ ခရိုနီေတြက မတရား သိမ္းပိုက္ျပီး ဟိုတယ္ေတြေဆာက္လုပ္ထားၾကတယ္။ ဒီလယ္ေျမေတြဟာ က်ေနာ္တို႕ ေဒသခံ ျပည္သူေတြ ပိုင္ဆိုင္ထားတဲ့ ေျမေတြ ျဖစ္တဲ့ အတြက္ Give Back our lands စာသားကိုေရးျပီး ဆႏၵျပေတာင္းဆိုရတာပါ” ဟု သူက ဆိုသည္။
ကိုေစာေ၀သည္ မတရားသိမ္းဆည္းထားေသာ ေျမသိမ္းယာသိမ္း အခု ျပန္ေပးဟု ေတာင္းဆို ဆႏၵျပခဲ့သည္။
ယင္းသိမ္းပိုက္ေျမမ်ားမွာ ငပလီကမ္းေျခတစ္ေလွ်ာက္တြင္ ျဖစ္ေၾကာင္း သူကဆက္ဆိုသည္။
“ ငပလီကမ္းေျခမွာေတာ့ စစ္တပ္က သိမ္းထားတယ္။ ငပလီနဲ႕ တစ္ဆက္တည္းရွိတဲ့ ဆင္ၾကပ္ေက်းရြာမွာ စစ္တပ္ပတ္သက္တဲ့ ခရိုနီ တရုတ္ သူေဌးေတြက သိမ္းထားတယ္။ ညိညင္ေက်းရြာအုပ္စု ကင္းလိပ္ကၽြန္းမွာ ေထာက္လွမ္းေရး (၁၀) ေပါ့ သူတို႕ေခတ္က ဗိုလ္မွဴး သိမ္းထားတာေတြရွိတယ္။ ခလရ ၅၅ က သိမ္းထားတာေတြရွိတယ္” ဟု ဆိုသည္။
သံတြဲ ငပလီ ကမ္းေျခတြင္ ေျမမ်ားကို ပထမဆံုးသိမ္းယူသူမွာ ယခင္ အေနာက္ပိုင္းတိုင္း တိုင္းမွဴး ဗိုလ္ခ်ဳပ္၀င္းျမင့္ ျဖစ္ေၾကာင္း၊ အသိမ္းခံရသည့္ အေကာင္းဆံုးေျမမွာ ဇီးျဖဴကုန္းရြာျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ပိုင္ လူရည္ခၽြန္စခန္းအနီးမွ ေျမမ်ားကိုလည္း ယခုအခါ ခရိုနီမ်ားက မိဘထံမွ အပိုင္ရသလိုမ်ိဳး ဟိုတယ္မ်ားေဆာက္ထားေၾကာင္း၊ ေဒသခံ ျပည္သူမ်ားမွာ ေလ်ာ္ေၾကးလည္း မရေၾကာင္း သူက ေျပာဆိုသည္။
ယခုလို ဆႏၵျပေတာင္းဆို၍ သိမ္းဆည္းေျမမ်ားအား ျပန္ရႏိုင္စရာ ရွိပါသလားဟု ေမးျမန္းရာသူက ယခုလို ဆက္လက္ေျပာဆိုသည္။
“ ဆႏၵျပတဲ့ အတြက္ ေနာက္ဆံုးမွာ အမွန္တရားက အႏိုင္ရမွာဘဲ။ ျပန္ေပးကို ေပးရလိမ့္မယ္။ ဒါဟာ ျပည္သူေတြရဲ႕ အခြင့္အေရး၊ ေလာကရဲ႕ သစၥာတရားဘဲ၊ မေပးရင္လည္း ေစာေ၀လို လူေတြေနာက္ထပ္ အမ်ားၾကီး ေပၚေပါက္ လာလိမ့္အံုးမယ္” ဟု ဆိုသည္။
ဆႏၵျပ၍ အဖမ္းခံရမည္ကို ေၾကာက္ေၾကာင္း၊ မည္သူမဆို ေၾကာက္ၾကမည္ ျဖစ္ေၾကာင္း၊ သို႕ေသာ္လည္း မလုပ္မျဖစ္၍ လုပ္ရျခင္း ျဖစ္ေၾကာင္း ကိုေစာေ၀က ဆက္လက္ ေျပာဆုိသည္။
ကုိေစာေ၀အား ညေန ၄ နာရီ ၄၀ မိနစ္ခန္႕တြင္ ဖမ္းဆီးထိန္းသိမ္းခဲ့သည္။ နိရဥၥရာ သံတြဲ သတင္းေထာက္မွ သက္ဆိုင္ရာ ရဲတာ၀န္ရွိသူ ေမးျမန္းရာ ယခု မအားလပ္ေသးသျဖင့္ ေနာက္မွ ေမးျမန္းရန္ ေျပာဆိုခဲ့သည္ဟု သိရသည္။
ကိုေစာေ၀သည္ သံတြဲဇာတိ ျဖစ္ျပီးယခင္ကလည္း တစ္ကိုယ္ေတာ္ ဆႏၵျပမႈေၾကာင္း (၃) ၾကိမ္တိတိ ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရဖူးသည္ဟု သိရသည္။
http://www.narinjara.com/burmese/?p=13383
..................................................
“ Give Back Our Land” အမည်ပါ ဆိုင်းဘိုးနှင့် ယင်းစာသားပါ တီရှပ်ကို ဝတ်ဆင်ပြီး သံတွဲတွင် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုစောဝေအား ရဲက ဖမ်းဆီးထိ်န်းသိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

ကိုစောဝေသည် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်က သံတွဲမြို့ ဟိုတယ်ဇုန်ရှိ Hilton ငပလီ ဟိုတယ်ရှေ့မှ စတင်ကာ တစ်ကိုယ်တော် ဆန္ဒပြချီတက်စဥ် သံတွဲမြို့ ဗိုလ်တဲရှေ့သို့ ရောက်ရှိလာစဥ် ရဲက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

အဖမ်းမခံရမီ နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ဆန္ဒပြရသည့် အကြောင်းအရင်းကို သူက ယခုလို ရှင်းပြသည်။

“ သံတွဲမှာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ လယ်မြေတွေ တော်တော်များများကို အာဏာပိုင်တွေနဲ့ ခရိုနီတွေက မတရား သိမ်းပိုက်ပြီး ဟိုတယ်တွေဆောက်လုပ်ထားကြတယ်။ ဒီလယ်မြေတွေဟာ ကျနော်တို့ ဒေသခံ ပြည်သူတွေ ပိုင်ဆိုင်ထားတဲ့ မြေတွေ ဖြစ်တဲ့ အတွက် Give Back our lands စာသားကိုရေးပြီး ဆန္ဒပြတောင်းဆိုရတာပါ” ဟု သူက ဆိုသည်။

ကိုစောဝေသည် မတရားသိမ်းဆည်းထားသော မြေသိမ်းယာသိမ်း အခု ပြန်ပေးဟု တောင်းဆို ဆန္ဒပြခဲ့သည်။

ယင်းသိမ်းပိုက်မြေများမှာ ငပလီကမ်းခြေတစ်လျောက်တွင် ဖြစ်ကြောင်း သူကဆက်ဆိုသည်။

“ ငပလီကမ်းခြေမှာတော့ စစ်တပ်က သိမ်းထားတယ်။ ငပလီနဲ့ တစ်ဆက်တည်းရှိတဲ့ ဆင်ကြပ်ကျေးရွာမှာ စစ်တပ်ပတ်သက်တဲ့ ခရိုနီ တရုတ် သူဌေးတွေက သိမ်းထားတယ်။ ညိညင်ကျေးရွာအုပ်စု ကင်းလိပ်ကွန်းမှာ ထောက်လှမ်းရေး (၁၀) ပေါ့ သူတို့ခေတ်က ဗိုလ်မှူး သိမ်းထားတာတွေရှိတယ်။ ခလရ ၅၅ က သိမ်းထားတာတွေရှိတယ်” ဟု ဆိုသည်။

သံတွဲ ငပလီ ကမ်းခြေတွင် မြေများကို ပထမဆုံးသိမ်းယူသူမှာ ယခင် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့် ဖြစ်ကြောင်း၊ အသိမ်းခံရသည့် အကောင်းဆုံးမြေမှာ ဇီးဖြူကုန်းရွာဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် လူရည်ခွန်စခန်းအနီးမှ မြေများကိုလည်း ယခုအခါ ခရိုနီများက မိဘထံမှ အပိုင်ရသလိုမျိုး ဟိုတယ်များဆောက်ထားကြောင်း၊ ဒေသခံ ပြည်သူများမှာ လျော်ကြေးလည်း မရကြောင်း သူက ပြောဆိုသည်။

ယခုလို ဆန္ဒပြတောင်းဆို၍ သိမ်းဆည်းမြေများအား ပြန်ရနိုင်စရာ ရှိပါသလားဟု မေးမြန်းရာသူက ယခုလို ဆက်လက်ပြောဆိုသည်။

“ ဆန္ဒပြတဲ့ အတွက် နောက်ဆုံးမှာ အမှန်တရားက အနိုင်ရမှာဘဲ။ ပြန်ပေးကို ပေးရလိမ့်မယ်။ ဒါဟာ ပြည်သူတွေရဲ့ အခွင့်အရေး၊ လောကရဲ့ သစ္စာတရားဘဲ၊ မပေးရင်လည်း စောဝေလို လူတွေနောက်ထပ် အများကြီး ပေါ်ပေါက် လာလိမ့်အုံးမယ်” ဟု ဆိုသည်။

ဆန္ဒပြ၍ အဖမ်းခံရမည်ကို ကြောက်ကြောင်း၊ မည်သူမဆို ကြောက်ကြမည် ဖြစ်ကြောင်း၊ သို့သော်လည်း မလုပ်မဖြစ်၍ လုပ်ရခြင်း ဖြစ်ကြောင်း ကိုစောဝေက ဆက်လက် ပြောဆိုသည်။

ကိုစောဝေအား ညနေ ၄ နာရီ ၄ဝ မိနစ်ခန့်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ နိရဥ္စရာ သံတွဲ သတင်းထောက်မှ သက်ဆိုင်ရာ ရဲတာဝန်ရှိသူ မေးမြန်းရာ ယခု မအားလပ်သေးသဖြင့် နောက်မှ မေးမြန်းရန် ပြောဆိုခဲ့သည်ဟု သိရသည်။

ကိုစောဝေသည် သံတွဲဇာတိ ဖြစ်ပြီးယခင်ကလည်း တစ်ကိုယ်တော် ဆန္ဒပြမှုကြောင်း (၃) ကြိမ်တိတိ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရဖူးသည်ဟု သိရသည်။

No comments:

Post a Comment