Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

သီရိလင်္ကာ လက်ရှိ သမ္မတ ရွေးကောက်ပွဲ ရှုံးနိမ့်

မဟင်ဒါရာဂျာပတ်ဆာ
သီရီလင်္ကာနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မဟင်ဒါရာဂျာပတ်ဆာက ရှုံးနိမ့်ကြောင်း ၀န်ခံလိုက်တယ်လို့ သမ္မတရုံးက ပြောပါတယ်။

နိုင်ငံရေးမှာ ဆယ်စုနှစ်တခုကြာ လွှမ်းမိုးခဲ့တဲ့ ရာဂျာပတ်ဆာဟာ  ကျန်းမာရေးဝန်ကြီး မိုသရီပလာသီရိဆီနာရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲရလဒ်တွေကို တရားဝင်ထုတ်ပြန်တာ မရှိသေးပေမယ့် ပြိုင်ဘက် သမ္မတလောင်း သီရိဆီနာက  အနိုင်ရဖို့ လိုအပ်တဲ့ ဆန္ဒမဲ အရေအတွက်  ၅၀ ရာခိုင်နှုန်းရရှိနေတယ်လို့ ခန့်မှန်းမဲရလဒ်တွေက ပြသနေပါတယ်။

ထုတ်ပြန်ချက်က အာဏာကို ရှောရှောရှူရှူလွဲပေးသွားမှာ ဖြစ်သလို ရာဂျာပတ်ဆာက သမ္မတ အိမ်တော်ကနေ ထွက်ခွာသွားပြီလို့လည်း ဆိုပါတယ်။

ရာဂျာပတ်ဟာ သမ္မတ သက်တမ်း ၃ ကြိမ်မြောက်အဖြစ် ၀င်အရွေးခံခဲ့တာ ဖြစ်သလို ဆယ်စုနှစ်များစွာ တိုက်ခိုက်လာတဲ့ တမီးလ်ခွဲထွက်ရေးသူပုန်တွေနဲ့ ၂၀၀၉ ခုနှစ်မှာ  ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76397

No comments:

Post a Comment