Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 1, 2015

သြစတြေးလျနိုင်ငံ ကွင်းစလန်းမြို့ နှစ်သစ်ကူးည ပျော်ပါးသောင်းကျန်းလွန်းသူ ၆၀၀ကျော်ကို ဖမ်းဆီးလိုက်ရ


Written by Mizzima News
သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးနှင့် တတိယမြောက် လူဦးရေအများဆုံး ကွင်းစလန်းမြို့ တွင် နှစ်သစ်ကူးအကြိုညက ဓားထောက်လုယက်မှုများ၊ သောင်းကျန်းလွန်း၍ လူ ၆၀၀ကျော်ဖမ်းဆီးလိုက်ရခြင်းနှင့် တိုက်အမိုးစွန်မှ ခုန်ချခြင်းတို့ ကြောင့် အကျည်းတန် ရုပ်ဆိုးစွာ နှစ်သစ်သို့ ကူးပြောင်းခဲ့ရသည်။
Image and video hosting by TinyPic
ဘရစ်ဘန်းပြည်နယ်၏ အကြီးဆုံးမြို့ ဖြစ်သည့် ကွင်းစလန်းသို့ နှစ်ကူးညပျော်ရွင်ပွဲသို့ လာရောက်သူပေါင်းတွင် ပထမတွင် ခန့်မှန်း ၅၀၀၀၀ကျော်ရှိရာမှ အချိန်နီးလာသည်နှင့်အမျှ တိုးလာကာ ၈၀၀၀၀ကျော်အထိသို့ ရောက်ရှိခဲ့ကြောင်း ကွင်းစလန်ရဲဌာနက ပြောသည်။
သောင်းကျန်းလွန်သဖြင့် အမှုစုံဖြင့် ဖမ်းဆီးခဲ့ရသူပေါင်းမှာ လူပေါင်း ၆၃၀ကျော်ရှိသွားသည်။ လူတစ်ဦးသည်လည်း ထိန်းမနိုင်သိမ်းမရ သောင်းကျန်းလွန်းသဖြင့် ဖမ်းဆီးခဲ့ရကာ ရဲများကို ပုလင်းဘူးခွံများဖြင့် ပစ်ပေါက်ခြင်းများလည်းရှိခဲ့သည်။
မနှစ်က နှစ်ကူးအတိုင်းပင် ပွဲတော်မှာ စည်ကားသလို ဝရုန်းသုန်းကားအခြေအနေမှာလည်း မနှစ်ကအတိုင်းပင်ဖြစ်သည်ဟု ရဲဌာနအကြီးအကဲ အန်းစတီးဝပ်ကပြောခဲ့သည်။ ” ကွင်းစလန်းမြို့သားတွေရဲ့ ၉၉ ရာခိုင်နှုန်းကတော့ ပုံမှန်ပျော်ရွှင်ကြတာပါ။ ဒါပေမယ့် တစ်ရာခိုင်နှုန်းက အလွန်အကျုးတွေဖြစ်ကြတယ်။ ဒါကြောင့် မူးယစ်သောင်းကျန်းပြီး ခိုက်ရန်ဖြစ်မှုတွေကြောင့် လူခြောက်ရာကျော်ကို ဖမ်းဆီးလိုက်ရတယ်။”ဟု ၎င်းကပြောသည်။
ထိုပြင်ဓားထောက်ဓားပြတိုက်မှုတစ်ရပ်ဖြစ်ပွား၍ လူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ရသည်။ ည ၉နာရီခွဲအချိန်တွင် ကားတွင်းက လူနှစ်ဦးက လမ်းပေါ်သွားနေသည့် လူနှစ်ဦးထံ ချဉ်းကပ်လာခဲ့ကြောင်း၊ တစ်ဦးက ဓားထုတ်ကာ ၎င်းတို့ နှစ်ဦးကို ထောက်၍ ပိုက်ဆံပေးရန် ခြိမ်းခြောက်တောင်းကြောင်း၊ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ကြောင်း၊ ကင်းလှည့်ရဲများရောက်လာ၍ ဖမ်းလိုက်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းသို့ လုယက်သူနှစ်ဦးတွင် ကြံရာပါဖြစ်သည့်သူ ဒဏ်ရာရ၍ ဆေးရုံသို့ တင်ပို့ လိုက်ရသည်။ ယင်းဓားကိုင်ပိုက်ဆံ ခြိမ်းခြောက်သူ နှစ်ဦးကိုလည်း ပြစ်မှုအတွက် စစ်ဆေးနေပြီဖြစ်သည်။
နောက်ထပ်ဖြစ်ပွားမှုမှာ အဆောက်အအုံအမိုးစွန်မှ လူတစ်ဦးသောင်းကျန်းလွန်ပြီး ခုန်ချခြင်းဖြစ်သည်။ ဗာစီတီအိုင်ကြီးနားရှိ အဆောက်အအုံတစ်ခုပေါ်မှ အသက် ၂၅နှစ်ရှိ အမျိုးသားတစ်ဦးက နှစ်သစ်ကူး နံနက် ၃နာရီခန့် တွင် ခုန်ချခြင်းဖြစ်၍ ခြေထောက်နှင့် ခေါင်းတို့ တွင် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံသို့ တင်ပို့ ခဲ့ရသည်။
ဆူပူသောင်းကျန်းလွန်းသည့် ပါတီပွဲတစ်ပွဲကလည်း ရဲက ပိတ်သိမ်းခိုင်းခဲ့ရသည်။ ဘရာဆောဒေသတွင်လည်း အများပြည်သူအထိတ်တလန့် ဖြစ်စေမှုနှင့် ရဲလုပ်ငန်းအနှောင့်အယှဉ်ဖြစ်စေမှုတို့ ဖြင့် လူတစ်ဦးကို ဖမ်းခဲ့ရပြန်သည်။ ယာဉ်တိုက်မှုများလည်း အများအပြားပင်ဖြစ်ပွားခဲ့သည်။ နယူးဆောက်ဝေးလ်မြောက်ပိုင်းတွင် အသက် ၇၉နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့သည်။ ယာဉ်မောင်းဖြစ်သူအား မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိကို စစ်ဆေးရန် ဖမ်းဆီးသွားခဲ့သည်။
ကွင်းစလန်မြို့တွင် ယင်းသို့  လူပေါင်း ၆၀၀ကျော်အား ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်း၊ ယာဉ်တိုက်မှုများ၊ ဓားပြတိုက်မှုများဖြင့် ရဲများအလုပ်ရှုပ်ခဲ့ကြရသလို နှစ်သစ်ကူးညသည်လည်း အကျည်းတန်မှုများ ဖြစ်ခဲ့ရသည်။
Ref: ABC
Mizzima

No comments:

Post a Comment