Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

တရုတ် ဆယ်ကျော်သက် ကျောင်းသူများ မမျိုးဥများကို ရောင်းချလျက်ရှိ


ပေကျင်း ၊ ၁၅-၁-၂ဝ၁၅

တရုတ်နိုင်ငံမှ ဆယ်ကျော်သက် အရွယ် ကျောင်းသူ မိန်းမပျို လေးများသည် ၄င်းတို့၏ မမျိုးဥများကို ရင်သွေး မရနိုင်သည့် စုံတွဲ များထံသို့ ယွမ်ငွေ ထောင်ပေါင်း များစွာဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ရောင်းချ နေမှုများသည် အန္တရာယ် ဖြစ်ပေါ် စေနိုင်ကြောင်း ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူ များက သတိပေး ပြောကြား ထားသည်။

မမျိုးဥ ရောင်းချနေသူ မိန်းကလေး များမှာ အသက်အရွယ် အားဖြင့် ၂ဝ နှစ် ဝန်းကျင်များ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ အသက် ၂ဝ နှစ်အရွယ် မိန်းကလေး များ၏ မမျိုးဥ များသည် သန္ဓေတည်ရန်အ တွက် အကောင်းဆုံး အသက်အရွယ် ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း တောင်တရုတ် မောနင်းပို့စ် သတင်းစာတွင် ရေးသား ဖော်ပြ ထားသည်။

အဆိုပါ မိန်းကလေး များသည် ၄င်းတို့၏ ပညာ အရည်အချင်း နှင့် ရုပ်ရည် ချောမောမှု အပေါ် မူတည်၍ ၄င်းတို့၏ မမျိုးဥများကို ယွမ် ၃ဝဝဝဝ နှင့် ယွမ် ၁ဝဝဝဝဝ ကြား ငွေပမာဏဖြင့် ရောင်းချခြင်း ဖြစ်သည်ဟု သိရသည်။

#PyiChitThar
http://www.pyichitthar.com/2015/01/blog-post_32.html

No comments:

Post a Comment