Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ဝန်ကြီးချုပ်ကတော် ကက်သရင်း ဂွက်ထော်

သူမဘဝကို အရောင်စုံ လောကဓံ၏လက်သို့အပ်၊ ပန်းချီကားတစ်ချပ်ကဲ့သို့ ရေးဆွဲခဲ့ရလိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားခဲ့။ ထိုသူမဆိုသည်မှာကား တစ်ချိန်က ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဦးဗဆွေ၏ဇနီး ဒေါ်နုနုဆွေပင်ဖြစ်သည်။ အဘွားက သူမ၏ခင်ပွန်းမဆုံးမီအချိန်က ပြောကြားခဲ့သော စကားကို ယနေ့ထိ မမေ့နိုင်သေးပေ။
”နင်တို့ ငါ့ရဲ့ရာထူး၊ ဂုဏ်ကို အခုမခံစားခဲ့ရသေးတော့ ငါ့ရဲ့တန်ဖိုးကို မသိသေးဘူး။ ဒါပေမဲ့ တစ်နေ့ နားလည်လိမ့်မယ်လို့ သူပြောခဲ့ဖူးတယ်”ဟု သေသေချာချာ တစ်လုံး ချင်းပြောရင်း သမီးများဖြစ်သော နေရီဗဆွေနှင့် နေစည်ဗဆွေတို့ကို တစ်ချက်ငဲ့စောင်းကြည့်ကာ ထိုစကားတစ်ခွန်းကို ယခုအချိန်မှ နားလည်ခဲ့ရပြီ ဆိုသည့် အကြော င်းြေ ပာပြနေသည်။ သူမသည် ယခုအချိန်တွင် အသက် ၉၃ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း အတိတ်ကာလ၏ ကောင်းမှု၊ ဆိုးမှု၊ လောက၏ အနိမ့်အမြင့်တို့ကို တည်ငြိမ် စွာပြ န်ပြောင်း ပြောပြနိုင်သေးသည်။ဆိတ်ငြိမ်ရပ်ကွက်တစ်ခု၏ ခြံဝန်းကျယ်တစ်ခုအတွင်းရှိ အိမ်ကြီးတစ်လုံးထဲတွင် ရှေးဟောင်း ပရိဘောဂ ပစ္စည်းများ၊ မြန်မာနိုင် ငံလွတ် လပ်ေ ရးကြိုးပမ်းစဉ်ကာလက သမိုင်းဝင်ခဲ့သောဓာတ်ပုံများ၊ ပန်းချီကားများနှင့်အတူ နေရာယူထားသည့် လွတ်လပ်ရေးခေတ် ဝန်ကြီးချုပ် ဦး ဗဆွေ၏ ရုပ်ပုံပန်းချီ ကား များ က တန်ဖိုးကြီးသမိုင်းဝင်အထောက်အထားများ။ တစ် ချိန်ဆီက ကျားဗဆွေဟု နာမည်ကြီးခဲ့၍လားမသိ၊ အိမ်၏နေရာအနှံ့တွင် ကျားရုပ် များဖြင့် ပြည့်နေသည်။
ငယ်စဉ်က ချမ်းသာသော မိုင်းသူဌေး မိဘများဖြစ်သည့် ဦးလှိုင်ဖူး၊ ဒေါ်ထူးရွှေတို့၏ အလိုလိုက်ချစ်ခင်မှုနှင့် လိုလေသေးမရှိ နေထိုင်ခဲ့ရပြီး နိုင်ငံရေးဆိုသည်ကို အကျွမ်း တ ဝင်မရှိခဲ့။ သို့သော် နိုင်ငံရေး သမားတစ်ဦး၏ ပါရမီဖြည့်ဖက်တစ်ဦး ဖြစ်လာသည့်အခါတွင်မူ သူမ၏ဘဝက မျှော်လင့်မထား သည့် လောကဓံအ လှည့် အပြောင်းများကို ကြုံဆုံခဲ့ရကြောင်း ပြန် လည်ပြောနေချိန်တွင်တော့ ဘာဝနာတစ်မျိုးပွားများနေသလို အသွင်ကို မြင်ရသည်။ ငယ်စဉ်က မော်လမြိုင်မြို့ရှိ အကောင်းဆုံး စိန်ဂျိုးဇက် အင်္ဂ လိပ်ကျောင်း၌ အဆောင်နေကျောင်းသူ မနန်စီလှိုင်ဖူးအဖြစ် ပညာသင်ကြားခဲ့ကြောင်းကိုတော့ သူမက ရယ်ရယ်မောမော ပြောပြခဲ့သည်။
တစ်ချိန်တွင် ဝန်ကြီးချုပ်ဖြစ်မည့် ဦးဗဆွေနှင့် စတင်တွေ့ဆုံစဉ်က တစ်ဦးနှင့်တစ်ဦး အမူအကျင့်များ မတူညီခဲ့သော်လည်း ကံတရား၏ ဆန်းကြယ်မှုကြောင့် ဆုံစည်းခဲ့ရ သည်။ ထိုစဉ်က ဗိုလ်သီဟ အမည်ခံပြီး တနင်္သာရီတိုင်းတွင် နိုင်ငံရေးလှုပ်ရှားနေသည့် ဦးဗဆွေမှာ မြိတ်မြို့တော်ဝန် သူမ၏ ဦးလေးအိမ်သို့ အကြိမ်ပေါင်း များစွာ ဝင် ထွက်သွားလာနေသော်လည်း နိုင်ငံရေးသမား တစ်ဦးမှန်း မသိရှိ ခဲ့ပေ။ ”စတွေ့တုန်းက အဘွားက ဗိုလ်ဆန်တယ်။ ကိုဗဆွေက ပြည်တွင်းဖြစ်ကို အားပေးသလိုပဲ။ အဲဒီ တုန်းက ကိုယ်လည်း သူ့ကိုစိတ်မဝင်စားဘူး။ ဝတ်လာတာက ပင်နီအင်္ကျီနဲ့ တိုက်ပုံနဲ့ ပြီးတော့ ခုံဖိနပ်ကြီးနဲ့။ အဘွားနဲ့က တခြားစီပဲ”ဟု အဘွား ဒေါ်နုနုဆွေက ဟက် ဟက်ပက်ပက် ရယ်ရင်းပြောသည်။
ယင်းကဲ့သို့ ဝင်ထွက်သွားလာနေခဲ့သောဦးဗဆွေသည် တစ်ရက်တွင် ၎င်း၏ မိဘနှစ်ပါးရှေ့၌ ”ဦးလေးကျွန်တော် ရန်ကုန်ပြန်ဦးမယ်။ ဒါပေမဲ့ ဦးလေးသမီးကို ကျွန်တော် လက်ထပ်သွားချင်တယ်” ဟု ပြောသည့်အချိန်တွင် ယခင်က ယင်းကိစ္စနှင့်ပတ်သက်၍ အနည်းငယ်မျှပင် ပြောဆိုခဲ့ခြင်း မရှိသည့်အတွက် သူမအံ့သြခဲ့ရပြီး စိတ်လှုပ် ရှားခဲ့ ရသည်ဟု ဆိုသည်။”အဲဒီခေတ်က သူများတွေက လာတောင်းရင် အားကိုးတွေနဲ့ လာတောင်းတာ။ သူက တစ်ကိုယ်တော်လာပြီးတောင်းတာ။ အဖေက အဲဒီလို သတ္တိရှိ တာကို သဘောကျပြီးတော့ လက်ခံလိုက်တာ။ အဘွားအသက် ၂၂ နှစ်မှာ လာတောင်းပြီး နောက်ထပ် ၂ နှစ်ကြာမှ လက်ထပ်ဖြစ်ခဲ့တာ။ ပုလောကအိမ်မှာ သခင်ဗ သိန်း တင် ဦးဆောင်ပြီး နောက်ပိုင်းတရားဝင် လာတောင်းတာ”ဟု သူမက ပြောပြသည်။
ထိုစဉ်အခါက နိုင်ငံရေးသမား မျိုး ချစ်တစ်ဦးဖြစ်သူ၊ လူမျိုးခြားကို အလွန် မုန်းသူ၊ ဗိုလ်ဆန်သူ မိန်းကလေးများကို ကက်သရင်းဂွက်ထော် ဆောင်းပါးများ ဖြင့် လက် သံပြောင် စွာ ဆော်ပလော်တီးနေ ခဲ့သူဦးဗဆွေနှင့် ကွန်ဗင့်ကျောင်းသူ ဗိုလ် ဆန်ဆန် သူဌေးသမီးတို့၏ မင်္ဂလာဆောင် ကို အချို့က ”မာဂရက်ဂွက်ထော်နဲ့ ညား လေသ တည်း” ဟု ပင် လှောင်ပြောင်ခဲ့ ကြောင်းကို သိမီလိုက်သူများ ပြောစကားအရ သိနိုင်သည်။ သို့သော် အိမ်ထောင်ရှင်ဘဝသည် ငယ်စဉ်ကဲ့သို့ ပန်းခင်းလမ်း မဟုတ်ခဲ့ခြင်းက သူမအ တွက် လောကဓံ၏ ရိုက်ချက်တို့ဖြင့် ယခုလိုတည်ငြိမ်လာအောင် လေ့ ကျင့်ပေးသကဲ့သို့ ဖြစ်ခဲ့သည်။

”ဂျပန်ခေတ်ဆိုတော့ တောထဲပြေး ဆိုပြေး၊ လိုက်ခဲ့ဆိုလိုက်ခဲ့၊ မမြင်ဖူးတဲ့သူ တွေနဲ့ တွေ့ရ၊ ဘာမှမရှိတဲ့ခေတ်မှာ သမီးဦးလေးကိုမွေး ရတာ၊ ဗြုတ်စ ဗျင်းေ တာင်း တွေေ ပါ့။ ယောက်ျားဖြစ်သူကလည်း ခြောက်လလောက် ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ပဲ၊ အဲဒါကို မိဘတွေသိတဲ့ အခါ နိုင်ငံရေး သမားမှန်းသိရင် မပေး စား ခဲ့ဘူး လို့ ဆိုကြတယ်”ဟု ၎င်းက ဆိုသည်။ ပထမဦးဆုံးကလေးကို တောထဲတွင်သာ မွေးခဲ့ရပြီး လင်ယောက်ျားဖြစ်သူ အနားတွင်မရှိသောကြောင့် စိတ်အားငယ်ခဲ့ရသည်။ ထိုစိတ် အားငယ်မှုကြောင့်ပင် မြတ်စွာဘုရား၏ တရားတော်များကို ပိုမို လေ့လာလိုက်စားမိခဲ့ကြောင်းကို ပြောရင်း သူမ သက်ပြင်းအနည်းငယ်ချလိုက်သည်။
”တကယ့် ကောင်းကောင်းမွန်မွန် နေရတဲ့ဘဝကနေ ထမင်းဖိုးဟင်းဖိုး မရှိတဲ့ဘဝကို ရောက်ခဲ့ရတာ။ ကိုဗဆွေကလည်း အိမ်မှာ သူတို့ ထမင်းစားရပါ့မလား လှည့်မကြ ည့်နိုင်ဘူးလေ”ဟု ညည်းတွားမှု က စိတ်မချရသော ခေတ်အခြေအနေတွင် ချစ်ခြင်းတရား နောက်စိတ်ချလက်ချ လိုက်သွားသည့်အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို မြင်ေ ယာင်ေ စသည်။ သို့သော် ကံကြမ္မာသည် အမြဲတမ်းဆိုးရွားမနေခဲ့။ ဦးဗဆွေ ဝန်ကြီးချုပ်ဖြစ်လာသောအခါတွင် လင်ယောက်ျားဖြစ်သူ၏ လက်ကိုချိတ် ၍ နိုင်ငံတကာသို့ ခရီးစဉ်များ သွားရောက်ခဲ့ရသည်။ ငယ်စဉ်က ကွန်ဗန့်ကျောင်းသူ ဖြစ်ခဲ့သည့်အတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်စွာ ပြောဆိုနိုင်သည့် သူမသည် ဝန်ကြီးချုပ်ကတော် ဘဝတွင် လည်း နိုင်ငံတကာခရီးစဉ်များ၌ ပါရမီဖြည့်နိုင်ခဲ့သည်။
ထိုစဉ်က နိုင်ငံရေးသမားတစ်ဦး၏အိမ်သည် နေ့စဉ်နှင့်အမျှ စည်ကားသိုက် မြိုက်နေခဲ့သည်။ နေ့စဉ် နေရာစုံမှ လာ ရောက်သော နိုင်ငံရေးသမားများ၊ နယ် ပယ်စုံမှ ပုဂ္ဂိုလ် များကို ထမင်းဟင်းဧည့်ခံ ကျွေးမွေးနေခဲ့ရသည်။ ထိုစဉ်က အမေရိကန်သံအမတ်ကတော် မစ္စမက်ကောနဂီ၊ မစ္စဆားသဝတ်(စ်)၊ အင်္ဂလန်သံအမတ် ကတော် လေ ဒီဂို(ရ်)ဘု(သ်) စသည့်ပုဂ္ဂိုလ်များနှင့် ပိုရင်းနှီးကျွမ်းဝင်ခဲ့သည်။ နိုင်ငံရေးတွင် ဝင်မပါသော်လည်း လူမှုရေးများတွင် ပါရမီဖြည့်ဖက် ဖြစ်ခဲ့သည်။ ထိုသို့နေ့စဉ်နှင့် အမျှ စည် ကားနေသော အိမ်ကြီးသည်လည်း တစ်ချိန်တွင် ခြောက်ကပ်တိတ်ဆိတ်ခဲ့ရပြန်သည်။ ထိုအချိန်သည်ကား ဦးနေဝင်း၏တော်လှန်ရေးကောင်စီကာလ။ လင်ယော က်ျားဖြစ် သူနှင့် သမီးများ ထောင်ကျခံခဲ့ရသည့် အချိန်သည်ကား ဒေါ်နုနုဆွေအတွက် နေမထွက်သည့်ရက်များပင် ဖြစ်ခဲ့ရသည်။
”အဲ့ဒီအချိန်က တကယ်ကို ဆိုးတယ်ပေါ့နော်။ သားသမီးတွေရော ယောက်ျား ရော ထောင်ကျသွားတယ်။ ဦးနေဝင်းရဲ့ ဇနီး ဒေါ်ခင်မေသန်းနဲ့ တော့ အရမ်းခင် တယ်လေ။ အရင်ခေတ်က နိုင်ငံရေးမှာ ဝါဒမတူလို့ မပေါင်းစည်းပေမယ့် ပုဂ္ဂိုလ်ရေးမှာကျတော့ ပုံမှန်အတိုင်းပဲ”ဟုလည်း ထိုစဉ်အခါက နိုင်ငံရေးလောက၏ တစ်စိတ်တစ်ဒေသကို သူ မက ဖွင့်လှစ်ပြခဲ့သည်။ နိုင်ငံရေးတွင် ယုံကြည်ရာ မတူခဲ့ သော်လည်း ဦးနေဝင်းက ဖုန်းအသံဖမ်းခြင်းလုပ်နေမည်ကိုလည်း ကြိုသတိပေးခဲ့သလို ဦးနေဝင်းယော က္ခ မဖြစ် သည့် ဒေါက်တာဘသန်းကိုယ်တိုင် ဦးဗဆွေ အမေရိကတွင် ခြေထောက်အကြောရောဂါကုနေစဉ် အတူလိုက်စောင့်ရှောက် ကူညီခဲ့သည့် ကျေးဇူးများကိုလည်း မချန် ထား ဘဲ ပြောပြခဲ့သည်။
စည်ကားမှုမရှိသည့် အိမ်သည် ဒေါ်နုနုဆွေအတွက်လာဘော အလာ ဘော၊ ယသော အယာသော ဆိုသည့် လောကဓံကို ယှဉ်တွဲမြင်စေခဲ့သည့် ဘဝဇာတ်ညွှန်း တစ်ခု ဖြစ်စေခဲ့သည်။ ဦးဗဆွေ ကွယ်လွန်သည် ထိလိုက်လံစောင့်ကြည့်နေသော ထောက်လှမ်းရေးသမားများကြောင့်လည်း စိတ်ညစ်ခဲ့ရသည့် သူမဘဝသည် ထိုစဉ်က ကိုးကွယ်ရာဖြစ်သော စလင်းကန်လည်ဆရာတော်၊ ဇာလီတောင်ဆရာတော်၊ နာဂလိုဏ်ဂူ ဆရာတော်၊ မင်းကွန်းဆရာတော်၊ တောင် ပုလုဆ ရာတော်၊ ရွှေဗျိုင်းနား ဆရာတော်၊ ပုပ္ပားဆရာတော်၊ ပေါက်စေတီဆရာတော် စသည့် ပုဂ္ဂိုလ်များထံတွင်သာ ချဉ်းကပ်ခဲ့ ရသည့်အတွက်တည်ငြိမ်မှု ရရှိခဲ့ခြင်းဖြစ်သည် ဟု လည်းဆိုသည်။
”အဘွားအတွက်ကတော့ အကောင်းဆုံးဘဝရော အဆိုးဆုံးဘဝနဲ့ရော နေခဲ့ရတယ်။ ၁၉၉၆ တုန်းကလည်း သေရွာပြန်တစ်ယောက် ဖြစ်ခဲ့တယ်။ တ ကယ်တော့ တွေးကြ ည့်ရင် တရားသဘောတွေပါပဲ” ဟု ပြောရင်း ဒေါ်နုနုဆွေက အဝေးကို ငေးနေသည်။ လက်ရှိအချိန်တွင် သားသမီးများမှာ နိုင်ငံရေးလောကတွင် ကျင် လည်နေသော် လည်း ”သားသမီးတွေအတွက် စိုးရိမ်မှုမဖြစ်တော့ဘူး၊ ဘာလို့လဲဆိုတော့ အားလုံးက ကိုယ့်သမိုင်းကိုယ်ရေးမှာပဲလေ”ဟု ပြောနေသည့် ၎င်းမျက်နှာပေါ်တွင် တည်ငြိမ်မှုက အပြည့်အဝနေရာယူထားသည်။
သူမပိုင်ဆိုင်ထားသော တည်ငြိမ်နေမှုသည် လောကဓံအပေါ်တွင် မှန်ကန်စွာလက်ခံတွေးခေါ်ခြင်းဖြင့် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ အဘွားအိမ်၏ ဧည့်ကြိုခန်းဝဝယ် ရတနာပုံခေတ်က ဟင်္သာကြီးနှစ်ကောင် ကို မျက်နှာချင်းဆိုင် ချထားရာ သူတို့ကို ဝေးဝေးထား၍မရ၊ ထားပါက ပြန်လည်နီးအောင် သူ့ဟာသူပူးသွားလေ့ရှိသည်တဲ့။ အ ချစ်နှင့် ဆက်နွှယ်ကြသည့် ဤလောကဝယ် ကိန္နရီ ကိန္နရာ၊ ဟင်္သာဖိုမတို့လို ကျားဗဆွေနှင့် နန်စီလှိုင်ဖူးတို့၏ ဇာတ်လမ်းလျှို့ဝှက်ချက်များစွာကိုတော့ ကာယကံရှင်များ၏ ကိုယ်ပိုင်ခံစားခွင့်များကို ကျော်လွန်၍ မသိရှိနိုင်ရာပေ။
စိုင်းလမင်း၊ ရဲလွင်
ဦးဗဆွေ ထမ်းဆောင်ခဲ့သည့် တာဝန်များ
၁၉၄၅ ခုနှစ်၊ ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌ
၁၉၄၇ ခုနှစ်၊ ဖဆပလ အတွင်းရေးမှူးချုပ်
၁၉၅၂ ခုနှစ်၊ ဖဆပလ ဒုတိယဥက္ကဋ္ဌ၊
မြန်မာနိုင်ငံကုန်သည်များကွန်ဂရက်ဥက္ကဋ္ဌ
၁၉၅၂ ခုနှစ်၊ ကာကွယ်ရေးဝန်ကြီး
၁၉၅၃ ခုနှစ်၊ သတ္တုတွင်းဝန်ကြီး
၁၉၅၃ ခုနှစ်၊ အာရှဆိုရှယ်လစ်ကွန်ဖရင့် ဥက္ကဋ္ဌ
၁၉၅၆ ခုနှစ်၊ ဝန်ကြီးချုပ်
၁၉၅၇ ခုနှစ်၊ ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်
၁၉၅၇ ခုနှစ်၊ ဒု-ဝန်ကြီးချုပ်နှင့်ကာကွယ် ရေးဝန်ကြီး
၁၉၅၈ ခုနှစ်၊ ဒုတိယဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်
http://www.popularmyanmar.com/mpaper/2015/01/%E1%80%9D%E1%80%94%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%80%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%80%E1%80%80%E1%80%B9%E1%80%9E%E1%80%9B/

No comments:

Post a Comment