Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

"နိုင်ငံရေး ကြွေတလက် ကြက်တခုန်"

စစ်အစိုးရလက်အောက်၌ နိုင်ငံပိုင်သတင်းစာများတွင် အစိုးရ ၀ါဒဖြန့်ချိရေးဆောင်းပါးများ နေ့စဉ်ရက်ဆက်ပါလာ ဖူးသည်။ ကလောင်နာမည်တွေကတော့ စာပေလောကတွင် ကြားဖူးနေကျနာမည်များမဟုတ်။ ပေါက်စတို့၊ မင်းရဲကောင်းပုံတို့၊ မင်းရဲနော်ရထာတို့၊ ခြင်ကျားတို့၊ နိုင်ငံရေးဘောဗေဒကျောင်းသား တစုတို့စသည်ဖြင့် ကလောင်ဝှက်များ၊ ကလောင်သစ်များ၊ ကြေးစား ကလောင်များဖြစ်သည်။ ကြေးစားကလောင်ဆိုသည်မှာ စာပေ၀ါသနာ ပါလှသည်မဟုတ်ဘဲ အထက်မှခိုင်းသဖြင့် သခင်အားရ ကျွန်ဒဏ်ဝသဖွယ်ကျွေးမွေးထားသော သခင့်တမျက်နှာပဲကြည့်ကာ ပြည်သူလူထုကို ချိုးနှိမ်ရေးခြင်းဖြစ်သည်။ ဒီမိုကရေစီလှုပ်ရှားမှုကိုချိုးနှိမ်၍ ရေးခြင်းဖြစ်သည်။ စစ်အာဏာရှင်များအကြိုက် ငါတို့ကလွဲလျှင် တလောကလုံး ဘယ်သူမှမကောင်းဆိုသော သဘောတရားကိုအခြေခံကာရေးကြခြင်း ဖြစ်သည်။ ရေးလိုက်သမျှဆောင်းပါးများထဲတွင် စစ်အစိုးရသည်ဇာတ်လိုက်၊ ကျန်သူများအားလုံးမှာဗီလိန်။ ဇာတ်လမ်းကလည်းမကောင်း၊ ဇာတ်အိမ် ကလည်းမခိုင်မာ၊ အရေးအသားကလည်း အသားလွတ်ဆဲမနေရုံတမယ် ရုန့်ရင်းကြမ်းတမ်းလှရာ ထိုစဉ်ကသတင်းစာများမှာ နာရေးသတင်းဖတ်ဖို့ နှင့် ( . . . . . . .)လုပ်ရုံမှလွဲ၍ သိပ်များများစားစား အသုံးမ၀င်လှပေ။
ထိုစဉ်က စစ်အစိုးရသည် နိုင်ငံရေးပြဿနာသောင်းခြောက်ထောင် ၀ိုင်းရံနေရာ ထိုပြဿနာများကိုအာရုံလွှဲဖို့ ထိုင်းနိုင်ငံ (ထိုစဉ်ကအစိုးရ အခေါ် ယိုးဒယားနိုင်ငံ)နှင့် တင်းမာသောဆက်ဆံရေးများဖြစ်ပေါ်စေကာ ပြည်သူလူထုကို စည်းရုံးဆွဲဆောင်ခဲ့ပါသည်။ စစ်ရေးတင်းမာလာပါမှ နိုင်ငံတွင် တပ်မတော်မရှိလျှင်မဖြစ်ဟု လူတွေကတပ်မတော်အပေါ်တွင် ထောက်ခံလာစေသောအကွက်ကို ဖန်တီးခြင်းဖြစ်ပါသည်။ သတင်းစာများ တွင် ထိုင်းနိုင်ငံမကောင်းကြောင်းများ ဆက်တိုက်ရေးပါသည်။ ထိုအချိန် တွင် ဒေါက်တာဘွဲ့ရစာရေးဆရာမတဦးသည် စာပေလောက၌ အတော် နာမည်ရနေပါသည်။ သူ့စာအုပ်များ ရောင်းကောင်းသည်။ သူ့ပညာကို လူတွေကလေးစားသည်။ သို့သော်ထိုဆရာမသည် အစိုးရ၏အသုံးချ ခြင်းကို ခံသွားရရှာ၏။ ငါးစိမ်းသည်လို ဆဲတာကလွဲလျှင်ချက်နှင့် လက် နှင့်သမိုင်းကြောင်း အထောက်အထားနှင့်မရေးတတ်သော စစ်အစိုးရ ကလောင်များသည် ထိုဆရာမကြီးကို ထိုင်းနိုင်ငံအကြောင်း မကောင်း သောဆောင်းပါးများရေးဖို့ သာမန်ထက်ပိုသော အခွင့်အရေးများပေးကာ စည်းရုံးခဲ့သည်။ ထိုဆရာမကြီးကလည်း အစိုးရနှင့်ပေါင်းကာ နေ့စဉ်ထုတ် သတင်းစာများ၌ ထိုင်းနိုင်ငံသမိုင်းကြောင်းနှင့် ထိုင်းတော်ဝင်မိသားစုကို ဝေဖန်တိုက်ခိုက်သောဆောင်းပါးများ ရေးသားတော့သည်။ ထင်ရှားသော ဆောင်းပါးတပုဒ်မှာ ““ကျွန်မဖြစ်ပေမယ့် ကျွန်စစ်တယ်””ဆိုသော ဆောင်း ပါးဖြစ်သည်။ ထိုဆောင်းပါးကြောင့် ထိုင်း-မြန်မာဆက်ဆံရေး ဆိုးရွား ခဲ့သည်။ ထိုဆရာမကို ထိုင်းနိုင်ငံမှ ခါးခါးသီးသီးဆန့်ကျင်ခဲ့သည်။ ထိုင်း နိုင်ငံမှာသာဆိုလျှင် တော်ဝင်မိသားစုကို အသရေဖျက်သောပုဒ်မဖြင့် ထောင်ဒဏ်ရှစ်နှစ်တော့ အနည်းဆုံးကျခံရပေလိမ့်မည်။ မြန်မာစစ်အစိုးရ အတွက်တော့ ထိုစာရေးဆရာမသည်(အခိုက်အတန့်အားဖြင့်)သူရဲကောင်း ဖြစ်သည်။ သို့သော် ထိုစာမျိုးကို ဒေါက်တာသန်းထွန်း စသော အခြား စာပေပညာရှင်များ၊ သမိုင်းပညာရှင်များက ငွေမည်မျှပုံပေးပေး၊ ရာထူး စည်းစိမ်မည်မျှပဲပေးပေး ရေးမည်မဟုတ်ချေ။ ထိုဆရာမကတော့ ရေး ခဲ့သည်။ စစ်အစိုးရဘက်တွင် ရပ်တည်ခဲ့ပါသည်။ သို့သော်သူ၏ သူရဲ ကောင်းဖြစ်မှုမှာ ကြာရှည်မတည်မြဲခဲ့ပေ။ မည်သည့်အရာမှထာဝရတည် တံ့လေ့မရှိသော လောက၏နိယာမတရားအရ ထိုင်းနိုင်ငံအာဏာသိမ်း စစ်အစိုးရနှင့် မြန်မာနိုင်ငံမှစစ်အစိုးရခေါင်းဆောင်များ အစ်ကိုကြီး-ညီ လေး၊ နောင်တော်-ညီတော်စသည်ဖြင့် လက်ဆွဲနှုတ်ဆက် ပလဲနံပသင့် သွားသောအခါ အစိုးရသတင်းစာများတွင် ထိုင်းနိုင်ငံ မကောင်းကြောင်း နင်ပဲငဆရေးခဲ့ကြသူများနောက်သို့ ရောက်သွားသည်။ နိုင်ငံ ရေးတွင် ကိုယ်ရပ်သောဘက်သည် မှန်ကန်ဖို့လိုပါသည်။ အစိုးရအကြိုက် ဘက် လိုက်၍ရပ်တည်သောအခါ မိမိရပ်တည်သောဘက်မှာ ကြွေတလက် ကြက်တခုန်ဆိုသလို ကာလအပိုင်းအခြားတခုအတွင်းမှာပင် ပြောင်းပြန် ဇောက်ထိုးဖြစ်သွားတတ်ပါသည်။ ယခုသူရဲကောင်းကြီး ဖြစ်သူသည် မနက်ဖြန် မြောင်းထဲရောက်သွားတတ်ပါသည်။ ကိုယ်ရပ်တည်သော ဘက်သည်မှန်ရဲ့လားဟု ကိုယ့်ကိုယ်ကိုယ် ရဲရဲကြီးပြန်မေးကြရန်ဖြစ်သည်။ ယခုအခါထိုစာရေးဆရာမကြီးမှာ အစိုးရကလဲအဖက်မလုပ်၊ စာပေ လောကကလည်း လူရာမသွင်းသည့်ဒဏ်ကို ခံနေရပေသည်။ ပရိသတ်က လည်း ဟင်ဆိုလျှင်လှည်.မကြည့်ချင်တော့၊ ချဉ်မိပြီဆိုလျှင် တသက်လုံး ချဉ်သည်။ မိမိကမချဉ်သော်လည်း ချဉ်ဖတ်အိုးထဲသို့လိမ့်ကျသွားသော မုန်လာဥတဖတ်လို ဘယ်တော့မှအကောင်းအတိုင်း အိုးထဲမှပြန်ထွက် လာနိုင်တော့မည်မဟုတ်ပေ။
န-၀-တ၊ န-အ-ဖ စစ်အစိုးရလက်ထက်တွင် မြို့တိုင်းရွာတိုင်း၍ ခြိမ့်ခြိမ့်သဲသဲဇာတ်စင်လို စင်မြင့်ကြီးတွေထိုးကာ လူထုကိုမလာမနေရ ဖိတ်ခေါ်လျက် ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း၊ NLD မ ]ကောင်းကြောင်း အားရပါးရဟောကြပြောကြသော တရားဝင်အတင်းပြော ပွဲကြီးကို အစိုးရမှကြီးမှူးကျင်းပခဲ့ပါသည်။ ထိုကက်ကက်လန် ရန်တွေ့ အပုပ်ချပွဲကြီးတွင် အချို့ကလည်းမတတ်သာသဖြင့် တက်ပြောရသော် လည်း ထိန်းထိန်းသိမ်းသိမ်းပြောသည်။ အချို့ကလည်းလက်ရှိ အာ ဏာပိုင်များသဘောတော်ကျစေရန် အရိုင်းစိုင်းဆုံးစကားလုံးများဖြင့် ငါးစိမ်းတန်းတွင် ရန်ဖြစ်ကြသလို အော်ဟစ်ဟောပြောကြသည်။ သူတို့ ထိုသို့စင်ပေါ်တက် ဆန့်ကျင်ကန့်ကွက်ရှုတ်ချဟောပြောကြတာကိုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြားတို့မှလည်းကောင်း၊ မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီစသော သတင်းစာများမှလည်းကောင်း ဝေေ၀ဆာဆာထည့်သွင်းထုတ်လွှင့်ဖော်ပြပေးသဖြင့် နိုင်ငံအ၀ှန်း သူတို့ လှုပ်ရှားမှုများကို မြင်တွေ့သွားကြပါသည်။ ထိုသည်ကိုပင် ကာယကံရှင် များက အောင်မြင်မှုတခုဟု မှတ်ယူကြပေလိမ့်မည်။
ခေတ်္တခဏ ဟီးရိုး (သူရဲကောင်း) ဖြစ်သွားရမှုကို သာယာကြပေမည်။ ရလိုက်သော အခွင့် ထူးများအတွက် ပီတိဖြစ်ကြပေမည်။ ငါဟဲ့ အခုတော့နင်တို့ ဘာတတ် နိုင်သေးလဲဟု မာန်မာနထောင်လွှားကြပေလိမ့်မည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲအလွန်တွင် သမ်္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစု ကြည် လက်ဆွဲနှုတ်ဆက်သည်။ သမ်္မတကြီးအိမ်တွင် တွေ့ဆုံစကားပြော ကြသည်။ လွှတ်တော်ထဲသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည်။ ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲပင် အတူတကွလုပ်လိုက်သေးသည်။ ဦးသိန်းစိန် ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့နှင့် မတူတာတွေဘေးဖယ်၊ တူတာတွေလက်တွဲလုပ်သွားမယ်ဟု ကြေညာသည်။ ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးကော်မတီ ဥက်္ကဋ္ဌ ရာထူးပေးသည်။ နိုင်ငံရေးဆိုသည်မှာ အပြောင်းအလဲမြန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အထက်မှ ညွှန်ကြားချက်အရ ကလော်၍ တုတ်ခဲ့ကြသော၊ ဆန်္ဒပြခဲ့ကြသော၊ ဆန့်ကျင်ခဲ့ကြသောသူများမှာ ဂငယ် ကွေ့ကွေ့ချလိုက်သလို ပြောင်းလဲသွားသော နိုင်ငံရေးအခင်းအကျင်း သစ်ဝယ် ဘာဆက်လုပ်ရမှန်းမသိတော့ဘဲ ငုတ်တုတ်မေ့ကုန်ကြသည်။ အရင်ကလို ဆက်ပဲဆဲရမလား၊ လက်ပဲဆွဲပြီးနှုတ်ဆက်ရမလား ဇဝေဇ၀ါ တွေဖြစ်ကုန်သည်။ စစ်တုရင်ခုံပေါ်မှနယ်ရုပ်များမှာ အချိန်မရွေး ထိုး အကျွေးခံရနိုင်သည်ကို သတိရသင့်ပါသည်။ အိမ်စောင့်ခွေးတကောင် ကို ဟောင်စေလို၍ဟောင်သောအခါ ကျောသပ်ခေါင်းသပ် ချီးကျူး ခံရမည်ဖြစ်သော်လည်း၊ ထိုဧည့်သည်ပင် ဧည့်ကောင်းစောင်ကောင်း ဖြစ်သွားပြန်သောအခါ ယခင်လိုမှတ်ပြီး မာန်ဖီနေပါက သခင်၏ ဆော်ပလော်တီးခြင်းကို ခံရပေလိမ့်မည်။
ထိုဥပမာကို အကောင်းဆုံးသဘောပေါက်သူမှာ တရုတ်အစိုးရ ဖြစ်သည်။ တရုတ်သည်လွတ်လပ်ပြီး မြန်မာနိုင်ငံပေါ်ထွန်းစတွင် မြန်မာ အစိုးရနှင့်ရန်သူသဖွယ်ဖြစ်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ-က-ပ) ကို စစ်ရေး၊ နိုင်ငံရေး ပုံအောပြီးထောက်ပံ့ခဲ့သည်။ ဦးနေ၀င်းအစိုးရ လက်ထက်တွင် တရုတ်-မြန်မာဆက်ဆံရေးမှာ အဆိုးဆုံးသို့ရောက်ခဲ့ သည်။ သို့သော် ၁၉၈၈ အရေးအခင်းအပြီး ဗ-က-ပ တို့ အင်အားချည့်နဲ့ သွားပြီး မြန်မာ့တပ်မတော်အင်အားကောင်းလာသောအခါ တရုတ်တို့က နိုင်ငံရေးရေချိန်ကို စစ်အစိုးရလက်ထဲသို့အကဲပေးပြီး မြန်မာအစိုးရနှင့် ပူးပေါင်းလိုက်လေသည်။ ထိုအချိန်မှစကာ တရုတ်အစိုးရသည် မြန်မာစစ် အစိုးရမှ မြန်မာစစ်အစိုးရ။ ငါတို့ညီလေးတွေကို လာမထိနဲ့ အစွမ်းကုန် ကာကွယ်ပေးမည်ဖြစ်လာသည်။ တကမ်္ဘာလုံးက မြန်မာစစ်အစိုးရကို ၀ိုင်းကျဉ်ထားချိန်တွင် တရုတ်အစိုးရသည် စစ်လက်နက်မှအစ၊ ကုလသမဂ်္ဂ တွင် ဗီတိုအာဏာအဆုံး မြန်မာကိုထောက်ပံ့ကူညီခဲ့၏။ ထိုစဉ်က အတိုက်အခံတို့၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားမှုကို တရုတ် အစိုးရသည် ဖုတ်လေသည့်ငပိရှိသည်ဟုပင် မအောက်မေ့ခဲ့ပေ။ မြန်မာ ပြည်ဝယ် အတိုက်အခံဘယ်နှယောက်ပဲသေသေ၊ ဘယ်နှယောက်ပဲ ထောင်ကျကျ သူတို့အလုပ်မဟုတ်ပေ။ ထိုသို့ ထောက်ပံ့ကာကွယ်ပေး ခဲ့မှုသည် တရုတ်တို့အတွက် အလဟဿမဖြစ်ခဲ့ပါ။ မြန်မာစစ်တပ်ကို ကာကွယ်ပေးခဲ့မှုကို ကျေးဇူးသိတတ်သော ဂါရ၀လက်ဆောင်အဖြစ် မြန်မာဘက်မှ ကျွန်းသစ်အပါအ၀င် သစ်တောထွက်ပစ်္စည်းအမျိုးမျိုး၊ လယ်ယာထွက်ကုန်အမျိုးမျိုး၊ မြေပေါ်မြေအောက် ဓာတ်သတ်္တုအမျိုးမျိုး၊ ပတ်္တမြားနီလာ၊ ကျောက်စိမ်းစသော ကျောက်မျက်အမျိုးမျိုးကို အောက် ဈေးဖြင့် ပြန်လည်ပသခဲ့ရသည်။ မေခ၊ မလိခမြစ်ဆုံရာအရပ်တွင်ပင် ဧရာဝတီမြစ်ကိုသတ်ရန်အကြံဖြင့် ရေကာတာကြီးဆောက်ရန် လက် ကြိတ်ထိုးခွင့်ပြုပေးခဲ့ကြသည်။ ထိုအနှီ တရုတ်အစိုးရသည် နိုင်ငံရေး အကင်းပါးသော အစိုးရဖြစ်သည်။ ကွန်မြူနစ်များ မြန်မာပြည်ဝယ် အင်အားကောင်းနေစဉ်က ကွန်မြူနစ်ကို ထောက်ခံအားပေးခဲ့သည်။ စစ်အစိုးရ အသာစီးရလာချိန်တွင် ကွန်မြူနစ်ကိုကန်ထုတ်လိုက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းခဲ့သည်။ ဒီမိုကရေစီကိုချောင်ထိုးခဲ့၏။ သို့သော် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပြတ်အသတ်နိုင်လိုက်သောအခါ တရုတ်သည် တချက်တွေဝေသွား၏။
နိုင်ငံရေးမှာ ကြွေတလက်ကြက်တခုန်ဆိုသလို အာဏာသည် ဒီမိုက ရေစီဘက်တော်သားများဆီရွေ့တော့မလားဟု လှမ်းမျှော်ကြည့်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာလာခြင်း NLD ထံသို့ ၀မ်းမြောက်ကြောင်း ချီးကျူးသ၀ဏ်လွှာပို့သည်မှာ တရုတ်သံအမတ်ကြီး ဖြစ်သည်။ တရုတ်သည် ဘယ်သူ အာဏာရတော့မည်ကိုမူတည်၍ သူတို့ကကွက်ကိုလိုသလို ပြောင်းမည့်သဘောရှိသည်။ NLD နိုင်ပြီ ဆိုတော့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ အူယားဖားယားပို့သည်။ နောက်တော့ြီူ ကို အစိုးရက အာဏာမလွှဲတော့ ရူးချင်ယောင် ဆောင်ကာ စစ်အစိုးရနှင့်ပဲ ဆက်လက်နှစ်ပါးသွားသည်။ ၂၀၁၅ တွင် NLD နိုင်ချေပြန်ရှိလာသောအခါ ယခင်က ဘယ်တုန်းကမှ လူရာ မသွင်းခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်တို့က သူ့နိုင်ငံတရုတ် ပြည်သို့ အလည်အပတ်ခေါ်ဖော်ရလာသည်။ ၈၈ မျိုးဆက်ကျောင်းသား နိုင်ငံရေးသမားများကို တရုတ်ပြည်သို့ ချောင်းပေါက်မတတ်ခေါ် ယူစည်း ရုံးသည်။ ဘာပဲပြောပြော တရုတ်သည် တလမ်းသွားမဟုတ်။ သာသည့် ဘက်ကို အချိန်မရွေးကူးမည့်သာကူးပေါ်လစီကို ကိုင်စွဲထားသူဖြစ်သည်။ နိုင်ငံရေးတွင် အချိန်မရွေးပြောင်းလဲသွားနိုင်သည်ကို ကောင်းကောင်း သဘောပေါက်သူများဖြစ်သည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းသောခေတ်ကာလများက မျိုးချစ် သခင်လူငယ်များကို နယ်ချဲ့လက်ကိုင်တုတ် မြန်မာပုလိပ်တပ်ဖွဲ့ဝင်များ သည် အလွန်မျက်မုန်းကျိုးကာ ဒုက်္ခပေးလေ့ရှိကြသည်။ သူတို့ကိုးကွယ် အားထားသော နေမ၀င်အင်ပါယာအရှင် အင်္ဂလိပ်သခင်ကြီးကိုမတန်မရာ အံတုဖက်ပြိုင်နေသော မလောက်လေးမလောက်စား ကလေကချေများ ဟု ထင်မှတ်ဆက်ဆံခဲ့ကြသည်။ အခွင့်အရေးရတိုင်း အနိုင်ကျင့်ခဲ့ကြ သည်။ သို့သော် ကမ်္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေများ ဒုတိယကမ်္ဘာ စစ်ကြောင့် ပြောင်းလဲသွားသောအခါ အင်္ဂလိပ်တို့ မြန်မာ့မြေမှထွက်ပြေး လျက် ဘီအိုင်အေတပ်မတော်ဖြင့် သခင်လူငယ်များပြည်တော်ဝင်လာ သောအခါ နယ်ချဲ့လက်ပါးစေပုလိပ်များ သခင်များကို အောက်ကျို့ရတော့ သည်။ ပြည်သူ့ဘက်က ရပ်ရတော့သည်။ လက်နက်ကိုင်ထားရချိန်တွင် ပြည်သူကိုထီမထင်သော သူများသည် ဤအဖြစ်ကို သင်ခန်းစာယူသင့် လှ၏။ နိုင်ငံရေးတွင် ပြည်သူသည်သာ ထာဝရအရှင်သခင်ဖြစ်သည်။
ပြည်တွင်းမှအချို့သူများသည် ဤအချက်ကိုသဘောမပေါက်။ စစ်အစိုးရနှင့် စစ်အာဏာရှင်ဝါဒသည် ကမ်္ဘာမပျက်မချင်းတည်မြဲတော့ မလို အာဏာရှိသူကို ဖော်လံဖားချင်သောစိတ်ဓာတ်များသည် အမြစ် တွယ်လျက်ပင်ရှိ၏။ မိမိ၏ပညာ၊ မိမိ၏ဂုဏ်သိက်္ခာကိုမှ အားမနာ ပြည်သူ့ ချဉ်ဖတ်ဘက်ကရပ်တည်ကြကုန်၏။ အကယ်စစ်စစ် နိုင်ငံရေးဆို သည်မှာ တည်မြဲသည်မဟုတ်။ အတက်အကျအနိမ့်အမြင့်သည် အစဉ် အမြဲဖြစ်ပေါ်တတ်၏။ မိမိစဉ်းစားဉာဏ်ဖြင့်သာ ဤကားအမှန်တရား၊ ဤသူများကား အများကောင်းကျိုးလုပ်နေသောအဖွဲ့။ ဤကား အမှန် တရားမဟုတ် သူတို့အကျိုး၊ သူတို့ဆွေမျိုးသားချင်းကောင်းစားရေးအတွက် အာဏာကိုဖက်တွယ်ထားချင်သောအဖွဲ့တည်းဟူသည်ကို ကိုယ့်ဘာသာ အမှန်အတိုင်း ဆုံးဖြတ်ရမည်ဖြစ်သည်။ မြင်အောင်ကြည့်နိုင်ရမည်ဖြစ် သည်။ နိုင်ငံကောင်းစေချင်သော စိတ်ရှိရုံနှင့်မပြီး၊ အကောင်းအဆိုးခွဲနိုင် သော ဉာဏ်လည်းလို၏။ ဒေ၀ဒတ်ကိုဆရာတင်မှားသော အဇာတသတ် သည် ပင်ကိုယ်အားဖြင့် ထက်မြက်သူတယောက်ပင်ဖြစ်၏။ သို့သော် မိမိရပ်တည်သောဘက်သည် မသမာသောဘက်က ဖြစ်နေလေပေရာ၊ မိမိဆရာအပေါ်တွင် သစ်္စာရှိနေရုံနှင့်မပြီး ဆရာမှန်သလားမှားသလားဆို တာ ချင့်ချိန်နိုင်သော (အမှားနှင့်အမှန် ခွဲခြားနိုင်သည့်) ဆင်ခြင်ဉာဏ် လည်း လိုအပ်မည်ဖြစ်သည်။
၁၉၄၇ ခုနှစ်ခန့်က ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်အောင်၊ ဘညွန့်၊ မောင်နီသုခ၊ သက်နှင်း စသည့်လူငယ်များသည် တိုင်းပြည်ကို အလုပ်အကျွေးပြုလိုသောရည်ရွယ်ချက်ဖြင့် နိုင်ငံရေးခေါင်းဆောင်တဦး ထံသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကတော့ သူတို့သည် သမိုင်း တွင်မည့် အမည်းစက်တခုကို ကိုယ်တိုင်ကိုယ်ကျူးလွန်ရတော့မည်ဟု သိခဲ့ကြသည်မဟုတ်။ သို့သော် သူတို့ရပ်တည်သောဘက်သည် မှားခဲ့ ကြသည်။ ဂဠုန်ဦးစောဆိုသော အငြိုးအတေးကြီး၍ ရက်စက်သည့်ခေါင်း ဆောင်တဦးထံတွင် သစ်္စာခံနောက်လိုက် တပည့်ဖြစ်ခဲ့ကြသည်။ ရလဒ် ကတော့ အချို့မှာ ကြိုးစင်တက်ရသည်။ အချို့မှာ ထောင်ဒဏ်ကျခံရ သည်။ အားလုံးမှာ လူမသေခင် နာမည်သေကြရသည်။ သားမြေးစဉ် ဆက် ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း မျက်နှာငယ်ကြရသည်။ သမိုင်း တွင် နာမည်ဆိုးနှင့်ကျန်ရစ်ခဲ့ကြရသည်။ ချားရဟတ်ပေါ်တွင် အပေါ်မှ ထိုင်နေစဉ် အမြဲအပေါ်စီးရမည်ဟုထင်ခဲ့ကြရာ ရှေ့ဆက်သွားကာမှ အောက်သို့ကျလာကြောင်း သိခဲ့ကြရသည်။
၁၉၈၈ မတ်လ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့သော ရန်ကုန်တက်္ကသိုလ် ကျောင်းသားကျောင်းသူများ ဖမ်းဆီး၊ ရိုက်နှက်သတ်ဖြတ်ခံရသည့် အင်းလျားကန်ဘောင်တံတားနီအရေးအခင်းတွင် အချို့ကျောင်းသား များသည် လူနေရပ်ကွက်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ အိမ်ရှင် တော်တော်များများသည် ကျောင်းသားများကို ၀ှက်ပေးခဲ့ကြပါသည်။ သို့သော် အချို့သော အာဏာရှင်လက်ကိုင်တုတ်အချို့မှာ မိမိအိမ်ခြံ အတွင်းသို့ ခိုလှုံရောက်ရှိလာသော ကျောင်းသားကျောင်းသူများကို လုံခြုံရေးတပ်ဖွဲ့ထံ ဆက်သွယ်အပ်နှံခဲ့သဖြင့် ကျောင်းသားလူငယ်များ အဖမ်းခံခဲ့ကြရပါသည်။ ကျောင်းသားတို့ သွေးဖြင့်ရေးခဲ့သော တံတားနီ အရေးအခင်းတွင် နှစ်စဉ်နှစ်တိုင်းသူတို့သည် လိပ်ပြာသန့်နိုင်ပါမည်လော။ ထိုသို့ ကျောင်းသားကိုချောက်ချ၊ အာဏာပိုင်ကိုဖားသဖြင့် မည်သည့် ဆုလာဒ်ကြီးများကိုရခဲ့ပါသနည်း။ ယခုအခါ ကျွန်တော်တို့သည် ထိုစဉ်က ကျောင်းသားများအဖမ်းခံရစေရန် သတင်းပေးဖော်ထုတ်ခဲ့ပါသည်ဟု ရင်ကိုကော့ခေါင်းကိုမော့၍ မည်သူပြောဆိုဝံ့ပါသနည်းဟု မေးလိုပါသည်။ မည်သူသိသိမသိသိ ကိုယ်လုပ်ခဲ့သောကိစ်္စ မှန်မမှန်ကိုကိုယ်တိုင်သိနေ ပေသည်။ အကြောင်းအရာတခုသည် ထိုစဉ်ကမှန်သလိုရှိနေလျှင်သော်မှ အချိန်ကာလတခုတွင်တော့ တကယ့်အမှန်တရားသည်ပေါ်လာမည်ဖြစ် သည်။ ငါမှန်သည်။ ငါ့အဖွဲ့မှန်သည်ဟု ကိုယ့်စိတ်ကို ကိုယ်မညာကြပါ နှင့်တော့။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ချီတက်ဆန်္ဒပြရာ တွင်ပါဝင်သော စာရေးဆရာများကို စာပေနယ်ထဲမှ လူတယောက်က ထောက်လှမ်းရေးကိုလက်ညှိုးထိုး၍ ဟိုလူကတော့ စာရေးဆရာ ဘယ် သူဖြစ်သည်။ ဟိုရှေ့က အလံကိုင်တာ ဘယ်သူစသည်ဖြင့် သတင်းပေး လက်ထောက်ချနေခဲ့ဖူးသည်။ ထို့နောက် ဆုလာဘ်အဖြစ် ရာထူးကြီး ကြီးတခုသူရသွား၏။ သို့သော် စာပေလောကသားအားလုံး၏ အော့နှလုံး နာ စက်ဆုတ်အထင်သေးခြင်းကိုတော့ သူရလိုက်ပါသည်။
အစိုးရကိုဖား၍ရေးခဲ့ကြသောစာရေးဆရာများ၊ အစိုးရကိုဖား၍ နေရာတနေရာရလာသော နိုင်ငံရေး အရေခြုံအခွင့်အရေးသမားများ၊ အစိုးရက နေရာပေးထားသည်ကို သာယာနေသော ပညာရှိယောင် ယောင်ပုဂ်္ဂိုလ်များ၊ အစိုးရကိုကပ်ရပ်တက်မှအမြင့်သို့ ရောက်လာနိုင်သူ များ၊ ခိုင်းတာထက်ပို၍ ပြည်သူကိုနှိပ်စက်တတ်သော ၀န်ထမ်းများသည် အသားထဲက လောက်ထွက်သကဲ့သို့ မြန်မာဘုရင်များခေတ်ကရော၊ အင်္ဂလိပ်ခေတ်တွင်ရော၊ ဂျပန်ခေတ်တွင်ရော၊ လွတ်လပ်ရေးတိုက်ပွဲခေတ် တွင်ရော၊ ဖ-ဆ-ပ-လခေတ်တွင်ရော၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှာရော၊ စစ်အစိုးရလက်ထက်မှာရော၊ ယခုဒီမိုကရေစီတပိုင်း အာဏာရှင်တပိုင်းအစိုးရလက်ထက်မှာ ရောရှိနေခဲ့၊ ရှိနေဆဲ၊ ရှိနေလတ်္တံ့ ပင်ဖြစ်ပေသည်။ သူတို့သည် နေရာတနေရာရရှိရေးအတွက် မရှက် မကြောက် တဖက်ကို ခေါင်းပေါ်တွင်ရွက်၍၊ တဖက်ကိုတွန်းချတတ်ကြ ပေသည်။ သို့သော် မျက်မှောက်ခေတ်ကမ်္ဘာ့ ရေးရာများ၏ရွေ့လျားနှုန်း မှာ အလွန်မြန်ပါသည်။ မိတ်တွေတွေသည် ရန်သူဖြစ်လာကြပြီး ရန်သူ တွေသည် လက်ဆွဲနှုတ်ဆက်နေသောခေတ်ကြီးဖြစ်ပါသည်။ နိုင်ငံရေး ယဉ်ကျေးမှုသစ်နှင့် ရွေ့လျားနှုန်းကို သတိမမူမိဘဲ ယခင်ဖော်မြူလာ အဟောင်းကြီးအတိုင်း သခင်အားရအောင် ဖားမြဲဖား၊ ဖိမြဲဖိနေမည်ဆိုပါ က ကိုယ့်ခေါင်းပေါ်တွင် အမြဲရှိနေမည်ထင်သော ရာဇပလ်္လင်ကြီးသည် ချားရဟတ်လို အောက်သို့ကျသွားတတ်ပြီး သင်တို့ခြေနှင့်နင်းထားသော ကုလားထိုင်များသည် သင်တို့ခေါင်းပေါ်သို့ ရောက်လာသောအခိုက် အတန့်လဲရှိတတ်ကြောင်း သတိတချက်ဝင်စေချင်ပါသည်။ နိုင်ငံရေးတွင် ဘယ်မရာမှမတည်မြဲ။ အရာရာသည် ကြွေတလက်၊ ကြက်တခုန်ပင်ဖြစ် သည်။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment