Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

ယူရေနီယံသတ္တုသိုက် သွားရှာမည်ဟု ဦးတေဇ ကပြောကြား

အင်းလျားလမ်းရှိ ၎င်း၏ နေအိမ်၌ သတင်းထောက်များအား တွေ့ဆုံရှင်းလင်း ပြောကြားနေသည့် ဦးတေဇ ကို တွေ့ရစဉ်။ ကျော်ဖုန်းကျော်/မြန်မာတိုင်း(မ်)အင်းလျားလမ်းရှိ ၎င်း၏ နေအိမ်၌ သတင်းထောက်များအား တွေ့ဆုံရှင်းလင်း ပြောကြားနေသည့် ဦးတေဇ ကို တွေ့ရစဉ်။ ကျော်ဖုန်းကျော်/မြန်မာတိုင်း(မ်)
ယူရေနီယံသတ္တုဟု ၎င်းယူဆထားသော ကျောက်တုံးများကို ရက်သတ္တသုံးပတ်ခန့်က ရရှိထားပြီး
ပွင့်လင်းရာသီ ရောက်လျှင်လည်း ထိုကျောက်တုံးများ ရရှိခဲ့ရာနေရာ၌ ယူရေနီယံသိုက် ရှိမရှိ
သွားရောက်ရှာဖွေမည်ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးတေဇ က ယခုလ ၁၉ ရက်နေ့က
ပြောကြားခဲ့သည်။
"ပွင့်လင်းရာသီရောက်ရင် အဲဒီမှာ မူလ သတ္တုကြော ရှိမရှိ သွားရှာဦးမှာပါ" ဟု ၎င်းက ရန်ကုန်မြို့
အင်းလျားလမ်းရှိ ၎င်း၏ နေအိမ်၌ သတင်းထောက်များကို တွေ့ဆုံပြောကြားခဲ့သည်။
"ကျွန်တော်တို့ မတူးပါဘူး။ ကျွန်တော်တို့ တူးရင် အရမ်းရုပ်ပျက်သွားမှာ။ ကျွန်တော်တို့က
ရှာပေးချင်ရုံ သက်သက်ပါ။ ထူးကုမ္ပဏီအုပ်စု ၂၅ နှစ်ပြည့်မှာ ကျွန်တော့် ယောက္ခမ အပါအ၀င်
ကျွန်တော့်ယောက်ဖတွေကပါ ၀ိုင်းလုပ်ပေးချင်တာပါ" ဟု ဦးတေဇက ပြောကြားသည်။
"ဒါတွေကို နိုင်ငံတော်လုံခြုံရေးကိစ္စတွေမှာ သုံးစေချင်ပါတယ်" ဟုလည်း ဦးတေဇ က
ပြောကြားခဲ့သည်။
သို့သော် ၎င်းရရှိထားသည့် ကျောက်တုံးများသည် ယူရေနီယံ ဟုတ်မဟုတ် မည်သည့်ပညာရှင်နှင့်
သက်ဆိုင်ရာအဖွဲ့အစည်းကမျှ အတည်ပြုပြောဆိုမှု မရှိသေးဘဲ ၎င်းကသာ ထိုအရာဝတ္ထုများသည်
ယူရေနီယံဟု ယူဆခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။
ထိုကျောက်တုံးများကို ဦးတေဇက ရေဒီယိုလှိုင်းကြိမ်နှုန်းဖြင့် သတ္တုအမျိုး အစားခွဲခြားသည့်
ကိရိယာဖြင့် တိုင်းတာလိုက်ရာတွင် ရေဒီယိုသတ္တုကြွမှု အလွန်များနေသည်ကို တွေ့ရှိရသဖြင့်
ယူရေနီယံဟု ကောက်ချက်ချထားခြင်းဖြစ်သည်။
ဦးတေဇ ရရှိထားသည်ဆိုသည့် ကျောက်တုံးများသည် မိုးကုတ်မြို့မှ အနောက်ဘက်သို့ ကားဖြင့်
သုံးနာရီခရီးသွားရသည့် အကွာအဝေးရှိ အုံတုန်ရွာမှ နောက်ထပ် ခြေလျင် သုံးနာရီခန့်
ဆက်သွားရသည့်နေရာရှိ တောင်ကုန်းတစ်ခု၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းထံသို့ ရွာသားနှစ်ဦးက အလေးချိန် အလွန်များသဖြင့် ထူးဆန်းသည့် ကျောက်တုံးများ
ဖြစ်သည်ဟုဆိုကာ လာရောက်ရောင်းချရာမှ ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
"အဲဒီနေရာမှာလည်း မီးလောင်ပြင်လို မျိုးဖြစ်နေပါတယ်" ဟု ၎င်းက ကျောက်တုံးများ
ရရှိခဲ့ရာနေရာ တစ်ဝိုက်၏ မြင်ကွင်းဓာတ်ပုံကို သတင်းထောက်များအား ပြသရင်း
ပြောကြားသည်။
အလေးချိန် သုံးပိဿာခွဲ ရှိသော ထိုကျောက်တုံးများကို တစ်ပိဿာလျှင် ကျပ်သိန်း ၂၀၀ ဖြင့်
စုစုပေါင်း ကျပ်သိန်း ၅၀၀ ကို ရွာသားများကို ပေးချေမည်ဟု ဦးတေဇက ပြောကြားပြီး
ထိုကျောက်တုံးများအနက် အများစုကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ အပ်လိုက်ပြီဖြစ်ကြောင်း၊
အနည်းငယ်ကိုမူ သူ့အိမ်တွင် သိမ်းဆည်းထားကြောင်း ပြောသည်။
ထို့ပြင် ယူရေနီယံများကို ကိုင်တွယ်မိသဖြင့် ရေဒီယိုသတ္တိကြွ အဆိပ်သင့်နေသည်ဟု ဦးတေဇက
ယူဆနေပြီး သူ့ခန္ဓာကိုယ်တွင် ကိုယ်တွင်းသွေးယိုသည့် လက္ခဏာများပင် ရှိနေကြောင်း ၎င်းက
ပြောကြားသည်။
နျူကလီးယာစွမ်းအင်နှင့် နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် အရေးပါသောသတ္တုဖြစ်သည့်
ယူရေနီယံသည် ရေဒီယိုသတ္တိကြွမှု အလွန်မြင့်မားပြီး လုံလောက်သော အကာအကွယ်မရှိဘဲ
ကိုင်တွယ်လျှင် သေသည်အထိ ထိခိုက်နိုင်သည်။
ဦးတေဇ က ၎င်းတွင် ရေဒီယိုသတ္တိကြွ အဆိပ်သင့်သည့် လက္ခဏာများ ခံစားနေရသည်ဟု
ပြောသော်လည်း ထိုကျောက်တုံး များလာရောက် ရောင်းချခဲ့သည့် ရွာသားနှစ်ဦးမှာမူ
ထိုလက္ခဏာမျိုး ထူးခြားစွာ ခံစားရသည်ကို မတွေ့ရပဲ ရွာသားတစ်ဦးကသာ "ကျွန်တော်တို့လည်း
နည်းနည်းတော့ ခံစားရပါတယ်" ဟု သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ရွာသားနှစ်ဦးကို သတင်းထောက်များက ထပ်မံမေးမြန်းရန် ကြိုးစားရာတွင် ၎င်းတို့ နှစ်ဦးသည်
ကိုအောင်နိုင်နှင့် ကိုထွန်းဝေ ဖြစ်ကြောင်းသာ ပြောဆိုခွင့်ရလိုက်ပြီး ဦးတေဇ ၏ ၀န်ထမ်းများက
၎င်းတို့ကို ခေါ်ဆောင်သွားခဲ့သည်။
http://myanmar.mmtimes.com/index.php/national-news/13259-2015-01-22-06-33-08.html

No comments:

Post a Comment