Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 11, 2015

ဖားကန့်မြို့ စွန့်ပစ်မြေစာပြိုကျမှု ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ


ဖားကန့် ဇန်နဝါရီ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မှော်မောင်းကုန်းနှင့် ဆွတ်နန်ကုန်းကြားရှိ ရတနာဆင်သီရိကျောက်မျက် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ ရုတ်တရက် ပြိုကျမှုကြောင့် သေဆုံးသူများကို ဇန်နဝါရီ ၁ဝ ရက်တွင် ကုမ္ပဏီ ဘက်ဟိုးယာဉ်များဖြင့် ဆက်လက် တူးဖော်ရှာဖွေနေသော်လည်း တစ်ဦး တစ်ယောက်မျှ ထပ်မံမတွေ့ရှိသေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အခုပျောက်ဆုံးနေတဲ့စာရင်းကို အုပ်ချုပ်မှုအဖွဲ့အစည်းတွေကို သတင်းပေးဖို့တောင်းထားတယ်။ ဒါပေမယ့် အမည်စာရင်းပေးပို့တဲ့သူတွေမရှိသေး ဘူး''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလေးက ပြောသည်။ အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ည ၇ နာရီ မိနစ်၂ဝ တွင် ဖြစ်ပွားခဲ့ပြီး ယင်းမြေစာပုံအောက်ခြေ၌ ယာယီ ဈေးဆိုင်တဲငယ် ခုနစ်ဆိုင်ခန့်၊ ဆိုင်ကယ် အစီး ၅ဝ ခန့်နှင့် ရေမဆေးကျောက် ရှာဖွေသူ ၂ဝ၊ ၃ဝခန့်ရှိကြောင်းသိရသည်။

ယင်းမြေစာပိပျောက်ဆုံးနေသူများအား ရတနာဆင်သီရိကုမ္ပဏီနှင့် ဇေကမ္ဘာကုမ္ပဏီတို့မှ ဘက်ဟိုးယာဉ် လေးစီးဖြင့် ဇန်နဝါရီ ၇ ရက် နံနက် ပိုင်းမှစ၍ တူးဖော်ရှာဖွေခဲ့ရာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့၏ ရုပ်အလောင်းများကိုသာ တူးဖော်တွေ့ ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖားကန့်မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၂/၂ဝ၁၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေဆိုင်းနော်(ဖားကန့်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment