Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

နီဗာဒါးသဲကန္တာရမှ သစ်ပင်တစ်ပင်တွင် ထောင်လျက်ရှိနေသော နှစ်ပေါင်း ၁၃၂နှစ် သက်တမ်းရှိ ရိုင်ဖယ်သေနတ်တစ်လက်တွေ့ရှိ

နီဗာဒါးသဲကန္တာရအရှေ့ဘက် ရှိ Great Basin အမျိုးသားဥယျာဉ် တွင် နှစ်ပေါင်း ၁၃၂နှစ်သက်တမ်း ရှိ ရိုင်ဖယ်သေနတ်တစ်လက်ကိုရှာ တွေ့ခဲ့ကြောင်း The Guardian သတင်းအရ သိရသည်။

ယင်းကို ဥယျာဉ်အတွင်း လေ့ လာမှုပြုလုပ်နေသည့် ရှေးဟောင်း သုတေသီ အဖွဲ့က ရှာတွေ့ခဲ့ခြင်းဖြစ် ပြီး ထိုသေနတ်သည် ဝင်ချက်စတာ မော်ဒယ် ၁၇၇၃ အမျိုးအစားရိုင်ဖယ် သေနတ်ဖြစ်သည်။ ယင်းကို ဂျူနီပါ အပင်ခြေရင်းတွင် ထောင်ထားလျက် တွေ့ခဲ့ရခြင်းဖြစ်ပြီး ထိုသေနတ်ကို လွန်ခဲ့သော ရာစုနှစ်တစ်ခုအကျော် တွင် ပိုင်ရှင်က အပင်တွင်ထောင် လျက် မေ့ခဲ့ခြင်းဖြစ်နိုင်သည်။

မှတ် တမ်းများအရ ထိုသေနတ်ကို လွန် ခဲ့သော ၁၈၈၂ခုနှစ်တွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်ဟုသိရပြီး ယင်းကို ထောင်လျက် ရှာတွေ့ခဲ့ခြင်းမှာ အလွန်အံ့အားသင့်စရာ ကောင်းသည် ဟု Great Basin ဥယျာဉ်မှ မီဒီယာ အရာရှိနီ ကိုးအန်လာက ပြောသည်။

တွေ့ရှိခဲ့ရသော သေနတ်တွင် ဥယျာဉ်၏ ကန္တာရအပူချိန်ကြောင့် သေနတ်ဒင်မှ သစ်သားများသည် ကွဲအက်ကာပျက်စီးယိုယွင်းနေပြီး ယင်း၏ ပြောင်းသည်လည်း သံချေး ပင်တက်နေပြီဖြစ်သည်။ သို့သော် ယခုအထိ ထိုသေနတ်ကို မည်သည့် နေရာမှ မည်သူထုတ်လုပ်သည်ဆို ခြင်းကိုတော့ ကျွမ်းကျင်သူအတိအ ကျပြောနိုင်ခြင်းမရှိသေးပေ။

အန်ဒါ ၏ အဆိုအရတွေ့ရှိခဲ့ရသော နှစ် ပေါင်း ၁၃၂ နှစ်သက်တမ်းရှိ ရိုင်ဖယ် သေနတ်ကို ထပ်မံမပျက်စီးစေရန် ကျွမ်းကျင်သူများက ထိန်းသိမ်းမှုပြု လုပ်မည်ဖြစ်ပြီး ယင်းကို ဥယျာဉ်တွင် ပြသထားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ref: The Guardian

‪#‎Democracytoday‬

No comments:

Post a Comment