Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

မြတ်နိုင်ချေရှိသည့်လုပ်ငန်းတိုင်း စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ က လုပ်ကိုင်ခွင့်ရ ဟု အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပြောကြား



တပ်မတော်မှ အငြိမ်းစားများဖြင့် လည်ပတ်နေသည့် မြန်မာ့စီးပွားရေးဦးပိုင် သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအ၀င် မြတ်နိုင်ချေရှိသည့် လုပ်ငန်းများကို ရတက် သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ဒီဇင်ဘာ ၃၁ ရက်တွင် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာ တွင်
ရေးသား ခဲ့ကြောင်း သိရသည်။

“ဦးပိုင်က ကျနော်သိသလောက် မြတ်နိုင်ခြေရှိတဲ့လုပ်ငန်းဆို ရတတ် ပါတယ် မြန်မာဘီယာ ၊ရက်ရူဘီ ၊သတ္တုကျောက်မျက်တူးဖော်ရေး ၊ဘိလပ်မြေ၊ ကုန်တိုက်ကြီးများ လုပ်ငန်း၊ ပင်လယ်ကူး သင်္ဘောသယ်ယူပို့ဆောင်ရေး။ ကား လုပ်ငန်း၊တယ်လီဖုန်း၊ရာဘာ ၊ဆီအုန်းစိုက်ပျိုးရေး ၊စသဖြင့်တော်တော်များများ တပ်အငြိမ်းစားများနဲ့ လည်ပါတ်နေပါတယ်၊ လက်ပန်းတောင်းတောင်ကြေးနီ အပါအဝင်ပေါ့” ဟုလည်း ဦးလှဆွေက ဆိုသည်။

ဦးပိုင်ကုမ္မဏီလီမိတက်ဆိုသည်မှာ တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုများအတွက် ထည့်ဝင်ရှယ်ယာပေါ်မူတည်ပြီး ၃၀ ရာခိုင်နှုန်း အတိုးပေး ထားသည့် တပ်မတော်ပိုင် ကုမ္မဏီဖြစ်ကြောင်း၊ တပ်မတော်သား တစ်ဦးချင်း လည်း ရှယ်ယာထည့်ဝင်၍ ရကြောင်း ဦးလှဆွေက ရေးသားခဲ့သည်။

၎င်းအနေဖြင့် တစ်ဦးခြင်းရှယ်ယာ ၅၀၀၀ ကျပ် ပိုင်ဆိုင်သည်ဟုလည်းဆိုသည်။

ထို့အတူ တပ်မတော်သည် စစ်တိုက်ရန်မရှိသည့် အခါ ပြည်သူ့အကျိုးပြုလုပ် ရန် ဆောင်ရွက်ရကြောင်း ၊ ဥပမာအားဖြင့် ရထားလမ်း၊ ကားလမ်းများ ဖောက် လုပ်ရာတွင် ၀င်ရောက်လုပ်ကိုင်ရသည်။ ထိုအခါ လမ်းခင်းကျောက်ကို သတ်မှတ်ဈေးနှုန်းဖြင့် သွင်းပြီး ရဲဘော်များ ကျောက်ထုရသည်ဟုလည်း ဆိုထားသည်။

“တချို့အကြပ်တွေက ကျနော်တို့ မကြားကြားအောင် စောင်းမြောင်း ပြီး နောက်ပြောင် တတ်ပါတယ် ။သူတို့ပြောတာက "ရဲဘော်ဆိုတာ တကယ်တော့ ရဲဘက်ပါဘဲကွာ" တဲ့ ကျောက်ထုရတာကို မကြေနပ်လို့ပြော တာပါ။ ဒါပေမဲ့ ရသမျှ ကျောက်ကျင်းတွေအတွက် ရငွေတွေကို ဦးပိုင် ရှယ်ယာသွင်းလိုက်ပြီး ရတဲ့ အတိုး ၃၀%နဲ့ ကျောင်းသားတွေ ကျောင်း ဖွင့်ချိန် ကျောင်းအပ်တာ အဖြူအစိမ်း ကျောင်းဝတ်စုံ၊ ဗလာစာအုပ် ၊ ရဲမေ မီးဖွားလျှင်ထောက်ပံ့ကြေး၊ရဲဘော်သင်တန်းစာရိတ်၊အားလုံးကျခံပါတယ် ။တပ်စာရင်းကိုင် ကလည်း ဦးပိုင်ရှယ်ရှာအမြတ်ကို စနစ်တကျသုံးစွဲမှု့ ရှိမရှိ စစ်ရပါတယ်၊ တပ်မတော်တရပ်လုံးအတွက် စာရင်းတွေကိုတော့ ဗိုလ်ချုပ်လွန်းမောင် တို့လို တပ်မတော်စစ်ဆေးရေး အရာရှိချုပ်တွေက စစ်ရတာပါ”ဟု ၎င်းက ရေးသားထားသည်။

တပ်မတော်က စီးပွားရေးလုပ်ကိုင်နေသည် မှာ တရုတ် တပ်မတော် PLA ၏ နည်းလမ်း အတိုင်းဖြစ်ကြောင်း၊ တရုတ်ပြည် မချမ်းသာခင် ကာလက PLA သည် သူ့ငွေ သူရှာပြီးရပ်တည်ခဲ့သည်။ ကျန်ဇီမင်း လက်ထက်ဟု ယူဆရသည့် ကာလက တရုတ်တပ်မတော်လိုအပ်သမျှ နိုင်ငံတော်က ပံ့ပိုးလာနိုင်သည့်အခါ ဦးပိုင် ကဲ့သို့ စီးပွားရေး လုပ်ကိုင်နေသည့် တရုတ်တပ် မတော်သည် တပ်ပိုင် စီးပွားရေး လုပ်ငန်းအားလုံးကို နိုင်ငံတော်ကို လွှဲပြောင်းခဲ့ကြောင်း ရှင်းပြ ခဲ့သည်။

“ကျနော်ထင်ပါတယ် မြန်မာပြည်ဘတ်ဂျက်က မြန်မာ့တပ်မတော်ကို လိုလေသေးမရှိ ထောက်ပံ့နိုင်တဲ့တနေ့ ဦးပိုင် ပျောက်သွားမှာပါ ။ လောလော ဆယ်တော့ ရဲဘော်၊ အရာရှိငယ် မပြောနဲ့ အရာရှိကြီးတွေတောင် ယူနီဖောင်နတီ မဖြစ်နိုင်သေး ပါဘူး ၊ ရူးဖိနပ်တွေကိုဘဲကြည့်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဦးပိုင်နှင့် ပတ်သက်၍ ၎င်း၏ Facebook စာမျက်နှာ တွင် ရေးသားခဲ့သည်။

The Ladies News Journal

No comments:

Post a Comment