Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 23, 2015

အချင်းချင်း ရန်ဖြစ်ပြီး ဆေးရုံရောက်သွားကြတဲ့ သက်ကြီးရွယ်အိုလင်မယားက သူတို့ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို မေ့လျော့နေ

Charlene Earle အသက် (၈၃)နှစ် နဲ့ အသက် ၈၇ နှစ်ရှိ Charles Earle တို့ လင်မယားနှစ်ဦး သူတို့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့ အမေရိကန်နိုင်ငံ Florida Hospital Fish Memorial ဆေးရုံသို့ ကားဖြင့် ရောက်လာကြတယ်။

ည ၁၁ နာရီဝန်းကျင် ဆေးရုံသို့ ရဲတွေ ရောက်လာကြတယ်။

လက်ထပ်တာ (၆၄) နှစ်တိုင်တိုင် အတူရှိခဲ့ပြီးပြီဖြစ်ြတဲ့ ၄င်းတို့လင်မယားဟာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တိုက်ခိုက်ခဲ့ကြောင်း သူနာပြုတစ်ဦးက ရဲအရာရှိများကို ပြောပြခဲ့တယ်။

ပြင်းထန်တဲ့ ပွန်းရှရာနဲ့ အရေပြားပေါက်ပြဲရာတွေနဲ့ သူတို့နှစ်ဦးဟာ ဒဏ်ရာတွေ အသီးသီး ခံစားခဲ့ကြရပါတယ်။

သူတို့နှစ်ဦးလုံးက အကြောင်းပြချက်ပေးဖို့ ငြင်းဆိုခဲ့ကြပြီး ဖြစ်ပျက်ပုံအကြောင်းစုံ သို့မဟုတ် သူတို့ငြင်းခုံခဲ့ကြတဲ့ အကြောင်းအရာကို မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။ Mrs Earle ကိုတော့ ရိုက်နက်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

Ref: Metro
http://www.trend.com.mm/2015/01/22/news-5571

No comments:

Post a Comment