Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 7, 2015

မီးတောင်ဝမှာ သကြားလုံး ကင်စားသူ



မီးတောင်ဝမှာ ကင်စားတဲ့ အကြောင်း မပြောခင် ကင်စားလို့ ရတဲ့ သကြားလုံး အကြောင်း အရင်ပြောဖို့ လိုမယ်လို့ ယုံကြည်ပါတယ်။ Marshmallow လို့ခေါ်တဲ့ Sugar Candy (သကြားလုံး) တစ်မျိုးကို အနောက်တိုင်းမှာ စားသုံးကြပြီး ယင်း သကြားလုံးကိုလည်း ထူးထူးခြားခြား ကင်ဆားတတ်ကြ ပါတယ်။ များသော အားဖြင့် camping သွားတဲ့အခါ ကင်စားတတ်ကြပါတယ်။ 

သူ့ဆီက ထွက်လာတဲ့ အရည်နဲ့ မီးကင်ထားတဲ့ အနံ့ကြောင့်မို့ ယင်း သကြားလုံးကို ပိုကြိုက်ကြသတဲ့။ ယင်း သကြားလုံးကို camping သွားချိန် ကင်ဆားတာ သူတို့အတွက် မထူးဆန်းပေမယ့် ပုံမှာ မြင်တွေ့နေရတဲ့ လူကတော့ မီးတောင်ဝကနေ ကင်ဆားနေတာကြောင့် ထူးဆန်းသွားပါတယ်။ သြစတေးလျနိုင်ငံ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ မီးတောင်နိုင်ငံလို့ ထင်ရှားတဲ့ ဗနွားတူးနိုင်ငံမှာ ဖြစ်ပါတယ်။ မီးတောင်လေ့လာရေး ပညာရှင် နှစ်ဦးဟာ Ambrym ကမီးတောင် ထိပ်ဝအထိ တက်ခဲ့ပြီး ယခုလို camp ပြုလုပ်လို့ သကြားလုံး ကင်စားခဲ့ကြ ပါတယ်။

၄၀၀ မီတာ အနက်ရှိတဲ့ လျှော်ရည်ပူထွက်နေတဲ့ မီးတောင်ဝမှာ Marshmallow ကို အေးအေးဆေးဆေး နားနားနေနေ ကင်သလို ကင်ပြီး စားနေတဲ့ ပုံကြောင့် အင်တာနက်မှာ ရေပန်းစားလာ ခဲ့ပါတယ်။
.
Ref: Metro, wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment