Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

ကျိုက်ထိုမြို့ ဘုရားကြီးကျေးရွာ၌ လူသတ်မှုဖြစ်ပွား


ကျိုက်ထို ဇန်နဝါရီ ၁၅

ကျိုက်ထိုမြို့နယ် ဘုရားကြီး ကျေးရွာ၌ ဇန်နဝါရီ ၁၃ ရက် ည ၁၁ နာရီခန့်က လူသတ်မှုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ဘုရားကြီးကျေးရွာ တာဘောင်လမ်းနေ ဒေါ်ရီ(၄၆ နှစ်)နေအိမ်၌ရှိနေစဉ် နေအိမ်ခေါင်းရင်း နေ ဝင်းထွဋ်စိုး(၃၅ နှစ်)သည် သောက်စားမူးယစ်ပြီး ဒေါ်ရီအား အော်ဟစ်ဆဲဆိုနေသည့်အတွက် ဒေါ်ရီက ကျေးရွာအုပ်ချုပ်ရေးမှူး ထံတွင် တိုင်ကြားရန် ညီမဖြစ်သူ ဒေါ်ဖြူ(၄၅ နှစ်) ကို ခေါ်ယူလျက် တာဘောင်လမ်းအတိုင်း ထွက်ခွာ လာရာ ဝင်းထွဋ်စိုးက နောက်မှ လိုက်လာပြီး ချွန်ထက်သည့်လက် နက်ဖြင့် လိုက်လံထိုးနှက်မှုကြောင့် ဒေါ်ရီတွင် ဒဏ်ရာများဖြင့်သေဆုံး ခဲ့ပြီး ဒေါ်ဖြူမှာ ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့၍ ကျိုက်ထိုပြည်သူ့ ဆေးရုံသို့ တင်ပို့ကာ ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး ဝင်းထွဋ်စိုးမှာ အခင်းဖြစ်ပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ကျိုက်ထိုမြို့မ ရဲစခန်းက အမှုဖွင့်လှစ်ပြီး ပြစ်မှု ကျူးလွန်သူဝင်းထွဋ်စိုးကို ဖမ်းဆီးရ မိရေးအတွက် စုံစမ်းရှာ ဖွေလျက်ရှိ ကြောင်း သိရသည်။

ဝင်းမောင်(iprd)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment