Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

တရားမ၀င်သစ်ခုတ်မှုဖြင့် ဖမ်းဆီးခံနေရသူများကိစ္စ မှန်မှန်ကန်ကန်ကိုင်တွယ်ရန် တရုတ်အစိုးရ တိုက်တွန်း


မြန်မာနိုင်ငံထဲမှာ တရားမ၀င် သစ်ခုတ်ရောင်းချမှုဖြင့်  ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံ သားတွေကိစ္စ မှန်မှန်ကန်ကန် ကိုင်တွယ် ဆောင်ရွက်ပေးဖို့  တရုတ်အစိုးရက တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်မြန်မာနယ်စပ်  ကချင်ပြည်နယ်ထဲမှာ  တရားမ၀င် သစ်ခုတ်ရောင်းချတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို မြန်မာဘက်က ဖမ်းဆီး အရေး ယူထားတဲ့ သတင်းတွေ ထွက်လာပြီး နောက်ခုလို တရုတ်ဘက်က တရားဝင် ထုတ်ပြန်လိုက်တာပါ။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်းလီက   မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးအနေနဲ့ ဒီကိစ္စ အသေးစိတ် စိစစ်စုံစမ်းမှုတွေပြုလုပ်နေပြီး ဒီအမှု ကို တရားသဖြင့် မျှမျှတတ ကိုင်တွယ်ဆောင်ရွက်ပေးစေလိုတယ်လို့  တရုတ်နေ့စ ဉ်သတင်းစာ မှာပြောပါတယ်။

‘တရုတ်-မြန်မာနယ်စပ်တလျောက် ဘေးကင်းလုံခြုံဥပဒေစိုးမိုးမှုရှိပြီး ဒီကိစ္စကိုမြန်မာနဲ့ အတူမှန်မှန်ကန်ကန်မျှမျှတတဖြစ်အောင်ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ဖို့ တရုတ်တို့ဘက်က ဆန္ဒရှိပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေအားလုံးရဲ့ တရားဥပဒေဆိုင်ရာအခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ်ရဖို့ သေချာစေချင်ပါတယ်’လို့ပြောပါတယ်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ထဲမှာ တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရာမှာ ဇန်န၀ါရီလ ၂ ရက်နေ့ကနေ ၅ ရက်အထိ တဖက်နိုင်ငံသား အမျိုးသား ၁၁၄ ဦး အမျိုးသမီး ၅ ဦး ကို သစ်ထုတ်ရာမှာ အသုံးပြုတဲ့ ယာဉ်တွေ၊ မူးယစ်ဆေးဝါးနဲ့ တရုတ်ယွမ်ငွေတွေနဲ့ အတူဖမ်းမိပြီး ဇန်န၀ါရီလ ၅ ရက်နေ့မှာလည်း တဖက်နိုင်ငံသား အမျိုးသား ၁၇ ဦး ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ အစိုးရက  သတင်း ထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76329

No comments:

Post a Comment