Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

ပုဇွန်တောင်မြို့ နယ်ရှိ တိုက်ခန်းတခုအတွင်း အပုပ်နံ့ရသဖြင့် ၀င်ကြည့်ရာ အမျိုးသမီး တဦးသေဆုံးနေ


တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သူ အမျိုးသမီးအား သေဆုံးလျက် တွေ့ရှိသဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇန်န၀ါရီ ၃

၂.၁.၂၀၁၅ ရက်နေ့ ၁၁၃၀ အချိန် ပုဇွန်တောင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်ရှိ တိုက်(၆)လွှာ အခန်းတွင် အပုပ်နံ့ရကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ တံခါးအား အတွင်းမှ ဂျက်ထိုး ပိတ်ထားသည်ကို တွေ့ရှိရသဖြင့် တံခါးအားဖျက်၍ ၀င်ရောက်
စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဧည့်ခန်းတွင်ရှိသော သစ်သားကွပ်ပျစ်ပေါ်တွင် ဒေါ်စီမေရီ (ခ)ဒေါ်အန်နာ၊ (၆၂)နှစ်မှာ ပြင်ပဒဏ်ရာမရှိဘဲ မှောက်လျက်အနေအထားဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းသည် ခင်ပွန်းနှင့် သားဖြစ်သူတို့ ကွယ်လွန်သွားခဲ့ပြီးနောက် အဆိုပါ တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူ ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ပုဇွန်တောင်မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅) ဖြင့် ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment