Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 18, 2015

ဘဂၤလားေဒ့ခ်္မွ ရခိုင္မ်ိဳးႏြယ္စု၀င္ ၆၅ ဦး ခိုလံုရန္ ေက်ာက္ေတာ္ၿမိဳ႕သို႕ေရာက္ရွိ

စံေမာင္သန္း

(စစ္ေတြ) ဇန္န၀ါရီလ ၁၇ ရက္
 (ဘဂၤလာေဒခ်္႕ႏိုင္ငံ စစ္တေကာင္းေတာင္တန္းေဒသမွ ဌာေနတိုင္းရင္းသား ဗုဒၶဘာသာ၀င္မ်ား၏ ေနအိမ္မ်ားအား ဘဂၤလီ အေျခခ်သူမ်ားက ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္ေန႕က မီးရွိဳ႕ တိုက္ခိုက္ထားစဥ္။ သုိ႕ေသာ္လည္း UN စေသာ ႏိုင္ငံတကာ အဖြဲ႕အစည္းၾကီးမ်ားမွ တစ္စံုတစ္ရာ ရွဳတ္ခ် ေျပာဆိုျခင္းမရွိဘဲ တည္ျငိမ္ေနျပီ ျဖစ္ေသာ ရခိုင္ျပည္နယ္ အေရးတြင္သာ တဖက္သတ္ ၀င္ေရာက္ စြက္ဖက္ ေျပာဆိုေနသည္မွာ အထူးစဥ္းစားစရာ ျဖစ္ေနသည္။)
(ဘဂၤလာေဒခ်္႕ႏိုင္ငံ စစ္တေကာင္းေတာင္တန္းေဒသမွ ဌာေနတိုင္းရင္းသား ဗုဒၶဘာသာ၀င္မ်ား၏ ေနအိမ္မ်ားအား ဘဂၤလီ အေျခခ်သူမ်ားက ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္ေန႕က မီးရွိဳ႕ တိုက္ခိုက္ထားစဥ္။ သုိ႕ေသာ္လည္း UN စေသာ ႏိုင္ငံတကာ အဖြဲ႕အစည္းၾကီးမ်ားမွ တစ္စံုတစ္ရာ ရွဳတ္ခ် ေျပာဆိုျခင္းမရွိဘဲ တည္ျငိမ္ေနျပီ ျဖစ္ေသာ ရခိုင္ျပည္နယ္ အေရးတြင္သာ တဖက္သတ္ ၀င္ေရာက္ စြက္ဖက္ ေျပာဆိုေနသည္မွာ အထူးစဥ္းစားစရာ ျဖစ္ေနသည္။)
ဘဂၤလားေဒ့ခ်္ ႏိုင္ငံမွ ထြက္ေျပးလာေသာ ရခိုင္မ်ိဳးႏြယ္စု၀င္ ၆၅ ဦးသည္ ဇန္န၀ါရီလ ၁၇ ရက္ေန႕က ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ျမိဳ႕သို႕ ေရာက္ရွိလာသည္။
သူတို႕ မွာ ဘဂၤလာေဒခ်္႕ ႏိုင္ငံ ဘင္ဒရိုဘင္ ခရိုင္ (ရြာေတာ္) အပိုင္ စစ္တေကာင္း ေတာင္းတန္းနယ္၊ တန္းဆိပ္ၿမိဳ႕နယ္ ေက်ာက္ဖ်ာေက်းရြာမွ ျဖစ္ၾကျပီး အိမ္ေထာင္စု ၁၃ စု၊ လူဦးေရ ၆၅ ဦး ျဖစ္သည္။
သူတို႕သည္ ေက်ာက္ေတာ္ၿမိဳ႕သို႔ ႏွစ္သုတ္ခြဲ၍ ၀င္ေရာက္ခိုလႈံလာသည္ဟု ေက်ာက္ေတာ္ၿမိဳ႕မွ ရပ္မိရပ္ဖလည္းျဖစ္၊ ရခိုင္အမ်ိဳးသားပါတီ ANP မွ ဗဟိုအလုပ္အမႈေဆာင္ေကာ္မီတီ၀င္ တစ္ဦးလည္းျဖစ္သူ ဦးေအးေစာက နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။
“ သူတို႔၀င္ေရာက္လာတာက ဇန္န၀ါရီလ ၁၆ ရက္ေန႔က အိမ္ေထာင္စု ၃ စု၊ လူဦးေရက ၁၄ ဦးပါ။ ဇန္န၀ါရီလ ၁၇ ရက္ေန႕မွာ ေနာက္ထပ္  ၀င္ေရာက္လာတာက အိမ္ေထာင္စု ၁၀ စု၊ လူဦးေရက ၅၁ ေယာက္ပါ။ အားလံုးဆိုရင္ေတာ့ အိမ္ေထာင္စု ၁၃ စု၊ စုစုေပါင္း လူဦးေရက ၆၅ ဦးျဖစ္ပါတယ္”ဟု ဦးေအးေစာက ေျပာသည္။
ယင္းထြက္ေျပးလာသူမ်ားထဲတြင္ အသက္အငယ္ဆံုး တစ္ႏွစ္သားအရြယ္ ကေလးငယ္မွသည္ အသက္အႀကီးဆံုး ၅၆ ႏွစ္အထိပါ၀င္သည္ဟု သိရွိရသည္။
စစ္တစ္ေကာင္း ေတာင္းတန္းနယ္တြင္ ေနထိုင္ၾကေသာ ရခိုင္လူမ်ိဳးအမ်ားစုတို႔သည္ ေတာင္ယာလုပ္ငန္းကို အဓိကထား အသက္ေမြး၀မ္းေက်ာင္း လုပ္ကိုင္ေနၾကၿပီး၊ သူတို႔ေတာင္ယာမ်ားကို ဘဂၤလီမူဆလင္မ်ားက သိမ္းပိုက္ျခင္း၊ ထြက္ရွိေသာ ဟင္းသီးဟင္းရြက္မ်ားကို မေရာင္းမေနရ ေစ်းႏွိမ္၀ယ္ယူျခင္းႏွင့္ ေက်ာင္းတက္သည့္ ေက်ာင္းသူမ်ားကို မူဆလင္တို႔ ဓေလ့အတိုင္း ခ်ာရီျခံဳရန္ ဖိအားလာမႈတို႔ေၾကာင္း ယခုကဲ့သို႔ ထြက္ေျပးလာရျခင္း ျဖစ္သည္ဟု သူတို႕က ေျပာဆိုသည္။
ယင္းထြက္ေျပးလာသူမ်ားကို ေက်ာက္ေတာ္ၿမိဳ႕ေပၚရွိ ၿမိဳ႕နယ္သာသနာ့ဗိမာန္တြင္ အေရးေပၚ ကယ္ဆယ္ေရးစခန္းဖြင့္၍ ယာယီကူညီ ေစာင့္ေရွာက္ထားေၾကာင္း သိရသည္။
ယင္းထြက္ေျပး ခိုလႈံလာသူမ်ားထဲတြင္ နာမက်န္းျဖစ္ေနသူမ်ားလည္း ပါရွိသျဖင့္ ၿမိဳ႕နယ္ ဆရာ၀န္ႀကီးႏွင့္ ရပ္မိရပ္ဖမွ ေခါင္းေဆာင္ ေဒါက္တာထြန္းေအးတို႔ႏွင့္ ညွိႏိႈင္းကာ ေဆး၀ါးကုသ ျပဳစုေစာင့္ေရွာက္ လွ်က္ရွိေၾကာင္း သိရသည္။
Rangamati-Burn-pic
“ေရတိုမွာေတာ့ သိပ္ျပႆနာမရွိေသးဘူး။ ေရရွည္မွာေတာ့ အခက္အခဲေတြ႕ႏိုင္ပါတယ္။ ဒီလူေတြ စားနပ္ရိကၡာနဲ႔၊ အ၀တ္အထည္ေတြ ရရွိေရးအတြက္ ရခိုင္တိုင္းရင္းသားေတြအပါအ၀င္ ျမန္မာႏိုင္ငံမွာ အတူတကြေနထိုင္ေနၾကတဲ့ တိုင္းရင္းသား ညီအကိုယ္ေမာင္ႏွမေတြက ၀ိုင္း၀န္း ကူညီေစခ်င္ပါတယ္ ” ဟု အေရးေပၚကယ္ဆယ္ေရး အဖြဲ႕၀င္ ဦးေအးေစာက ဆက္လက္ ေျပာဆိုသည္။
ယင္းထြက္ေျပးလာသူမ်ား ေရရွည္ရပ္တည္ႏိုင္ေရးအတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအာဏာပိုင္မ်ား၊ လူ၀င္မႈႀကီးၾကပ္ေရး တာ၀န္ရွိသူမ်ားသို႔လည္း အစီရင္ခံတင္ျပထားေၾကာင္း သိရသည္။
ေငြေၾကးကူညီခ်င္သူမ်ားအေနျဖင့္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕၀င္ ဦးေအးေစာ (၀၉-၂၅၄-၆၉၀-၈၅၉) သို႔ ဆက္သြယ္ကူညီႏိုင္ေၾကာင္း သိရသည္။
ယခုထြက္ေျပးလာသူမ်ားသည္ ၂၀၁၅ ခုႏွစ္ အတြင္း ဒုတိယအႀကိမ္ေျမာက္ျဖစ္ၿပီး ပထမအၾကိမ္က  ၃၁ ဦး ခုိလံုရန္ ေရာက္ရွိခဲ့သည္။ ေနာက္ထပ္လည္း ထြက္ေျပးခိုလံႈလိုသူမ်ား အမ်ားအျပား ရွိေနေသးေၾကာင္း စံုစမ္း သိရွိရသည္။
http://www.narinjara.com/burmese/?p=13386
......................................................................................
စံမောင်သန်း

(စစ်တွေ) ဇန်နဝါရီလ ၁၇ ရက်
(ဘင်္ဂလာဒေချ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှ ဌာနေတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်များအား ဘင်္ဂလီ အခြေချသူများက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မီးရှို့ တိုက်ခိုက်ထားစဥ်။ သို့သော်လည်း UN စသော နိုင်ငံတကာ အဖွဲ့အစည်းကြီးများမှ တစ်စုံတစ်ရာ ရှုတ်ချ ပြောဆိုခြင်းမရှိဘဲ တည်ငြိမ်နေပြီ ဖြစ်သော ရခိုင်ပြည်နယ် အရေးတွင်သာ တဖက်သတ် ဝင်ရောက် စွက်ဖက် ပြောဆိုနေသည်မှာ အထူးစဥ်းစားစရာ ဖြစ်နေသည်။)

(ဘင်္ဂလာဒေချ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှ ဌာနေတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်များအား ဘင်္ဂလီ အခြေချသူများက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မီးရှို့ တိုက်ခိုက်ထားစဥ်။ သို့သော်လည်း UN စသော နိုင်ငံတကာ အဖွဲ့အစည်းကြီးများမှ တစ်စုံတစ်ရာ ရှုတ်ချ ပြောဆိုခြင်းမရှိဘဲ တည်ငြိမ်နေပြီ ဖြစ်သော ရခိုင်ပြည်နယ် အရေးတွင်သာ တဖက်သတ် ဝင်ရောက် စွက်ဖက် ပြောဆိုနေသည်မှာ အထူးစဥ်းစားစရာ ဖြစ်နေသည်။)

ဘင်္ဂလားဒေ့ချ် နိုင်ငံမှ ထွက်ပြေးလာသော ရခိုင်မျိုးနွယ်စုဝင် ၆၅ ဦးသည် ဇန်နဝါရီလ ၁၇ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ရောက်ရှိလာသည်။

သူတို့ မှာ ဘင်္ဂလာဒေချ့် နိုင်ငံ ဘင်ဒရိုဘင် ခရိုင် (ရွာတော်) အပိုင် စစ်တကောင်း တောင်းတန်းနယ်၊ တန်းဆိပ်မြို့နယ် ကျောက်ဖျာကျေးရွာမှ ဖြစ်ကြပြီး အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၆၅ ဦး ဖြစ်သည်။

သူတို့သည် ကျောက်တော်မြို့သို့ နှစ်သုတ်ခွဲ၍ ဝင်ရောက်ခိုလှုံလာသည်ဟု ကျောက်တော်မြို့မှ ရပ်မိရပ်ဖလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ ANP မှ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် တစ်ဦးလည်းဖြစ်သူ ဦးအေးစောက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူတို့ဝင်ရောက်လာတာက ဇန်နဝါရီလ ၁၆ ရက်နေ့က အိမ်ထောင်စု ၃ စု၊ လူဦးရေက ၁၄ ဦးပါ။ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ နောက်ထပ်  ဝင်ရောက်လာတာက အိမ်ထောင်စု ၁ဝ စု၊ လူဦးရေက ၅၁ ယောက်ပါ။ အားလုံးဆိုရင်တော့ အိမ်ထောင်စု ၁၃ စု၊ စုစုပေါင်း လူဦးရေက ၆၅ ဦးဖြစ်ပါတယ်”ဟု ဦးအေးစောက ပြောသည်။

ယင်းထွက်ပြေးလာသူများထဲတွင် အသက်အငယ်ဆုံး တစ်နှစ်သားအရွယ် ကလေးငယ်မှသည် အသက်အကြီးဆုံး ၅၆ နှစ်အထိပါဝင်သည်ဟု သိရှိရသည်။

စစ်တစ်ကောင်း တောင်းတန်းနယ်တွင် နေထိုင်ကြသော ရခိုင်လူမျိုးအများစုတို့သည် တောင်ယာလုပ်ငန်းကို အဓိကထား အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြပြီး၊ သူတို့တောင်ယာများကို ဘင်္ဂလီမူဆလင်များက သိမ်းပိုက်ခြင်း၊ ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို မရောင်းမနေရ စျေးနှိမ်ဝယ်ယူခြင်းနှင့် ကျောင်းတက်သည့် ကျောင်းသူများကို မူဆလင်တို့ ဓလေ့အတိုင်း ချာရီခြံုရန် ဖိအားလာမှုတို့ကြောင်း ယခုကဲ့သို့ ထွက်ပြေးလာရခြင်း ဖြစ်သည်ဟု သူတို့က ပြောဆိုသည်။

ယင်းထွက်ပြေးလာသူများကို ကျောက်တော်မြို့ပေါ်ရှိ မြို့နယ်သာသနာ့ဗိမာန်တွင် အရေးပေါ် ကယ်ဆယ်ရေးစခန်းဖွင့်၍ ယာယီကူညီ စောင့်ရှောက်ထားကြောင်း သိရသည်။

ယင်းထွက်ပြေး ခိုလှုံလာသူများထဲတွင် နာမကျန်းဖြစ်နေသူများလည်း ပါရှိသဖြင့် မြို့နယ် ဆရာဝန်ကြီးနှင့် ရပ်မိရပ်ဖမှ ခေါင်းဆောင် ဒေါက်တာထွန်းအေးတို့နှင့် ညှိနှိုင်းကာ ဆေးဝါးကုသ ပြုစုစောင့်ရှောက် လျက်ရှိကြောင်း သိရသည်။

Rangamati-Burn-pic

“ရေတိုမှာတော့ သိပ်ပြဿနာမရှိသေးဘူး။ ရေရှည်မှာတော့ အခက်အခဲတွေ့နိုင်ပါတယ်။ ဒီလူတွေ စားနပ်ရိက္ခာနဲ့၊ အဝတ်အထည်တွေ ရရှိရေးအတွက် ရခိုင်တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံမှာ အတူတကွနေထိုင်နေကြတဲ့ တိုင်းရင်းသား ညီအကိုယ်မောင်နှမတွေက ဝိုင်းဝန်း ကူညီစေချင်ပါတယ် ” ဟု အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင် ဦးအေးစောက ဆက်လက် ပြောဆိုသည်။

ယင်းထွက်ပြေးလာသူများ ရေရှည်ရပ်တည်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များ၊ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများသို့လည်း အစီရင်ခံတင်ပြထားကြောင်း သိရသည်။

ငွေကြေးကူညီချင်သူများအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးအေးစော (၀၉-၂၅၄-၆၉၀-၈၅၉) သို့ ဆက်သွယ်ကူညီနိုင်ကြောင်း သိရသည်။

ယခုထွက်ပြေးလာသူများသည် ၂၀၁၅ ခုနှစ် အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်က  ၃၁ ဦး ခိုလုံရန် ရောက်ရှိခဲ့သည်။ နောက်ထပ်လည်း ထွက်ပြေးခိုလှုံလိုသူများ အများအပြား ရှိနေသေးကြောင်း စုံစမ်း သိရှိရသည်။

No comments:

Post a Comment