Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

ဗိုလ်ချုပ်မွေးနေ့မှာ ကဖို့နေရာအဆင်မပြေလို့ ရက်စောပြီးကမယ့် နှင်းဆီအဖွဲ့

နှင်းဆီအဖွဲ့၏ ဖျော်ဖြေပွဲကို ယခင်က ဗိုလ်ချုပ်၏ နှစ်တစ်ရာပြည့်မွေးနေ့တွင် ကပြရန် စီစဉ်ခဲ့ သော်လည်း ပွဲကျင်းပမည့် နေရာအဆင်မပြေသောကြောင့် ယင်းနေ့မတိုင်မီကျင်းပသွားမည် ဖြစ်ကြောင်း ဒါရိုက်တာမောင်မျိုး မင်းကပြောသည်။

‘‘နှစ်ရက်လောက်ကဖို့တော့စီစဉ်ထားတယ်။ ဗိုလ်ချုပ်မွေးနေ့ က အမျိုးသားကဇာတ်ရုံမရလို့ ဖေဖော်ဝါရီ ၈၊၉၊၁၀ ကို လုပ်ဖို့မှန်းထားတယ်’’ ဟု ၎င်းကပြောသည်။

ထို့အပြင်နှင်းဆီအဖွဲ့ဖျော် ဖြေပွဲတွင် လူရွှင်တော်အနေဖြင့် လက်ရှိနှင်းဆီအဖွဲ့သား လေးဦး သာပါဝင်မည်ဖြစ်ပြီး မင်းသမီး အပြောင်းအလဲ အနည်းငယ်ရှိ မည်ဟု ၎င်းကဆိုသည်။

‘‘ပရိသတ်တွေအတွက် ထူး

ထူးခြားခြားလေးဖြစ်မှာပါ ဦးကHint မပေးချင်ဘူး။ ကြည့်လိုက် တော့မှ Suprise ဖြစ်စေချင်တယ်’’ဟု မောင်မျိုးမင်းကပြောသည်။

ရန်ကုန်မြို့တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲကို အမျိုးသားကဇာတ် ရုံ၌ပင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲမတိုင်မီ နေပြည် တော်တွင်လည်း ကပြသွားရန်အစီအစဉ်ရှိကြောင်း ၎င်းကဆို သည်။

‘‘နေပြည်တော်မှာကတာက ဗိုလ်ချုပ်ရန်ပုံငွေပွဲနဲ့ မဆိုင်ပါဘူး။ဖေဖော်ဝါရီ ၆ ၊၇ လောက်ကဖြစ် မယ်ထင်တယ်’’ဟု ၎င်းက ပြော သည်။ နေပြည်တော်တွင်ပြုလုပ် မည့်ဖျော်ဖြေပွဲကို ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပေးရန် အစီအစဉ် မရှိသော်လည်း ရန်ကုန်မြို့တွင်ပြုလုပ်မည့်ဖျော်ဖြေပွဲကိုမူ ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် ပေးရန် အစီအစဉ်ရှိသည်ဟု ၎င်း ကပြောသည်။

ရန်ကုန်မြို့တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲမှရရှိလာမည့် အလှူငွေများကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အဓိကလှူ ဒါန်းသွားမည်ဖြစ်ပြီး အချို့တစ် ဝက်ကိုမူ ဗိုလ်ချုပ်နှင့်ပတ်သတ် သည့် ဖောင်ဒေးရှင်းလုပ်ရန် ရည်ရွယ်ထားကြောင်း ၎င်းကဆို သည်။



7Daily

No comments:

Post a Comment