Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

အလယ်အလတ်ဝါဒီ ဆီးရီးယားတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန် အမေရိကန်တပ်ဖွဲ့ဝင် ၄ဝဝ စေလွှတ်မည်


ဝါရှင်တန် ဇန်နဝါရီ ၁၆

ဆီးရီးယားနိုင်ငံ အတွင်း၌ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့အား ဆန့်ကျင်တိုက်ခိုက် နေသည့် အလယ်အလတ်ဝါဒီ တပ်ဖွဲ့ဝင်များအား လေ့ကျင့်မှုများ ပြုလုပ်ပေးနိုင်ရန်အတွက် အမေရိကန်က တပ်ဖွဲ့ဝင် ၄ဝဝ နှင့် အထောက်အကူပြု တပ်ဖွဲ့ဝင် ရာနှင့်ချီကာ စေလွှတ်မည်ဟု ယနေ့ဘီဘီစီ သတင်းတွင် ဖော်ပြသည်။

ယင်းတပ်ဖွဲ့များအား တူရကီ၊ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံများက ၎င်းတို့တိုင်းပြည်များ၌ အခြေချရန် ကမ်းလှမ်းထားသော်လည်း ယင်းတို့အခြေစိုက်မည့်နေရာနှင့် ဖြန့်ကြက်မည့်အချိန်တို့ကို လတ်တလောတွင် ရှင်းလင်းစွာ မသိရှိရသေးကြောင်း သတင်းတွင်ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် သုံးနှစ်တာကာလအတွင်း ဆီးရီးယားတပ်ဖွဲ့ဝင် ၅ဝဝဝ အား နှစ်စဉ်လေ့ကျင့်ပေးသွားရန် ရည်မှန်းချက်ထားရှိသည်။

၂ဝ၁၃ ခုနှစ်အတွင်း၌ အမေရိကန်စစ်ဘက်က ဂျော်ဒန်နိုင်ငံအတွင်း ဆီးရီးယားတပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်တန်းပေးမှုများ စတင်ခဲ့ပြီးနောက် ယခုအကြိမ်မှာ ယင်းသင်တန်းများကို တိုးချဲ့လာမည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

ဘီဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment