Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 20, 2015
အင်္ဂလန်တွင် အမျိုးသမီးတစ်ဦး ဟန်ဆောင်၍ ဘဏ်ဓားပြုတိုက် ခဲ့သူကို ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိ
လက်စတာ ၊ ၂၀-၁-၂၀၁၅
၎င်း ဘဏ်ဓားပြသည် လက်စတာမြို့ Oadby အရပ်ရှိ Natwest ဘဏ်တစ်ခု အတွင်းသို့ ရုပ်ဖျက် ဝင်ရောက်ခဲ့ပြီး ဘဏ်ဝန်ထမ်း တစ်ဦးကို ခြိမ်းခြောက်၍ ငွေတောင်းယူ ခဲ့ကြောင်း ဘဏ်မှ ရိုက်ကူးခဲ့သော ဗီဒီယိုဖိုင်တွင် တွေ့ရသည်။
အဆိုပါ ဘဏ်ဓားပြသည် ပြစ်မှု မကျူးလွန်မီ အဖြူရောင် လွယ်အိတ် တစ်လုံးကို ကိုင်ဆောင်၍ သွားလာခဲ့ကြောင်း လုံခြုံရေး ကင်မရာ CCTV မှ ရိုက်ကူး ထားသော ဗီဒီယိုဖိုင်ကို လက်စတာရှိုင်းယား ရဲတပ်ဖွဲ့က ပြသခဲ့သည်။
PyiChitThar
http://www.pyichitthar.com/2015/01/blog-post_27.html
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
အနက်ရောင် ဝတ်ရုံရှည်နှင့် မျက်မှန်ကို ရုပ်ဖျက် ဝတ်ဆင်ထားပြီး အမျိုးသမီး တစ်ဦး ဟန်ဆောင် ထားသော ဘဏ်ဓားပြ တစ်ဦးကို အင်္ဂလန် ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေလျက် ရှိသည်။
၄င်း ဘဏ်ဓားပြသည် လက်စတာမြို့ Oadby အရပ်ရှိ Natwest ဘဏ်တစ်ခု အတွင်းသို့ ရုပ်ဖျက် ဝင်ရောက်ခဲ့ပြီး ဘဏ်ဝန်ထမ်း တစ်ဦးကို ခြိမ်းခြောက်၍ ငွေတောင်းယူ ခဲ့ကြောင်း ဘဏ်မှ ရိုက်ကူးခဲ့သော ဗီဒီယိုဖိုင်တွင် တွေ့ရသည်။
၄င်းတွင် သေနတ်တစ်လက် ပါရှိသည်ဟု ယူဆရကြောင်း မျက်မြင် တွေ့ရှိသူ တစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောကြား ခဲ့သည်။ ၄င်း၏ အရပ်အမောင်းမှာ ၅ ပေ ၁ဝ လက်မခန့်ရှိပြီး ဘဏ်ဝန်ထမ်း က လုံခြံုရေး သတိပေး ခလုတ်ကို နှိပ်လိုက်သော အခါ ၄င်းမှာ ငွေကြေးများအား လုယက်ယူငင် နိုင်ခြင်း မရှိဘဲ ထွက်ပြေး သွားခဲ့သည်။ ယင်းအမှုတွင် ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
အဆိုပါ ဘဏ်ဓားပြသည် ပြစ်မှု မကျူးလွန်မီ အဖြူရောင် လွယ်အိတ် တစ်လုံးကို ကိုင်ဆောင်၍ သွားလာခဲ့ကြောင်း လုံခြံုရေး ကင်မရာ CCTV မှ ရိုက်ကူး ထားသော ဗီဒီယိုဖိုင်ကို လက်စတာရှိုင်းယား ရဲတပ်ဖွဲ့က ပြသခဲ့သည်။
No comments:
Post a Comment