Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ကေကိုင်အေတပ်ဖွဲ့က ဖမ်းထားသည့် ရဲ ၃ ဦးကို သွားရောက်ခေါ်ယူနေ


ကေအိုင်အေတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရဲ ၃ ယောက် လာရောက် ခေါ်ဆောင်ဖို့ ကေအိုင်အို ဗဟိုက အကြောင်းကြား လာတဲ့ အတွက် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ဝင်တွေ  ဖားကန့်ကို သွားရောက်နေပါတယ်။

ဒီနေ့ သွားရောက်နေကြပြီး လမ်းပန်း ဆက်သွယ်ရေး အခြေအနေ မကောင်းတဲ့အတွက် မနက်ဖြန် လောက်မှ လက်ခံယူ ဖြစ်မယ်လို့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာ က ဒီဗွီဘီကို ပြောပါတယ်။

“ကေအိုင်အို ဗဟိုက ပြန်လွှတ်ပေးဖို့ အမိန့်ပေးတဲ့ အခါကျတော့ ကျနော်တို့ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့ကို သွားပြီး လက်ခံယူပေးဖို့ အကူအညီတောင်းလို့ သွားနေပါတယ်။ လမ်းမှာ တံတားတွေ ကျိုးလို့ ကားတောင် သွားလို့မရတဲ့ အခါကျတော့ ကျနော်တို့ လမ်းလျှောက်သွား ရမယ်ဆိုတော့ ဒီညတောင် ဘယ်အချိန်မှ ဖားကန့်ရောက်မလဲ မသိသေးဘူးဗျ။”

ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်က မိုးကောင်း-ကာမိုင်း- ဖားကန့် လမ်းကြောင်း  စစ်ဆေးကြည့်ရှုနေတဲ့ ကချင်ပြည်နယ် အစိုးရ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးကို ခေတ္တထိန်းသိမ်းပြန်လွှတ်ပေးခဲ့ပြီးနောက် ၀န်ကြီးနဲ့အတူ လိုက်ပါသွားတဲ့ လုံခြုံရေးရဲ ၃ ယောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက်မှာ တပ်မတော်နဲ့ ကေအိုင်အေအကြား ရဲ ၃ ယောက်ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ နေ့ကစပြီး ဇန်န၀ါရီ ၁၇ ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်စလုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဖားကန့်နားက အောင်ဘာလေရွာ ကံဆီးခေါနဲ့ ငှက်ပျောတောရွာတို့က ရွာသားအမြောက်အမြားလည်း တိုက်ပွဲတွေကြား ပိတ်မိနေကြပြီး သူတို့ကို ကယ်ထုတ်ဖို့ သွားတဲ့ လူမှုရေးအဖွဲ့တွေရဲ့ ကားတွေလည်း တားဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/77572

No comments:

Post a Comment