Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

ရေညှိပင်ပွားများမှုကြောင့် ပင်လယ်ပြင် ကြက်သွေးရောင်ပြောင်း

ဒီဇင်ဘာလအကုန်ပိုင်းမှာ ပင်လယ်ရေပြင်အရောင်ပြောင်းလဲမှုကြောင့် ပစိဖိတ်ကျွန်း Vava အရပ်က ဒေသခံတွေဟာ စိတ်ဇဝေဇဝါနားလည်ရခက်ဖြစ်ခဲ့ကြရပါတယ်။ အချို့က အဲဒါကို ကမ္ဘာပျက်မယ့် သမ္မာကျမ်းစာထဲ နိမိတ်လက္ခာဏာတစ်ခုလို့ ယူဆကြတယ်လို့ New Zealand Kaniva Pacific ဝက်ဘ်ဆိုက် အရသိရတယ်။ ယခုလို ပင်လယ်ရေကြက်သွေးရောင်သမ်းလာခြင်းဟာ အဆိပ်ဓာတ်ငွေ့တွေ ထုတ်လုပ်ပေးနေတဲ့ ရေညှိတွေ အဆမတန်ပေါက်ပွားလာမှုကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်ပညာတစ်ဦးက ဆိုပါတယ်။ ၄င်းအဆိပ်တွေက ရေထဲသက်ရှိရှင်သန်မှုတွေကို ဖျက်ဆီးနိုင်ပြီး အနံ့အသက်ဆိုးထွက်စေတယ်လို့ သမုဒ္ဒရာနဲ့ ငါးဖမ်းလုပ်ငန်းပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သူတစ်ဦး Vailala Matato ကဆိုပါတယ်။ ပင်လယ်သမုဒ္ဒရာ အပူချိန်မြင့်တက်လာတဲ့အခါ ဒီလိုအဖြစ်မျိုးဖြစ်ပွားလေ့ရှိတယ်လို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။

(Red tides) အနီရောင်ဒီရေများ လို့လည်းသိရတဲ့ ရေညှိအပွင့်တွေကို အတွေ့များပါတယ်။ ဖလော်ရီဒါပင်လယ်ကွေ့ကမ်းရိုးတန်းမှာဆိုရင် နှစ်တိုင်းလိုလို ပေါက်ပြီး ပင်လယ်နွားတွေ ရာနဲ့ချီအသက်သေစေတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်တွင် ရေညှိပင်ပွားမှုတစ်ခုကြောင့် သြစတြေးလျနိုင်ငံ ဆစ်နီမြို့အနီးနားက ပင်လယ်ပြင်ကို အနီရောင်အဖြစ်သို့ ပြောင်းလဲစေခဲ့ပါတယ်။ ရေညှိပင်တွေက အထူးသဖြင့် လူသားတွေအတွက် အဆိပ်မဖြစ်စေပေမယ့် အရေပြားယားယံမှုဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောဆိုခဲ့ပါတယ်။

Source: BBC

No comments:

Post a Comment