Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

အမျိုးသမီးတစ်ဦး သစ်ပင်ပိ၍သေဆုံး


ဖရူဆို ဇန်နဝါရီ ၆

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးကူးဆိုရပ်ကွက်နေထိုင်သူ ဒေါ်အယ်လဲနာ အသက် (၆၀)နှစ်သည် မိမိနေအိမ်ခြံဝင်း အတွင်းရှိ သစ်ပင်အား ခုတ်လှဲရာမှ သစ်ပင်ပိ၍ ယနေ့နံနက် (၁၀း၃၀) နာရီ အချိန်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အခင်းဖြစ်ပွားသူ ဒေါ်အယ်လဲနာအသက်(၆၀)နှစ်သည် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်(၁၀း၃၀) နာရီအချိန်တွင် မိမိနေအိမ်ခြံဝင်းအတွင်းရှိ သစ်ပင်အား ထင်းအဖြစ်အသုံးပြုလို၍ ခုတ်လှဲရာမှ သေဆုံးသူ၏ ကိုယ်ပေါ်သို့ သစ်ပင်လဲကျပိမိသဖြင့် အနီးပတ်ဝန်းကျင်တွင် ရှိနေသည့်သမီးဖြစ်သူမှ အော်ဟစ် အကူအညီ တောင်း၍ အိမ်နီးနားချင်းက လာရောက်ကယ်ဆယ် ခဲ့သော်လည်း အခင်းဖြစ်ပွားရာ နေရာတွင် ပွဲချင်း ပြီးသေဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment