Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

ဖမ္းခံရသူ သူ႔ႏိုင္ငံသားေတြအတြက္ ဥပေဒအတိုင္းျဖစ္ဖို႔ တ႐ုတ္တုိက္တြန္း


ျမန္မာႏုိင္ငံ၊ ကခ်င္ျပည္နယ္မွာ မၾကာေသးခင္တုန္းက တရားမဝင္ သစ္ထုတ္လုပ္မႈ စြပ္စဲြခ်က္ေတြနဲ႔ ဖမ္းဆီးခံထားရတဲ့ တ႐ုတ္ႏုိင္ငံ သားေတြ ေဘးကင္း လုံၿခံဳေအာင္ ေစာင့္ေရွာက္ထားဖုိ႔နဲ႔ တရားဥပေဒနဲ႔ အညီေဆာင္ရြက္ဖုိ႔ တ႐ုတ္ႏုိင္ငံက တုိက္တြန္း လုိက္ပါတယ္။

ျမန္မာႏုိင္ငံေျမာက္ပုိင္းမွာ တ႐ုတ္ႏုိင္ငံသားေတြ ဖမ္းဆီးခံခဲ့ရတဲ့ကိစၥနဲ႔ပတ္သက္လုိ႔ ဆက္လက္ စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး လတ္တေလာမွာ ဖမ္းဆီးခံထားရသူေတြရဲ႕လုံၿခံဳေရးနဲ႔ ဥပေဒအရခံစားခြင့္ေတြေပးဖုိ႔ ျမန္မာအာဏာပုိင္ေတြကုိ တိုက္တြန္းလုိတဲ့အေၾကာင္း တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ Hong Lei က ဒီကေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိသြားခဲ့တာပါ။ ျမန္မာအစုိးရတာဝန္ရွိသူေတြက ကခ်င္ျပည္နယ္တြင္းက သစ္ေမွာင္ခုိလုပ္ငန္းေတြနဲ႔ဆက္ႏြယ္ၿပီး တ႐ုတ္ႏုိင္ငံသား ၁၂၀ ေလာက္ကုိ ဖမ္းဆီးထားတဲ့အေၾကာင္း ေၾကညာထားတာပါ။

ျမန္မာအာဏာပုိင္ေတြဖက္ကေတာ့ တ႐ုတ္ႏုိင္ငံရဲ႕ စုိးရိမ္မကင္းတဲ့သေဘာထားေတြကုိ အေလးထားၿပီး အမႈမွာပါဝင္ ပတ္သက္ေနသူေတြကုိ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံမွာျဖစ္တယ္လုိ႔ တုံ႔ျပန္ခ်က္ရရွိထားေၾကာင္းလည္း တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူက ေျပာပါတယ္။ လတ္တေလာမွာေတာ့ ျမန္မာႏုိင္ငံမွာရွိတဲ့ တ႐ုတ္သံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံးေတြက တာဝန္ရွိသူေတြက အမႈနဲ႔ပတ္သက္လုိ႔ လုိက္ပါ ေဆာင္ရြက္ေနတယ္လုိ႔လည္း ေျပာဆုိခဲ့တာပါ။

ဒီအေတာအတြင္း မၾကာေသးခင္ ရက္ပုိင္းေတြကစလုိ႔ ကခ်င္လက္နက္ကုိင္တပ္ဖဲြ႔ေတြနဲ႔ ျမန္မာစစ္တပ္တုိ႔ၾကား တုိက္ပဲြေတြ ျပန္လည္ ျဖစ္ပြားေနတဲ့ ကခ်င္ျပည္နယ္ထဲမွာ ပိတ္မိေနတဲ့ ရာနဲ႔ခ်ီတဲ့ အရပ္သားေတြထဲမွာ တ႐ုတ္ႏုိင္ငံသား အမ်ားအျပားလည္း ပါဝင္ေနတဲ့အေၾကာင္း တ႐ုတ္ကြန္ျမဴနစ္ ပါတီအာေဘာ္ Global Times သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ဗီြအုိေအ (ျမန္မာဌာန)
http://burmese.voanews.com/content/china-urges-to-act-by-law-for-its-own-people-who-arrested-for-illegal-logs-cutting-/2604392.html
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ မကြာသေးခင်တုန်းက တရားမဝင် သစ်ထုတ်လုပ်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံ သားတွေ ဘေးကင်း လုံခြံုအောင် စောင့်ရှောက်ထားဖို့နဲ့ တရားဥပဒေနဲ့ အညီဆောင်ရွက်ဖို့ တရုတ်နိုင်ငံက တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လတ်တလောမှာ ဖမ်းဆီးခံထားရသူတွေရဲ့လုံခြံုရေးနဲ့ ဥပဒေအရခံစားခွင့်တွေပေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။ မြန်မာအစိုးရတာဝန်ရှိသူတွေက ကချင်ပြည်နယ်တွင်းက သစ်မှောင်ခိုလုပ်ငန်းတွေနဲ့ဆက်နွယ်ပြီး တရုတ်နိုင်ငံသား ၁၂ဝ လောက်ကို ဖမ်းဆီးထားတဲ့အကြောင်း ကြေညာထားတာပါ။

မြန်မာအာဏာပိုင်တွေဖက်ကတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မကင်းတဲ့သဘောထားတွေကို အလေးထားပြီး အမှုမှာပါဝင် ပတ်သက်နေသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာဖြစ်တယ်လို့ တုံ့ပြန်ချက်ရရှိထားကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက တာဝန်ရှိသူတွေက အမှုနဲ့ပတ်သက်လို့ လိုက်ပါ ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဒီအတောအတွင်း မကြာသေးခင် ရက်ပိုင်းတွေကစလို့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ အရပ်သားတွေထဲမှာ တရုတ်နိုင်ငံသား အများအပြားလည်း ပါဝင်နေတဲ့အကြောင်း တရုတ်ကွန်မြူနစ် ပါတီအာဘော် Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment