Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 1, 2015

ဆောင်းတွင်းမှာ ကားစက်နှိုးထားရန် မလိုအပ်


အမေရိကန်နှင့် ကနေဒါနိုင်ငံတွင် နေထိုင်သူများစွာ အယူအဆလွဲမှားနေသည့် ဆောင်းတွင်းကာလ၌ ကားအင်ဂျင်ကို အချိန်ကြာကြာ စက်နွေးအောင် နှိုးပြီးမှ မောင်းနှင်ခြင်းသည် ဓာတ်ဆီဖြုန်းတီးခြင်းသာ ဖြစ်၍ မလိုအပ်ကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီးဌာနနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အေဂျင်စီတို့မှ ထုတ်ဖော်ပြောကြားပါသည်။အေးမြသော ဆောင်းရာသီနှင့်ဆီးနှင်းများ ကျဆင်းချိန်တွင် ကားအင်ဂျင်ကို အချိန်အတော်ကြာ နှိုးထားပြီးမှ မောင်းနှင်သင့်ကြောင်း အမေရိကန်များစွာက ယူဆနေကြသည်။ ရေခဲမှတ်အောက် အေးမြနေလျှင် အနည်းဆုံး ၅ မိနစ် နှိုးထားရန် လိုအပ်သည်ဟု လွဲမှားစွာ ယုံကြည်ကြသည်။
အမှန်အားဖြင့်၊ စက်ပူနွေးအောင် အချိန်ကြာကြာ နှိုးထားရန်မလိုပဲ မောင်းနှင်ရင်း စက်အပူချိန် မြင့်တက်လာခြင်းကသာ ပိုမို သင့်တော်ကောင်းမွန်ကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီးဌာနနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အေဂျင်စီတို့၏ သုတေသနလေ့လာချက်တွင် တွေ့ရှိထားသည်။
ယခင်တချိန်က ကားများသည် အင်ဂျင်ထဲသို့ ကာဘရိုက်တာခေါ် ဆီပန့်ဖြင့် ဓာတ်ဆီ ပို့လွှတ်ရသော စနစ်ကို အသုံးပြုခဲ့သဖြင့် ထိုကဲ့သို့ စက်အပူချိန်မြင့်တက်လာအောင် ဆောင်းတွင်းတွင် အချိန်ကြာကြာ နှိုးထားရန် လိုအပ်ခဲ့သည်။ ၁၉၈၀ နှင့် ၉၀ ခုနှစ်များတွင် အီလက်ထရွန်းနစ်နည်းပညာဖြင့် တိုက်ရိုက် ဓာတ်ဆီပို့လွှတ်သော စနစ်ကို အသုံးပြုလာသောကြောင့် ခေတ်ပေါ်ကားများအတွက် ကြာကြာစက်နှိုးထားရန် လုံးဝ မလိုအပ်တော့ဟု ရှင်းပြထားသည်။ သို့သော် ရှေးကျသော ခေတ်ဟောင်း မော်တော်ယာဉ်များ မောင်းနှင်လျှင်မူ အချိန်ကြာကြာ စက်နှိုးပြီးမှ မောင်းနှင်သင့်သည်ဟု ဆိုသည်။
ခေတ်မီသောကားများအတွက် စက်နှိုးထားပြီး စက္ကန့် ၃၀ ကြာလျှင် မောင်းနှင်ရန် အဆင်သင့် ဖြစ်နေပြီဟု ဖော်ပြထားသည်။
သို့သော်၊ ကားပေါ်တွင် ဆီးနှင်းနှင့် ရေခဲများ ဖုံးအုပ်နေလျှင် ကားတွင်းရှိ အပူပေးစက်ကို ဖွင့်ပြီးမှ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားရန် လွယ်ကူသောကြောင့် စက်နှိုးထားရန် လိုအပ်ကောင်း လိုအပ်မည် ဖြစ်၏။ ကျန်အချိန်များတွင် စက်ကြာကြာနှိုးထားလေ ဓာတ်ဆီကုန်လေလေ ဖြစ်၍ ဖြုန်းတီးခြင်းသာ ဖြစ်ကြောင်း အသိပေးထားသည်။
http://kabarthit.com/index.php?option=com_content&view=article&id=561:2014-12-31-02-45-01&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment