Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင်းရှိ မူးယစ်ဆေးအကြောထဲထိုးသွင်းသူ ၅၀ ရာခိုင်နှုန်း အိပ်ခ်ျအိုင်ဗွီပိုးရှိနေဟု ခရိုင်ဆေးရုံအုပ်ပြောကြား



သတင်ထောက်-သီတာဆွေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် တွင်း စစ်တမ်းများအရ မူးယစ်ဆေး အကြောထဲထိုးသွင်းသူ ၅၀ ရာခိုင် နှုန်းတွင် အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်းကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ခရိုင် ဆေးရုံအုပ် ဒေါက်တာဦးခင်မောင် မြင့်ထံက သိရသည်။

‘လူဦးရေ ၁၅၀၀ မှာ survey ကတစ်ဝက်ထွက်တယ်။ အဲ့ ၁၅၀၀ ထဲက ၄၀၀ ကို Target ယူပြီးတော့ ၃၂၇ ယောက်ရတယ်။ အဲ့ထဲက ၁၆၄ ယောက်။ တစ်ဝက်ပဲ။ National Data ကတော့ အဲ့လောက်မရှိဘူး။ ဒီဒေသမှာ ၅၀ရာခိုင်နှုန်းသည် HIV Positive ဖြစ်နေပြီ’ဟု ကချင်ပြည်နယ် ဗန်းမော်ခရိုင် ခရိုင်ဆေးရုံ အုပ်ဒေါက်တာဦးခင်မောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံ များမှ တရားမဝင်မူးယစ်ဆေးရောင်း ချနေသူများကြောင့် မူးယစ်ဆေးထိုး သွင်းသူ လူငယ်များ ပိုမိုများပြား လျက်ရှိကြောင်း ယင်းဒေသအတွင်း တစ်နေ့လျှင် ဆေးသုံးစွဲသူ ၂၀၀၀ ခန့် ရှိပြီး ဆေးထိုးအပ် ဝေငှမှုများကို လည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ကျန်းမာရေးဝန် ကြီးဌာန၊ အမျိုးသားကာလသားနှင့် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန (National AIDS Programme) ဗန်းမော်ခရိုင်တာဝန်ခံဒေါက်တာ ဒေါ်နီလာမောင်က ‘တကယ်တော့ တစ်နေ့လူ ၂၀၀၀ လောက်မူးယစ် ဆေးသုံးစွဲနေတဲ့ပြဿာနာဖြစ်တယ်’ ဟုပြောသည်။

ကချင်ပြည်နယ်၊ မိုးမောက်ဒေသမှ မူးယစ်ဆေးထိုးသွင်းသုံးစွဲခဲ့သူ တစ်ဦးက ‘ကျွန်တော်က ဆေးထိုးခဲ့ တာ ၇ နှစ်ကျော်ပြီ။ အရင်က တရုတ် ပြည်နယ်စပ်နဲ့ဒီကို ဆိုင်ကယ်ကယ်ရီ ဆွဲတယ်။ ရသမျှဆေးဝယ်ထိုးတာ ပေါ့။သူငယ်ချင်းတွေက တိုက်တွန်း၊ ကိုယ်ကလည်း သုံးချင်လာတော့ သုံး ဖြစ်ခဲ့တယ်။ သုံးရင်းနဲ့ကြာတော့ အ လုပ်မလုပ်နိုင်တော့ဘဲ စီးပွားပျက်တဲ့ အထိပါပဲ။ ဆေးစစ်ထားတာတော့ အိတ်ခ်ျအိုင်ဗွီတော့ မရှိဘူး။ ခုတော့ မက်သဒုန်းသောက်နေတယ်’ဟုပြော သည်။
မူးယစ်ဆေးထိုးသူအမြောက် အမြားသည် လက်လှမ်းမမှနိုင်သော နေရာများတွင် ရှိနေဆဲဖြစ်ကြောင်း၊ အန္တရာယ် လျှော့ချ ရေးလုပ်ငန်းများမှ အကျိုးသက်ရောက်မှုများကို ကျယ် ပြန့်ပြီး ညီမျှမှုရှိစေရန် ထပ်ဆောင်း အရင်းအမြစ်များ (ငွေကြေးနှင့် နည်း ပညာနှစ်မျိုးစလုံး) လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အန္တရာယ်လျှော့ချ ရေးလုပ်ငန်းများ ယခုထက်ပိုမို အ ရှိန်အဟုန်ရစေရန် အခွင့်အလမ်းသာ သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီး နိုင်ရေးအတွက် ဥပဒေအကောင်အ ထည်ဖော်သူ အာဏာပိုင်များ၊ လူထု အစရှိသည့် အဓိကပါဝင်သူများအား တိုက်တွန်းနှိုးဆော်သွားခြင်းအားဖြင့် ပိုမိုအားကောင်းသော ပံ့ပိုးမှုများလုပ် ဆောင်ရန်လိုအပ်နေကြောင်း သိရသည်။
သတင်းဓာတ်ပုံ-နေဇာမျိုးဆွေ
The Ladies News Journal

No comments:

Post a Comment