Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

ပြည်ပသို့ သစ်ခိုးရောင်းခဲ့ခြင်း လုံးဝမရှိဟု ဦးတေဇပြော

(ဓာတ်ပုံ-နစ်ကီ)
သစ်ထုတ်လုပ်ရေးလုပ် ငန်းကို စတင်လုပ်ဆောင်စဉ်မှ ယနေ့အထိ အခြားနိုင်ငံသို့ ခိုးထုတ်ရောင်းချမှုမပြုလုပ်ခဲ့ကြောင်း ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးတေဇက သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။
   ‘‘သစ်တောဝန်ကြီးတွေရော သစ်ထုတ်လုပ်သူတွေရော မသေသေးဘူး။ မေးကြည့်လို့ရပါ တယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
သစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်စဉ်က ဗြိတိသျှလက်ထက်က ကျင့်သုံးခဲ့သော သစ် ထုတ်လုပ်ရေးနည်းအတိုင်းတစ်ပင်ခုတ်ပြီး သုံးပင်ပြန်စိုက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ ထို့အပြင် ထုတ်ယူပြီးသော သစ်များကိုလည်း နိုင်ငံတော်မှတစ်ဆင့်ပြန်လည်ဝယ်ယူ၍ ရောင်းချမှုများပြုလုပ်ခဲ့သည်ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဦးတေဇ၏ ထူးကုမ္ပဏီက သစ်ထုတ်လုပ်ရေး လုပ်ငန်းများကို ကယားပြည်နယ်၊ ပဲခူးရိုးမ၊ ကျိုက်ထို၊ ကသာ၊ ရှမ်းပြည်နယ်တို့တွင် လုပ်ကိုင်ခဲ့သည်။
ဦးတေဇမှာလည်း သစ်လုပ်ငန်း ဖြင့် ချမ်းသာကြွယ်ဝလာသူတစ် ဦးဖြစ်သည်။
http://7daydaily.com/story/29800#.VL2x6S49THR

No comments:

Post a Comment