Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 21, 2015

ကန်တော်ကြီး ပုဂံလုံးကျွန်းထိပ်လမ်းဆုံ၌ ကားငါးစီးဆင့်ကဲတိုက်


ရန်ကုန် ဇန်နဝါရီ ၂၁

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ပုဂံလုံးကျွန်းထိပ် ကန်ပတ်လမ်းနှင့်သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်က ကားငါးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကန်တော်ကြီးကန်ပတ်လမ်းအတိုင်း အရှေ့ဘက်မှ အနောက်ဘက် သို့မောင်းလာသောယာဉ်များ မီးပွိုင့်စိမ်းနေသဖြင့် သိမ်ဖြူလမ်းဘက်သို့ ကွေ့ဝင်ရန်တည့်တည့်သွားယာဉ်များရှိနေ၍ စောင့်ဆိုင်းရပ်တန့်နေစဉ် ယာဉ်အမှတ်5I/... အဖြူရောင် ရွိုင်ရယ်လ်ဆလွန်းကားက ရှေ့မှရပ်နေသော တိုယိုတာအမျိုးအစား အပြာနုရောင် ဘဲလ်တာဆလွန်းကားကို အရှိန်ပြင်းစွာဝင်ရောက်တိုက်မိရာမှ ရှေ့တွင်ကွေ့ရန် ရပ်တန့်စောင့်ဆိုင်းနေသော ယာဉ်သုံးစီးကိုပါ ဆင့်ကဲတိုက်မိခြင်းဖြစ်သည်။ ဆင့်ကဲတိုက်မိသောယာဉ်များမှာ 3F/...အဖြူရောင်ပရိုဘောက်အငှားယာဉ်၊ 1F/...အပြာရောင်ဟွန်ဒါဆလွန်းကားနှင့် 4E/... အနက်ရောင် ALPHARD ကားများဖြစ်သည်။

ယာဉ်မောင်းသူနှင့် စီးနင်းသူများ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။ ပထမဦးဆုံး အရှိန်ပြင်းစွာဖြင့် ဝင်တိုက်ခံရသော ဘဲလ်တာကားမှာ တစ်ပေခန့်မြင့်သော လမ်းလယ်ကျွန်းပေါ်မြောက်တက်သွားပြီးမှ ပြန်ကျသွား သည်ကိုမြင်တွေ့ရကြောင်း မျက်မြင်တစ်ဦးကပြောသည်။

အဆိုပါလမ်းဆုံ မီးပွိုင့်တွင် ယာဉ်စည်းကမ်းအတိုင်း စနစ်တကျ တစ်စီးစီကွေ့ဝင်မောင်းနှင်ရမည့်အစား တည့်တည့်သွားရမည့် လက်ယာဘက်ယာဉ်ကြောမှ မောင်းလာပြီး လမ်းဆုံရောက်မှ ကျော်ဖြတ်ကွေ့ဝင်မှုကြောင့် မကြာခဏယာဉ်တိုက်မှုဖြစ်နေရသည်ဟု ဆရာဝန်အသင်းတိုက်အနီးနေသူတစ်ဦးက ပြောသည်။

အောင်သန်း(တောင်ညွန့်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment