Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

အထက်မြန်မာပြည်ကို သိမ်းပိုက်နေသာ တရုတ်နိုင်ငံသား ဂရိတ်ဝေါတင်မောင် (ခ) လီစန်းရှင်း


____________________________(ဟာဂျူလီ-ကသာ)

လက်ရှိအစိုးရဟာ တယုတ်နဲ့ မျက်နှာ မပျက်ချင်လို့ ပြောသင့်
လုပ်သင့်တာတွေ မလုပ်ခဲ့လို့ ဒီတာဝန်ကို မီဒီယာတွေအနေနဲ့
အမုန်းခံပြီး အန္တရာယ်ရှိမှန်းသိသိကြီးနဲ့
ပြောနေ ရေးနေတာကို အတော်ကို များနေပါပြီ၊ ဒီလို
တယုတ်အကြောင်းရေးနေတာကလည်း အမြင်ကျဉ်းတဲ့ လူမျိုးရေး
အမြင်ကြောင့် မဟုတ်ပါဘူး၊

သေနတ်ကိုင်ပြီး ကိုယ့်နိုင်ငံ ကာကွယ်နေတယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေ တာဝန် မကျေလွန်းလို့
ကျွန်တော်တို့အနေနဲ့ ကလောင်ကိုင်ပြီး ကိုယ်နယ်မြေကိုကာကွယ်ချင်နေရတာပါ၊

အခုလည်း ပြောပြရပါဦးမယ်၊ တယုတ်က သေနတ်မကိုင်တော့ပဲ ငွေထုတ်ကိုင်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းကို သိမ်းလိုက်တဲ့အကြောင်းလေးပါ။

ဦးတင်မောင်(ခေါ်) လီစန်းရှင်းဆိုတာ တယုတ်နိုင်ငံသားစစ်စစ်ကြီးဖြစ်ပါတယ်၊
ကိုးကန့်အနေနဲ့ မြန်မာနိုင်ငံသာ မှတ်ပုံတင် ရယူပြီး မန္တလေးမှာ စတင်အခြေချခဲ့ပါတယ်၊

ပြီးတော့မှ နန်းတော်ဆေးရုံ၊ ဂရိတ်ဝေါဟိုတယ်၊နယူးဂရိတ်ဝေါဟိုတယ်ကိုထူထောင်ပါတယ်၊မန္တလေးမြို့တော်ဝန်
ဗိုလ်မှူးချုပ်ရန်သိမ်းကို သိမ်းသွင်းပြီး ၇၆×၇၇ကြား၊ ၃၀×၃၄လမ်းကြားက
မီးရထားမြေကို သူ့ဂရံပေါက် ရယူ သိမ်းပိုက်လိုက်ပါတယ်၊ အဲဒီကြားထဲမှာပဲ
နန်းတော်တမျှ ကြီးမားကျယ်ဝန်းတဲ့ နေအိမ်ဆောက်လုပ်နေထိုင်ပါတယ်၊

သူ့အိမ်ဝန်းကို ၀င်ချင်တိုင်းဝင်လို့ မရအောင်
လုံခြုံရေး ဂိတ်တွေ ထားရှိထားပါတယ်၊ အဲဒီကနေပဲ မန္တလေး မြို့ကနေ
တကောင်းအထိ မြေယာတွေ ဈေးနှိမ် ၀ယ်ယူပါတယ်၊ မန္တလေး တိုင်းအတွင်း
စိတ်ကြိုက် ၀ယ်ယူပြီးတဲ့အခါ
အဲဒီအချိန်က စစ်ကိုင်းတိုင်းမှူး(တယကဥက္ကဌ)ဗိုလ်ချုပ်သာအေးကို ထပ်မံ
သိမ်းသွင်းခဲ့ပါတယ်၊ ဗိုလ်ချုပ်သာအေးရဲ့ အကာအကွယ်ရပြီးတဲ့နောက်
သပိတ်ကျင်း၊ ထီးချိုင့်၊အင်းရွာ၊ကျောက်ထုးံကြီး အထိ (ဧရာဝတီ အရှေ့ဘက်ခြမ်း) လယ်ယာမြေတွေ
ထပ်ဝယ်ပါတယ်၊ ၀ယ်တဲ့နေရာမှာအလကားအသိမ်းခံမှာလား ပေးသလောက်ယူမှာလားဆိုပြီးတိုင်းရင်းသား
တောင်သူလယ်သမားတွေဆီက အနိုင်ကျင့် ၀ယ်ယူခဲ့တာပါ၊

ဦးတင်မောင် မြေတွေ ရရှိပြီးတာနဲ့ တပြိုင်နက်ထဲ အဲဒီမြေတွေမှာ
တယုတ်နိုင်ငံသားတွေက စက်ရုံတွေ လာထောင်ကြပါတယ်၊
ဥပမာ တကောင်းနဲ့ ထီးချိုင့် မောင်းကုန်းက နီကယ်စက်ရုံဟာ
သက်သေ ပြစရာ ရှိပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံအထက်ပိုင်း(ဧရာဝတီအရှေ့ဘက်ခြမ်းမှာ)
ဦးတင်မောင်အမည်ခံ လီစန်းရှင်းပိုင်တဲ့မြေဟာ
ဧက(၄)သိန်းကျော် ရှိသွားခဲ့ပါပြီ၊ ရွှေကူ -ဗန်းမော်ဘက်
ဝယ်ပြီးရင်တော့ မြန်မာနိုင်ငံ အထက်ပိုင်းတစ်ခုလုံး(တယုတ်နိုင်ငံအထိ)
ဦးတင်မောင်အမည်ခံ လီစန်းရှင်းလက်ထဲ
ကျရောက်သွားပြီလို့ ပြောရတော့မှာပါ၊

နိုင်ငံတစ်နိုင်ငံကို လက်နက်နဲ့ သိမ်းရင် လူတွေမြင်နိုင်ပေမယ့်
(အာဏာပိုင်တွေကို သိမ်းသွင်းပြီး)ငွေနဲ့ သိမ်းလိုက်တာကတော့ လူမသိ
သူမသိ ကျူးကျော်ခံလိုက်ရတော့တာပါပဲ၊ဒီပြဿနာတွေကို
မီဒီယာတွေအချို့က အာရုံစိုက်လာတာကို သိရတဲ့
ဂရိတ်ဝေါဦးတင်မောင်အမည်ခံ လီစန်းရှင်းဟာ ဝေမာကုမ္ပဏီကို
လွဲရောင်း ရောင်းနေပါပြီ၊ဝေမာကုမ္ပဏီပိုင်ရှင် ကိုဇော်ထွန်းဆိုတာဟာလည်း
ဦးတင်မောင်အမည်ခံ လီစန်းရှင်းရဲ့ မယားညီအစ်ကိုအရင်း ဖြစ်ပါတယ်၊

ဒီကိစ္စဟာ သိပ်အန္တရာယ်ကြီးနေတဲ့အတွက် အစိုးရအနေနဲ့
တယုတ်လက်ထဲရောက်နေတဲ့ မြန်မာ့မြေတွေကို
ဘယ်လို ပြန်လှယ်ရယူမယ်ဆိုတာ နည်းလမ်း ရှာကြဖို့ ကောင်းနေပါပြီ၊
အဲဒီိလို လုပ်ဖို့ဆိုတာကလည်း ဦးသိန်းစိန် သမ္မတ ဖြစ်နေသမျှတော့ လွယ်
မယ် မထင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဦးသိန်းစိန်
သမ္မတကြီးကိုယ်တိုင်က ဦးတင်မောင်အမည်ခံ လီစန်းရှင်းကို
အမျိုးသားအကျိုးစီးပွားစွမ်းဆောင်ရှင်ဆု
ပေးထားခဲ့လို့ ဖြစ်ပါတယ်၊ ဦးတင်မောင်ပိုင် လုပ်ငန်းတွေဟာ ဆေးရုံ၊
ဟိုတယ်၊ ဆောက်လုပ်ရေး၊အိမ်ယာမြေစီမံကိန်း၊ စူပါမားကက်၊
သစ်စက်၊သစ်ပါးလွှာစက်၊ ရွှေတွင်း၊ ရေနံတွင်း၊
နီကယ်စက်၊ သကြားစက်၊အရက်စက်ရုံ စသဖြင့်စက်ရုံပေါင်းများစွာ
ရှိပါတယ်၊ပြောရရင်အစိုးရထက်တောင် များပြားပုံရနေပါတယ်၊
တစ်ခါက ထီးချိုင့်မြို့နယ်မှူးတစ်ယောက်ဟာဦးတင်မောင်ကို နောက်ကြောင်းလိုက် စုံစမ်း မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်၊
အဲဒီလိုလုပ်ပြီး နောက်ရက်မှာပဲ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးက
မြို့နယ်မှူးကို ခေါ်ပြီး သတိပေးလက်မှတ် အထိုးခိုင်းခဲ့ပါတယ်၊ မကြာခင်မှာပဲ
ထီးချိုင့် မြို့နယ်မှူး အဝေးကို လွှင့်သွားခဲ့ရပါတယ်၊ ပြောရရင်
ဦးတင်မောင်အမည်ခံ လီစန်းရှင်းကို ကိုင်ဖို့ဆိုတာလည်းကြာလေ မလွယ်လေ ဖြစ်နေရပါပြီ၊။

သိရသလောက်ဆို ဒီနှစ်ပိုင်းတွေမှာ ဦးတင်မောင်အမည်ခံ
လီစန်းရှင်းဟာ ဧရာဝတီ အရှေ့ခြမ်းက မြေဧက အမြောက်အများကို
သူ့လူရင်းတွေကို အမည်ခံ လွဲပြောင်းပေးနေပြီး နေပြည်တော်ကနေ
မန္တလေးအကြား မြေတွေကို
ထပ်မံဝယ်ယူသိမ်းပိုက်ဖို့ စီမံချက်ကို အကောင်အထည် ဖေါ်လုပ်ကိုင်နေပြီလို့
သိရပါတယ်၊အဲဒါအပြင် မန္တလေးမှာ ၊၁၊၂၀၁၅ရက်နေ့က
ဖမ်းဆီးအရေးယူခံလိုက်ရတဲ့ တော်ဝင်နှင်းဆီဆေးရုံရဲ့
ပိုင်ရှင်ဒေါ်နန်းလှစိန်ဆိုတာဟာ လည်းဦးတင်မောင်အမည်ခံ လီစန်းရှင်း ရဲ့ တရားဝင် ဇနီး ဖြစ်ပါတယ်၊အဲဒီအမှုတွဲမှာဗီဇာကျော်နေထိုင်လုပ်ကိုင်နေတဲ့ တယုတ်နိုင်ငံသား(၄)ယောက်လည်း
ပါဝင်နေတဲ့အတွက် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားတယ်လို့ သိရှိရပါတယ်
ဒီဖြစ်စဉ်တွေကိုဆက်စပ်ကြည့်လိုက်ရင် ဦးတင်မောင်အမည်ခံ လီစန်းရှင်း ရဲ့ မြန်မာနိုင်ငံကို

သိမ်းပိုက်ရေးဟာ ကြောက်စရာကောင်းလောက်အောင် အောင်မြင်နေခဲ့ပြီပဲ
ဖြစ်ပါတယ်၊ဒါတွေကို
အစိုးရမင်းများ သိတော်မူပါ မြင်တော်မူပါ ပြင်တော်မူကြပါ..။
ကျွန်တော်အခုလို စုံစမ်းဖေါ်ထုတ်ရေးသားနေတာဟာ ဦးတင်မောင်နဲ့
ရန်ငြိုးရန်စရှိလို့ မဟုတ်သလို စီးပွားရေး ပတ်သက်မှု တစ်စုံတရာလည်း
မရှိပါဘူး၊

မြန်မာမြေတွေ နယ်ချဲ့ တယုတ်တွေ သိမ်းပိုက်ခံနေရတာကို ကြည့်မနေနိုင်လို့ အမျိုးသားရေး အကျိုးမျှော်ပြီး နိုးဆောင်နေရခြင်းသာဖြစ်ပါတယ်ခင်ဗျာ၊
__________________
- (ဟာဂျူလီ-ကသာ)

No comments:

Post a Comment