Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

အချင်းများရာမှ အရပ်သားတစ်ယောက်ကို ရဲတပ်ဖွဲ့ဝင် ၄ ဦး ၀ိုင်းရိုက်


ရန်ကုန်၊ ဇန်န၀ါရီ ၇

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ဂေါက်ကလပ် စားသောက်ဆိုင်အတွင်း ဇန်န၀ါရီ ၅ ရက်က ဖျာပုံ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် အရပ်သားဖြစ်သူ မောင်မြတ်မင်းတို့ အချင်းများရာမှ မောင်မြတ်မင်းမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၄ ဦး၏ ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် မောင်မြတ်မင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူရလျက်ရှိရာ ရိုက်နှက်ခဲ့သူ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဖျာပုံမြို့မရဲ စခန်း၌ လက်ရောက်မှု ပုဒ်မ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း မောင်မြတ်မင်း၏ အစ်မဖြစ်သူ မနီလာဝင်းက ဇန်န၀ါရီ ၆ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

““သက်ဇော်အောင်ပါ ၄ ဦးကနေပြီးတော့ မိန်းကလေးကိစ္စပေါ့။ သူနဲ့စကားများပြီးတော့ အစ်မမောင်က အိမ်သာ ကို ထသွားတဲ့ အချိန်မှာ ၄ယောက်က ၀ိုင်းပြီးတော့ လိုက်ရိုက်တာပေါ့။ ဖျာပုံဆေးရုံကနေ ရန်ကုန်ကို လွှဲစာ ပို့လိုက်တယ်။ ဖျာပုံမြို့မ ရဲစခန်းက ရဲတွေဆိုတော့ စခန်းမှာတော့ ရှိမှာပေါ့။ အမှုပဲဖွင့်ထားတာ ရှိသေးတယ်”” ဟု မောင်မြတ်မင်း၏ အစ်မဖြစ်သူ မနီလာဝင်းက မြန်မာသံတော်ဆင့်ကို ပြောသည်။

ဖြစ်စဉ်မှာ ဖျာပုံ၊ ဂေါက်ကလပ် စားသောက်ဆိုင်တွင် ဇန်န၀ါရီ ၅ ရက် ည ၁၀ နာရီခန့်က မောင်မြတ်မင်း ဆိုသူက ၎င်းထိုင်နေသော ၀ိုင်းတွင် စားသောက်ဆိုင်မှ မိန်းကလေးကို ခေါ်ထားရာ တစ်ဖက် ၀ိုင်းတွင် ထိုင်နေသည့် ဖျာပုံမြို့မ ရဲစခန်းမှ ရဲအရာခံ သက်ဇော်အောင်ပါ ၄ ဦးက အဆိုပါ မိန်းကလေးအား လှမ်းခေါ်ရာမှ အချင်းများပြီး မောင်မြတ်မင်းအား ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

““အခုက စွပ်စွဲထားတာတော့ ၄ ယောက်ရှိတယ်။ အခုအမှု စစ်နေတုန်းပဲရှိတယ်။ ပုဒ်မ ၃၂၅/၁၁၄ (လက်ရောက်မှု)”” ဟု ဖျာပုံမြို့မ ရဲစခန်းမှ ဒုရဲအုပ် ဦးကြည်ထွန်းက မြန်မာသံတော်ဆင့်ကို ပြောသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment