Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 21, 2015

တပ်မတော်အရာရှိများ အသွင်ဟန်ဆောင်ကာ လိမ်လည်မှု ပြုလုပ်သော အဖွဲ့အား ဖော်ထုတ်ဖမ်းဆီး


နေပြည်တော် ဇန်နဝါရီ ၂၁

တပ်မတော် အရာရှိကြီးများ အသွင် ဟန်ဆောင်၍ လိမ်လည်လျက်ရှိကြောင်း သတင်း ရရှိသဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကမာရွတ် မြို့နယ် ဗဟိုလမ်း လှည်းတန်းခုံးကျော် တံတားအနီး၌ မျိုးမြင့်အောင်(ခ)သန်းဝင်း(ခ)မွတ်တား၊ ကျော်စိုးနိုင်၊ မျိုးမင်းထွန်း၊ တင်တင်ညိုနှင့် သဲမာမျိုး တို့အားလည်းကောင်း၊ ၎င်းတို့နှင့် ဆက်စပ်ပြီး သိန်းလွင်(ခ)ကရင်နှင့် ကိုနိုင်တို့အားလည်းကောင်း အသီးသီး ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့သည်။

ဖြစ်စဉ်တွင် မျိုးမြင့်အောင်(ခ)သန်း ဝင်း(ခ)မွတ်တား၊ ကျော်စိုးနိုင်၊ မျိုးမင်းထွန်း၊ တင်တင်ညို၊ သိန်းလွင်(ခ)ကရင် နှင့်ကိုနိုင်တို့သည် လိမ်လည်မှုပြုလုပ် ရာ၌ မျိုးမြင့်အောင် (ခ) သန်းဝင်း(ခ) မွတ်တားနှင့် ကျော်စိုးနိုင်တို့နှစ်ဦးမှာ ဗိုလ်ကြီးအဆင့်နှင့် မျိုးမင်းထွန်းမှာ အကူအဖြစ်လည်းကောင်း၊ အရာရှိကြီးအဖြစ် သိန်းလွင်(ခ)ကရင်နှင့် လူယုံ အဖြစ် ကိုနိုင်တို့မှလည်းကောင်း အသီးသီးအယောင်ဆောင်၍ ရန်ကုန်လမ်းညွှန်၊ တီဗွီကြော်ငြာများမှတစ်ဆင့် လုပ်ငန်းရှင်များအား ပစ်မှတ်ထားကာ ဖုန်းနံပါတ်များ ရယူဆက်သွယ်ပြီး ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့အနေဖြင့် ရွှေဘိုမြို့မှ ဆိပ်ခွံပုဆိုးအထည်လုပ်ငန်း၊ မန္တလေး မြို့မှ မီးသွေးဖိုလုပ်ငန်း၊ စဥ့်အိုးလုပ်ငန်း၊ မီးအားမြှင့်စက်ရောင်းဝယ်ရေးလုပ်ငန်း၊ ဘေစင်ရောင်းဝယ်ရေးလုပ်ငန်း၊ ညောင်ဦးမြို့မှ ယွန်းထည်ပစ္စည်းလုပ်ငန်း၊ တမူးမြို့မှ အမဲသားလုပ်ငန်းစသည့် လုပ်ငန်းရှင်များထံ တပ်မတော်အရာရှိ များအမည်ခံ၍ ဆက်သွယ်ကာ မမျှော်လင့်ထားသော အရေအတွက်များ မှာယူခဲ့ကြကြောင်း၊ ပစ္စည်းများမှာယူ ပြီးနောက် စရန်ငွေတစ်ဝက်ပေးချေရန် အကြောင်းကြားခေါ်ယူ၍ လုပ်ငန်းပေးအပ်သောအရာရှိကြီးနှင့် တွေ့ဆုံ စေပြီး ဂါရဝကြေးအဖြစ် မုန့်ပုံးအတွင်း ငွေကြေးထည့်သွင်း ပေးအပ်စေခြင်းဖြင့် လိမ်လည်ရယူခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် လမ်းညွှန်စာအုပ် နှင့် ကြော်ငြာများမှ နယ်မြေများတွင် လုပ်ကိုင်နေသော လိမ်လည်၍ရနိုင် မည့်လုပ်ငန်းရှင်များ၊ အရောင်းနည်းပါး ၍ စိတ်ဝင်စားမှုအတော်အသင့်နည်းပါးသည့် လုပ်ငန်းငယ်များ၏ရောင်းချမှု အားနည်းသည့်အခြေအနေအား ပစ်မှတ် ထားကာ တပ်မတော်၏အရှိန်အဝါကို အသုံးပြုပြီး ဈေးနှုန်းမြှင့်အရေအတွက် များများဝယ်ယူမည့်ပုံသဏ္ဌာန်ဆောင် ၍ မက်လုံးပေးပြီး ဂါရဝကြေးဟု ပြောဆိုဥာဏ်ဆင်ကာ တပ်မတော် အရာရှိများသဖွယ် အယောင်ဆောင်၍ လုပ်ငန်းရှင်များအား လိမ်လည်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(မြဝတီ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment