Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

မိခင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် တစ်ကိုယ်တော်ရှိုးပွဲကို တတိယအကြိမ် ထပ်မံနောက်ဆုတ်လိုက်ရတဲ့ ဝိုင်းစုခိုင်သိန်း

တစ်ကိုယ် တော်ရှိုးပွဲအား တတိယအကြိမ် ထပ် မံနောက်ဆုတ်လိုက်ရခြင်း အတွက် ပရိသတ်တွေအား တောင်းပန်လိုက် တဲ့ တေးသံရှင်ဝိုင်းစုခိုင်သိန်းက အ ခုလို့ပဲ ပြောပြခဲ့ပါတယ်။

”ဝိုင်းစုဘက်က တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ခဏခဏနောက်ဆုတ် နေရတဲ့အတွက် ပရိသတ်တွေအား လုံးကို ဝိုင်းစုတောင်းပန်ပါတယ်။

ဒီ တစ်ခေါက်ဝိုင်းစုဖျော်ဖြေပွဲကို နောက် ဆုတ်လိုက်ရတာက မေမေ့ရဲ့ကျန်းမာ ရေးအခြေအနေကြောင့်ပါ။ မေမေ ကျန်းမာရေးမကောင်းလို့ ပြည်ပကို ထွက်ပြီးတော့ ဆေးကုသရမှာဖြစ်တဲ့ အတွက် ဝိုင်းစုတစ်ကိုယ်တော်ဖျော် ဖြေပွဲကို ထပ်ပြီးတော့နောက်ဆုတ် လိုက်ရတာပါ။

ဝိုင်းစုရဲ့ One Lady Show ကို မတ်လဆန်းပိုင်းမှာလုပ် ဖို့အတွက် စဉ်းစားဖြစ်ခဲ့ပေမယ့် ၁ဝ တန်း စာမေးပွဲတွေရှိနေတဲ့ အတွက် ဝိုင်းစု မတ်လ လလယ်ပိုင်းလောက် ကိုလုပ်မယ်လို့တော့ အကြမ်းဖျင်း လျာထားပါတယ်။

ဘယ်ရက်လုပ်မယ် ဆိုတာကတော့ ရက်အတိအကျမဖြစ် သေးပါဘူး။ ဝိုင်းစုတစ်ကိုယ်တော် ဖျော်ဖြေပွဲက ၂ဝ၁၄ကတည်းက လုပ် ဖို့အတွက် ပြင်ဆင်ခဲ့ပေမယ့် မင်္ဂလာ ဆောင်ကိစ္စတွေရော၊ ဘာတွေရော ရှုပ်နေတာကြောင့် ၂ဝ၁၅ခုနှစ် ဇန် နဝါရီလထဲကို ရွှေ့လိုက်ရပေမယ့် အခု မေမေရဲ့ ကျန်းမာရေးကြောင့် ထပ်ပြီးတော့ မတ်လထဲကိုရွှေ့လိုက် ရတာပါ။

ပရိသတ်တွေအားလုံး စောင့် ရကျိုးနပ်အောင်လို့တော့ ဝိုင်းစု တစ် ကိုယ်တော်ဖျော်ဖြေပွဲမှာ အကောင်း ဆုံးဖြစ်အောင် ပြင်ဆင်သွားမှာပါ။အခု ခဏခဏဖျော်ဖြေပွဲကိုရွှေ့ဆိုင်း နေရတဲ့အပေါ်ကိုလဲ ပရိသတ်တွေ အနေနဲ့ ဝိုင်းစုကိုနားလည်ပေးပါလို့ တောင်းပန်ချင်ပါတယ်။

တစ်ကိုယ် တော်ဖျော်ဖြေပွဲအတွက်ကတော့ အားလုံးနီးပါး ပြင်ဆင်ပြီးနေပါပြီ။ဖျော်ဖြေပွဲမှာတော့ ဝိုင်းစုအောင် မြင်ခဲ့တဲ့သီချင်းတွေရော၊ ပရိသတ် တောင်းဆိုမယ့် သီချင်းတွေအားလုံး ကို သီဆိုပေးနိုင်ဖို့အတွက် ပြင်ဆင် ထားမှာပါ”ဟု ပြောသည်။

တေးသံရှင်ဝိုင်းစုခိုင်သိန်း၏ ဥညနူေိပှ့သတ ပွဲအား အခြေခံပညာ စာမေးပွဲများပြီးသည့်အချိန် တွင်ကျင်းပသွားမည်ဖြစ်သည်။

NN

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment