Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 5, 2015

ပထမဆုံးများ



၁။ အလှမယ်မေမြတ်နိုးသည် နိုင်ငံတကာအလှ မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး သရဖူရယူပေးနိုင်ခဲ့သော်လည်း ပွဲကျင်းပသည့် အဖွဲ့အစည်းနှင့် မပြေလည်မှုဖြစ်ရာမှ သရဖူအရှုပ် တော်ပုံဖြစ်ပွားခဲ့သည်။

၂။ မြန်မာ့မီးရထားမှ ရေနွေးငွေ့ စက်ခေါင်းမီးရထား ဖြင့် ပထမဆုံး ခရီးစဉ်ပြေးဆွဲမှုကို ပုဂ္ဂလိကနှင့် ပူး ပေါင်းကာ ၂၀၁၄ ဒီဇင်ဘာ ၁၆ ရက်က ပုဂံ-ကျောက်ပန်းတောင်းခရီးစဉ်ဖြင့် စတင်ခဲ့သည်။

၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို နှစ်ပေါင်း ၆၀ ကျော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

၎။ နိုင်ငံတကာခေါင်းဆောင် ၁၈ ဦးတက်ရောက်သော မြန်မာနိုင်ငံကအာဆီယံထိပ်သီးအစည်းအ ဝေး နှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကို အိမ်ရှင်အဖြစ် နိုဝင်ဘာ၁၂ ရက်မှ ၁၃ ရက်အထိ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့သည်။

၅။ ဆယ်စုနှစ်နှင့်ချီ၍ ခေတ်အဆက်ဆက်ပြုလုပ် ခဲ့သည့် ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုကို မတ်လ ၃၁ ရက် ညဥ့် ၁၂ နာရီမှစ၍ ပထမဆုံးအကြိမ် တရားဝင်ရပ်ဆိုင်းခဲ့သည်။

၆။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် အင်အားစုငါးစုမှ ခေါင်းဆောင် ၁၄ဦးတို့ ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးမှုကို အောက်တိုဘာ ၃၁ ရက်က နိုင်ငံ တော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမတွင် ပြုလုပ် ခဲ့သည်။

၇။ ပြည်ပဆက်သွယ်ရေးအော်ပရေတာများ ၀န်ဆောင်မှုကို ယခုနှစ်အတွင်း ပထမဆုံးအကြိမ်ခွင့်ပြုခဲ့ပြီး အူရီးဒူးက ဇူလိုင် ၂၇ ရက်၊ တယ်လီနောကစက်တင်ဘာ ၂၉ ရက်တွင် စတင်လုပ်ဆောင်ခဲ့ သည်။

၈။  ကမ္ဘာကျော်  ဝေါ့ဒစ္စနေးဇာတ်ကောင်အစစ်များ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး ၎င်းတို့ကိုယ်တိုင်  ပါဝင်ကပြသည့် ဖျော်ဖြေပွဲတစ်ခုကို အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အထိ Myanmar Event Park ၌ ကျင်းပပြုလုပ်ခဲ့သည်။

၉။ မြန်မာ့တပ်မတော်စစ်ဆင်ရေးအတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ကိုပါကြီး၏ ရုပ်အလောင်းကို အများပြည်သူရှေ့တွင် တူးဖော်ခွင့်ပြုပြီး ပြန်လည်စစ်ဆေးခြင်းကို ပထမဆုံးအကြိမ် ခွင့်ပြုခဲ့သည်။
http://7daydaily.com/story/28672#.VKp9aXs9THQ

No comments:

Post a Comment