Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

ဂေးတစ်ဦးဖြစ်ကြောင်း အိုင်ယာလန် အစိုးရဝန်ကြီးတစ်ဦး ဝန်ခံပြောကြား


Written by  မဇ္ဈိမ
ဒပ်ဗလင် (မဇ္ဈိမ) ။ ။ အိုင်ယာလန်နိုင်ငံရှိ ထင်ရှားသော နိုင်ငံရေး သမားတစ်ဦးက ၎င်းမှာ ဂေးတစ်ဦးဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင်ကြေညာ သွားရာနိုင်ငံ သမိုင်းတစ်လျှောက် တွင်လိင်တူ ချစ်ခင် သူအဖြစ် ပထမ ဆုံးသော ထုတ်ဖော်ပြော ကြားခဲ့သည့် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦးဖြစ် လာခဲ့သည်။

leo-gay-Iralan

အစဉ်အလာအားဖြင့် ကက်သလစ် နိုင်ငံတွင် လိင်တူ လက်ထပ်ခြင်းအပေါ် ဆန္ဒခံယူပွဲ တစ်ရပ် မကျင်းပမီ လေးလအလိုတွင် အိုင်ယာလန် ကျန်းမာရေး ဝန်ကြီး လီယို ဗာရက်ကာက နိုင်ငံပိုင် ရုပ်သံ RTE နှင့် တွေ့ဆုံမေးမြန်းသည့် အင်တာဗျူးတစ်ခုတွင် ပြောကြားသွားခြင်းဖြစ်သည်။

“ကျွန်တော်က ဂေးတစ်ယောက်ပါ၊ ဒါဟာ လျို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒါကလည်း လူတိုင်း မလွဲမသွေ သိရမယ့် ကိစ္စလဲမဟုတ်ပါဘူး” ဟု အသက် ၃၆နှစ်ရှိ ဗာရက်ကာ ကပြောသည်။ အိန္ဒိယဖခင်နှင့် အိုင်းရစ်ခ်ျ မိခင်တို့မှဒပ်ဗလင် တွင်မွေးဖွားသော ဗာရက်ကာက လာမည့်မေလ ဆန္ဒခံယူပွဲ မတိုင် မီလိင်တူ လက်ထပ်မှုကို အားပေးသည့် လှုပ်ရှား မှုများ လုပ်ဆောင် မည်ဖြစ်ပြီး လူများ ကိုလည်း ရိုးသားကြစေ ချင်ကြောင်းပြော ကြားသည်။

စစ်တမ်းကောက်ယူမှုများအရ လာမည့်မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် အိုင်ယာလန်တို့သည်လိင်တူ လက်ထပ်ခြင်း ကိုထောက်ခံ မဲပေးဖွယ် ရှိနေသည်။ ယခုကဲ့သို့ ကျန်းမာရေး ၀န်ကြီး ၏ကြေညာမှု အပေါ် လိင်တူ လိင်ကွဲ တန်တူ ညီမျှရေး အဖွဲ့ အစည်းများနှင့် အတိုက်အခံ ပါတီများက ကြိုဆိုခဲ့ကြသည်။

“သူရဲ့ ပြောရဲတဲ့ သတ္တိက မိမိအကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားချင်ကြတဲ့ အခြားသူတွေအတွက်လည်း အားတက်စေပါတယ်” ဟု လိင်တူ လိင်ကွဲတန်း တူညီမျှရေး ကွန်ရက် GLEN ၏ ဥက္ကဋ္ဌ ကီရန်ရို့စ် ကပြော ကြားသည်။

Ref: AFP
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/37350-2015-01-19-11-18-16

No comments:

Post a Comment