Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

စပါးခွံများ အပူလွန်ကဲရာမှ ပုသိမ်တွင် ဆန်စက်နှင့်ဂိုဒေါင် မီးလောင်

ဆန်စက်နှင့် ဂိုဒေါင်များ မီးလောင်ကျွမ်းနေစဉ် (ဓာတ်ပုံ− သက်ဆွေ)

ပုသိမ်မြို့ ကမ်းနားလမ်း၊ မာတရပ်ရှိ အောင်ရတနာဆန် စက်တွင် ဇန်န၀ါရီ ၇ရက် နံနက် ၄ နာရီခန့်က ဆန်စက်မှ စွန့်ထုတ်သည့် စပါးခွံများ ကြာရှည်သိုလှောင်ထားပြီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

‘‘စတင်ကြိတ်ခွဲကတည်းက ပွတ်အားကြောင့် စပါးခွံမှာအပူရှိန် ပါပြီးသားပါ။ စပါးခွံတွေများလာတော့ အပူရှိန်တွေ များများလာ တယ်။ ရာသီဥတု အပူအအေး ကြောင့်လည်းအပူချိန်ကို မြှင့်ပေး သလိုဖြစ်တယ်။ အဲဒီကနေမီးစ တင်လောင်ကျွမ်းခဲ့တာပါ’’ ဟု ဧရာဝတီတိုင်းဒေသကြီး တိုင်းမီး သတ်ဦးစီးမှူးဦးမျိုးဝင်းက ပြော သည်။

တစ်နာရီကျော် လောင်ကျွမ်းသောမီးကြောင့် ဆန်စက် အဟောင်းငါးလုံး၊ ပေ ၈၀-၄၀ ဂိုဒေါင်တစ်လုံး၊ အဆိုပါ ဂိုဒေါင်ထဲတွင် သိုလှောင်ထားသည့် စပါးအိတ်များစွာ မီးလောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်မှုတွင် ပါဝင်သူအချို့အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်မှလွဲ၍ အပြင်းအထန်ဒဏ်ရာ ရရှိသူနှင့် သေဆုံးသူမရှိခဲ့ပေ။

‘‘စပါးခွံတွေက အငွေ့တွေ ထွက်နေတာ။ လေးငါးရက် လောက်ရှိပြီ။ ဘာကြောင့်ထွက် နေတယ်ဆိုတာကိုတော့ မသိပါ ဘူး။ ဆောင်းတွင်းအခိုးပြန်တယ် လို့ပဲ ထင်တာ။ ပိုင်ရှင်တွေလည်း ဒီလိုအငွေ့ထွက်နေတာကို သိပုံ တော့ရပါတယ်’’ဟု စက်ရုံဝန်ထမ်း တစ်ဦးကပြောသည်။

အဆိုပါ ဆန်စက်ပိုင်ရှင်မှာ အသက်(၂၇)နှစ်အရွယ်ကိုသက်ဝေ လင်းဟု သိရပြီး မီးလောင်ကျွမ်းမှုကို ပုသိမ်မြို့ အသည်းကြီးရဲစခန်းက (ပ)၇/၂၀၁၅ပုဒ်မ(၂၈၅)၊ မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် အဆိုပါ ဆန်စက်၏ ညစောင့်လုပ်သား ကိုနက်ကလဲ(ဘ)ကိုဆီဗုံးအသက် (၁၈)နှစ်ကို အရေးယူထားသည် ဟု သိရသည်။

သို့သော် မီးကြွင်း မီးကျန်များကို နေ့လယ်အထိ ဆက်လက်ငြှိမ်းသတ်ခဲ့ရသည်။



7Daily

No comments:

Post a Comment