Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

တောင်သမန် ငှက်လှေစီးနင်းသူ နိုင်ငံခြားသား ယခင်နှစ်ထက် (၃၀၀၀၀)ကျော်တိုး

ယခုနှစ် ခရီးသွား ရာသီအတွင်း နိုင်ငံခြားသား ဧည့်သည်များ ပိုမို ၀င်ရောက်လာခြင်း၊ စီးပွားရေး အခွင့်အလမ်းများ ပိုမို ပွင့်လင်းလာခြင်း၊ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များ ၀င်ရောက် လာခြင်း၊ ငှက်လှေ စီးနင်းခများကို လျှော့ချပေး ထားခြင်းတို့ကြောင့် တောင်သမန်အင်းတွင် ငှက်လှေစီးနင်းသူ နိုင်ငံခြားသားများ ယခင်နှစ်ထက် များပြား လာကြောင်း ငှက်လှေ အသင်း၏ အတွင်းရေးမှူး ဖြစ်သူ ဦးထိန်ဝင်းက ပြောသည်။ ၂၀၁၃ ခုနှစ် အတွင်း ငှက်လှေစီးနင်းသူ ကိုးသောင်းကျော်(၉၃၀၇၂ ဦး) ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ငှက်လှေ စီးနင်းသူ (၁၂၀၃၇၈ ဦး) အထိ ရှိခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ အသင်းက ပိုက်ဆံ မကောက်ပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရမယ် ဆိုတဲ့ စိတ်ပဲရှိတာပါ။ ငါက ဒီရာထူးမို့ သူက ဘာမို့ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး။ အသင်းက လူတွေ အကုန်လုံးက မိသားစုတွေ ပါပဲ။စည်းမျဉ်းဆိုလို့ ကျွန်တော်တို့ အနေနဲ့ လှေလှော်ခတ်တဲ့ သူတွေကို အရက်သေစာ လုံးဝ မသောက်စားခိုင်း ပါဘူး။ ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးတာပါ”ဟု တောင်သမန် ငှက်လှေ အသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

၂၀၁၃ ခုနှစ်အတွင်းတွင် ဦးပိန်တံတားသို့ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုမှာ ခုနစ်သိန်းခန့်သာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် အတွင်းတွင် (၁၀)သိန်းကျော် အထိရှိခဲ့ ကြောင်း တောင်သမန်အင်း ဦးပိန်တံတား ထိန်းသိမ်းစောင့်ရှောက်ရေးရုံးမှ သိရသည်။

“ဘယ်အဖွဲ့အစည်းကိုမှ အခွန်အခ မပေးပါဘူး။ အခုချိန်ထိပေါ့နော်။ တံတားကြီးပြုပြင်တာတို့ လိုအပ်တာမှန်သမျှကို တတ်နိုင်သလောက် ကျွန်တော်တို့ ပါဝင်ကူညီတယ်။ ဒီတံတားကြီးရှိနေလို့ ကျွန်တော်တို့ ထမင်းစားနေရတာလို့ အသိစိတ်မှာ စွဲနေတာပါ”ဟု ငှက်လှေလှော်ခတ်ခြင်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

တောင်သမန် ငှက်လှေအသင်းအား တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း (၂၀)ခန့် ကြာမြင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ငှက်လှေစီးနင်းခ မှာ နှစ်ယောက်စီး လှေတစ်စီးအားကျပ်(၈၀၀၀)ဖြင့် အချိန် (၄၅)မိနစ်ခန့် လှည့်ပတ် လှော်ခတ်ပေးကာ၊ ၂၀၁၄ ခုနှစ်တွင် လေးယောက်စီး လှေတစ်စီးအား ကျပ်တစ်သောင်းဖြင့် အချိန် တစ်နာရီခန့်အထိ လှည့်ပတ် လှော်ခတ်ပေးကြောင်း သိရသည်။
http://www.messengernewsjournal.com/news/HeadNews/?id=29609

No comments:

Post a Comment