Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ဘရစ်တနီစပီးယား၏ ရည်စားဟောင်း တာလီဘန်တို့ ပစ်ခတ်မှုကြောင့်သေဆုံး


အမေရိကန် အဆိုတော် ဘရစ်တနီစပီးယား၏ ရည်စားဟောင်းဖြစ်သူ လေယာဉ်မှူး ဂျွန်ဆန်ဒါဟဲလ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနီးတွင် ပြီးခဲ့သည့် သီတင်းပတ်က တာဝန်ထမ်းဆောင်စဉ် ၎င်း၏ရဟတ်ယာဉ်ကို တာလီဘန်တို့က ဒုံးကျည်ဖြင့် ပတ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့သည်။ အဆိုပါသတင်းကြောင့် အသက် ၃၃ နှစ်အရွယ်ရှိ ဘရစ်တနီသည် စိတ်ထိခိုက်ခံစားခဲ့ရကြောင်း သတင်းအရင်းမြစ်က ပြောကြားသည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဆန်ဒါဟဲလ်နှင့်ဘရစ်တနီတို့သည် ၂၀၀၇ခုနှစ်က လော့စ်အိန်ဂျလိစ်ရှိ Alcoholics Anonymous အဖွဲ့တွင် တွေ့ဆုံခဲ့ပြီး တွဲခဲ့ခြင်းဖြစ်ကာ ဆန်ဒါဟဲလ်သည် ဘရစ်တနီ အရက်ဖြတ်စဉ်က အကူညီပေးခဲ့ကြောင်းနှင့် ဘရစ်တနီကို အရက် မဖြတ်ပါက သေနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု အင်တာဗျူးများအရ သိရသည်။
“အရက် မဖြတ်ခဲ့ပါက အသက်သေဆုံးလိမ့်မယ်။ အရက်ကို အလွန်ကျွံမသောက်ခဲ့ဘူးဆိုရင် ကလေးတွေကို စောင့်ရှောင့်နိုင်လိမ့်လို့ ဘရစ်တနီကို ပြောကြားခဲ့ပါတယ်” ဟု ဆန်ဒါဟဲလ်က ၂၀၀၇ ခုနှစ်က National Enquirer မီဒီယာကို ပြောကြားခဲ့သည်။

.ဘရစ်တနီနှင့် ဆန်ဒါဟဲလ်တို့သည် လအနည်းငယ်ကြာ တွဲခဲ့ပြီးနောက် ၎င်းတို့၏ ဆက်ဆံရေးကို အဆုံးသတ်ခဲ့သော်လည်း မိတ်ဆွေ သူငယ်ချင်းများ အဖြစ်သာ ဆက်လက်ရှိနေခဲ့သည်။

ဆန်ဒါဟဲလ်သည် ပြီးခဲ့သည့်နှစ်က အာဖဂန်နစ္စတန်သို့ ပြောင်းရွှေ့ခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာ နေရာအတွင်းအပြင်တွင် ပျံသန်းမှု များ ပြုလုပ်ခဲ့ကြောင်းနှင့် ၂၀၁၄ ခုနှစ် နွေရာသီက ဘရစ်တနီနှင့် ထပ်မံတွေ့ဆုံခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြထားသည်။

”ဘရစ်တနီဟာ ဆန်ဒါဟဲလ် သေဆုံးတဲ့ သတင်းကို ကြားတဲ့အခါ စိတ်ထိခိုက်ခံစားခဲ့ရပါတယ်။ ဆန်ဒါဟဲလ်ဟာ ဘရစ်တနီ ချစ်ရတဲ့ အမျိုးသားတစ်ယောက် ဖြစ်ပါတယ်” ဟု ဘရစ်တနီနှင့် နီးစပ်သော သတင်းအရင်းအမြစ်က ဒေးလီးမေးလ်သို့ဇန်န၀ါရီ ၁၆ ရက်က ပြောကြားခဲ့သည်။

ဘရစ်တနီတွင် ခင်ပွန်းဟောင်းဖြစ်သူ ကီဗင်ဖာဒါလိုင်းနှင့်ရထားသော အသက်ရှစ်နှစ်အရွယ် ဂျေဒီဂျိမ်းစ်နှင့် အသက်ရှစ်နှစ်အရွယ် ဆီအန့်ပရက်စ်တန်သားနှစ်ရှိကြောင်းနှင့် ဘရစ်တနီသည် ဆန်ဒါဟဲလ် သေဆုံးမှုနှင့် စပ်လျဉ်း၍ ယခုအချိန်ထိ မှတ်ချက်ပြုပြောကြား မှုများ ပြုလုပ်ခဲ့ခြင်း မရှိသေးပေ။

ဆန်ဒါဟဲလ်၏ ရုပ်အလောင်းကို အမေရိကန်ပြည်ထောင်စုသို့ သယ်ဆောင်ခဲ့ပြီး လော့စ်အိန်ဂျလိစ်တွင် ယခု သီတင်းပတ်အတွင်း ဗုဒ္ဓဘာသာ အခမ်းအနားဖြင့် မြေမြှပ်သဂြိုလ်ခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/37274-2015-01-18-05-12-52

No comments:

Post a Comment