Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

ဆေးခြောက်ကို ဆေးဝါး အဖြစ် အသုံးချပြီး ရောဂါများ ကုသပေးနေ

ဖာရာရီကားကို မောင်းနှင်ပြီး စိန်လက်စွပ် ၀တ်ဆင်ထားတဲ့ အမျိုးသမီး တစ်ဦးဟာ ထူးဆန်းတဲ့ အလုပ် တစ်ခုကို လုပ်ကိုင်နေ တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီ အမျိုးသမီးဟာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ထင်ရှားသူ တစ်ဦး ဖြစ်ပြီး ဆေးခြောက်နဲ့ ဆေးကုသမှု ပေးတဲ့ ဆေးခန်း ကိုလည်း ဖွင့်လှစ်ထား ပါတယ်။ ဟောလီးဝုဒ်က ထင်ရှား ကျော်ကြားတဲ့ အနုပညာရှင်တွေ ဟာလည်း ဒီဆေးခန်းကို လာရောက်ပြီး ဆေးကုသမှု တွေ ပြုလုပ်နေကြ ပါတယ်။ ဆေးခြောက်ကို အသုံးပြုပြီး သည်းခြေ ကင်ဆာ၊ အူမကြီး ရောဂါတွေကို ကုသ နိုင်ပြီး အခြားရောဂါတွေ ကိုလည်း ကုသရာ မှာများစွာ အသုံးဝင်ပါ တယ်။ ဒီလိုမျိုး လူသားတွေ အတွက် အကျိုးရှိ စေမယ့် ဆေးခန်းကို ဦးစီး ဖွင့်လှစ်ထားသူက အသက်(၅၄)နှစ်အရွယ် ချယ်ရီရူမန်းပဲ ဖြစ်ပါ တယ်။ ချယ်ရီရူမန်းကို ဆေးခြောက် ဘုရင်မ အဖြစ်လည်း ခေါ်ဆို ကြပြီး၊ သူဟာ သမီး ဖြစ်သူနဲ့ အတူ ဆေးခန်းကို ဖွင့်လှစ် ထားခြင်း ဖြစ်ပါတယ်။ ချယ်ရီရူမန်းဟာ ပြီးခဲ့တဲ့ ခုနစ်နှစ် ကတည်းက ဒီဆေးခန်းကို ဖွင့်လှစ် ထားတာ ဖြစ်ပြီး၊ အနုပညာရှင်တွေ နေထိုင်တဲ့ ဟောလီးဝုဒ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ မြေ (၆၈) ဧကမှာ ဆေးခြောက်တွေကို တရားဝင်စိုက်ပျိုးထားပြီး ဆေးကုသမှု လုပ်ငန်းတွေ ဆောင်ရွက် နေခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကြောင့် ချယ်ရီရရူမန်းဟာ ချမ်းသာတဲ့သူ အဖြစ် ရပ်တည်နိုင် ခဲ့ကြောင်း တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာ ၀န်ခံ ဟြေကြားထား ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ အချို့ ပြည်နယ်တွေမှာ ဆေးခြောက်ကို တရားဝင် ၀ယ်ယူ နိုင်ပြီး အချို့ ပြည်နယ်တွေ မှာတော့ ပိတ်ပင် ထားဆဲ ဖြစ်ပါတယ်။ ချယ်ရီ ရူမန်းက သူ့ရဲ့ လုပ်ငန်းတွေကို တိုးချဲ့နိုင်ဖို့ ဆေးခြောက် စိုက်ပျိုးမှုကို တရားဝင် စိုက်ပျိုး နိုင်ဖို့ တောင်းဆိုမှု ပြုလုပ်ထား ပါတယ်။ ဒါပေမဲ့ ချယ်ရီရူမန်းဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေ ရတာမို့ တောင်းဆိုမှုတွေကို ကျယ်ပြန့်စွာ လုပ်နိုင်ခြင်း မရှိသေးပါဘူး။ လာမယ့် ငါးနှစ် အတွင်းမှာ အမေရိကန် ပြည်ထောင်စုရဲ့ ပြည်နယ် (၁၄) ခုမှာ ဆေးခြောက်ကို ဆေးကုသမှု လုပ်ငန်းတွေမှာ တရားဝင် အသုံးပြု နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ချယ်ရီရူမန်းဟာ ဆေးခြောက်ကို တရားဝင် အသုံးပြုနိုင်ဖို့ တောင်းဆိုနေတဲ့ အဖွဲ့ မှာလည်း ပါဝင် ထားသူ ဖြစ်ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=29771

No comments:

Post a Comment