Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

'တစ်ဖက်နိုင်ငံ' မှ အ၀ယ်လိုက်နေသည့် 'လူကုန်'


ရှမ်းပြည်နယ် မူဆယ်မြို့မှ အဘာသည် တရုတ်နိုင်ငံ တောင်ဘက်စွန်းရှိ ယူနန်ပြည်နယ်သို့ ရောက်ရှိလာစဉ် က အသက် ၁၂ နှစ်သာရှိသေးသည်။ နယ်စပ်ကို ဖြတ်ကျော်လာစဉ်က တ ရုတ်နိုင်ငံအတွင်း နာရီအနည်းငယ် သာ နေထိုင်ရန် မျှော်လင့်ခဲ့သော်လည်း မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် အချိန် ၃ နှစ်ကြာမြင့်ခဲ့သည်။

မြန်မာ နိုင်ငံမှ ထောင်နှင့်ချီသည့် အခြား မိန်းကလေးငယ်နှင့် အမျိုးသမီးများ ကဲ့သို့ပင် အဘာသည် တရုတ်နိုင်ငံသို့ လိမ်ညာ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး တရုတ်နိုင်ငံသား ၁ ဦးနှင့် အတင်းအကျပ် လက်ထပ်ပေးရန် ရောင်းစားခံခဲ့ ရခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် အ ခြား နည်းလမ်းဖြင့် ဇနီးမယားရ ယူနိုင် ခြင်း မရှိသည့် အမျိုးသားအရေအတွက် တဖြည်းဖြည်းတိုးမြင့် လာနေ သဖြင့် သတို့သမီးအဖြစ် အတင်းအကျပ် ရောင်းချ ခံရသည့် အဖြစ်အပျက်များ လည်း တိုးမြင့်လာလျက်ရှိသည်။

အဘာသည် တရုတ်နိုင်ငံတွင် နေထိုင်စဉ်အတွင်း ပုံမှန်ရိုက်နှက်နှိပ် စက်ခံခဲ့ ရပြီး မိသားစုနှင့် ဆက်သွယ် ခွင့်မရသည့်အပြင် ၁ ဦးတည်း အ ပြင်ထွက်ခွင့်ပါ မရခဲ့ပေ။ အဘာအား ဝယ်ယူခဲ့သည့် မိသားစုက ၎င်းတို့၏ သားဖြစ်သူနှင့် လက်ထပ်ပေးရန် ဝယ် ယူခဲ့ခြင်းဖြစ်သည်။

အဘာက ‘ကျွန်မကို ယွမ် ၂၀,၀၀၀ နဲ့ ရောင်းခဲ့တာ ပါ။ သူတို့ ဝယ်တဲ့အချိန်မှာ ကျွန်မက လက်ထပ်ဖို့ ငယ် လွန်းနေပါတယ်။ သူတို့သားနဲ့ လက်ထပ်ပေးဖို့ ဝယ်ယူ ခဲ့တာလို့ ပြောပါတယ်။ ကျွန်မ ကံ ကောင်းခဲ့ပါတယ်။ ၂ နှစ်၊ ၃ နှစ် လောက်သာ အသက်ပိုကြီးခဲ့မယ်ဆို ရင် တစ်ခါတည်း ချက်ချင်း လက်ထပ် ပေးခဲ့ရပြီးဖြစ်မှာပါ၊ ဒါကြောင့် ကျွန်မ လက်မထပ်နိုင်သေးခင် အိမ် အလုပ် တွေကို ခိုင်းခဲ့တာပါ’ ဟု ပြောကြားခဲ့ သည်။ ငယ်ရွယ်စဉ်တွင် ဖမ်းဆီးခေါ် ဆောင်ခံရကာ ရောင်းချခံရခြင်းမှာ ကံဆိုးမိုးမှောင်ကျခြင်းဖြစ်သော် လည်း အဘာမှာ ကံကောင်းထောက်မစွာ ဖြင့် အတင်းအကျပ် လက်ထပ်ပေး ခံရခြင်းမှ လွတ်မြောက်ခဲ့ကာ ကယ် တင်ခံရပြီး အိမ်ပြန်ခွင့်ရခဲ့သည်။

တရုတ်နိုင်ငံသို့ သတို့သမီးအဖြစ် အတင်းအကျပ် ရောင်းချခံခဲ့ရ သည့် မြန်မာ မိန်းကလေး အများစုမှာမူ ဇာတ် သိမ်းမကောင်းကြပေ။ ၎င်းတို့မှာ အောက်ခြေ သိမ်း အလုပ်မျိုးစုံ ပင်ပင် ပန်းပန်း လုပ်ကိုင်ကြရသည်။ အဆိုး ဆုံးအဖြစ် အချို့က ကိုယ့်ကိုယ်ကိုယ် သတ်သေကြသည်။ တရုတ်နိုင်ငံကျေး လက်ဒေသများရှိ ပုံမှန် နည်းလမ်းဖြင့် သတို့သမီး ရှာဖွေနိုင်ခြင်းမရှိသည့် အမျိုးသားများ အတွက် နှစ်စဉ် အတင်း အကျပ်ရောင်းချခံနေရသည့် အမျိုး သမီး မည်မျှ ရှိကြောင်း မည်သူမျှ အ တိအကျမသိပေ။

သို့သော် သေချာ သည့်အချက်မှာ ပြီးခဲ့သည့် နှစ်များ အတွင်း ထိုသို့ရောင်းချခံ ရသူ အရေ အတွက် တိုးလာနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် ဆယ်စုနှစ် ၃ ခုကြာ ကျင့်သုံးခဲ့သည့် ၁ အိမ်ထောင် က လေး ၁ ဦးမူဝါဒနှင့် အစဉ်အလာအရ သားယောက်ျားလေးကိုသာ ဦးစား ပေးရယူလိုမှုတို့ကဆိုးဆိုးဝါးဝါး ကျား^ မ အချိုးမညီမျှမှု ဖြစ်ပေါ်စေခဲ့သည်။ တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ၏ အဆိုအရ ၂၀၂၀ အရောက် တရုတ် နိုင်ငံ၌ လက်ထပ်ရန် သတို့သမီးမရှိ သည့် အမျိုးသား အရေအတွက် ၂၄ သန်းအထိ ရှိလာမည်ဟုဆိုသည်။ ထို အခြေအနေ တွင် မြန်မာနိုင်ငံသည် တရုတ်အတွက် သတို့သမီးရှာဖွေရန် အဓိကရင်းမြစ် ဖြစ် လာနေသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားဒေ သများတွင် စစ်ပွဲများဖြစ်ပွားနေခြင်း လုံခြုံမှု မရှိခြင်းနှင့် အစားအစာနှင့် အ လုပ်အကိုင်ရှားပါးခြင်းတို့က လူကုန်ကူး သူများအတွက် လိမ်ညာမှုပြုလုပ် ရန် လွယ်ကူစေသည်။ လူကုန်ကူး သူများက အမျိုးသမီးများကို တရုတ် နိုင်ငံ၌ အလုပ်အကိုင်ကောင်းကောင်း ရမည်ဟု လိမ်ညာခေါ်ဆောင်ကာ တ ရုတ်လူမျိုးများအတွက် ဇနီးမယား အဖြစ် ရောင်း ချလေ့ရှိသည်။ မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းချခံခဲ့ရသည့် အမျိုးသမီးများ ၏ ၂၅ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ် အောက်ဖြစ်သည်ဟု ထိုင်းနိုင်ငံအ ခြေစိုက် အန်ဂျီအိုတစ်ခုဖြစ်သည့် က ချင် အမျိုးသမီးအဖွဲ့ချုပ် (ထိုင်းနိုင်ငံ) (Kwat) က ဆိုသည်။

Kwat က ယူနန်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်မှူး ဂျူလီ ယာမာရစ်က ‘တရုတ်အမျိုးသားတွေ က ကလေးမွေးပေးနိုင်မယ့် ငယ်ငယ် ရွယ်ရွယ် ကျန်းကျန်းမာမာ မိန်းက လေးတွေ လိုချင်ပါတယ်။ အမျိုးသမီး တွေကို ကလေးထုတ်တဲ့ စက်တွေလိုပဲ သဘောထား တာပါ’ ဟု ပြောကြား ခဲ့သည်။

လူကုန်ကူးသူများက မြန်မာနိုင်ငံ မှ အမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင် ရာတွင် အသုံးပြုသည့် အဓိက လမ်းကြောင်းဖြစ်သော နယ်စပ်မြို့ ရွှေလီတွင် အဘာအား တရုတ်အရှေ့ မြောက်ပိုင်းမှ ဝါဂွမ်းခြံပိုင်ရှင်မိသားစု က ဝယ်ယူ ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်သည့် အဘာမှာ ကျပန်း အလုပ်သမားဖခင် နှင့် အလုပ်မရှိသူ မိခင်တို့မှ မွေးဖွား လာသည့် သားသမီး ၃ ဦးအနက် ၁ ဦးဖြစ်သည်။

ဂျင်းဘောင်းဘီနှင့် အဖြူရောင်တီရှပ်ဝတ်ထားသည့် အ ဘာမှာ အမှတ်တမဲ့ ဆိုပါက အခြား ဆယ်ကျော်သက်များနှင့် ခြားနားခြင်း မရှိပေ။ သို့သော် လေသံ တိုးတိုးဖြင့် စကားပြောသည့်အခါတွင်မူ သူကြုံ တွေ့ခဲ့ရသည့် ထိတ်လန့်ဖွယ် အတွေ့ အကြုံများ အကြောင်း ရှင်းရှင်းလင်း လင်း သိမြင်ခဲ့ရသည်။

အခြားလူကုန်ကူးခံရသည့် အမျိုး သမီးများကဲ့သို့ပင် အဘာသည် ဝယ် ယူသူများ ရှိသည့် လူအများ၏ရှေ့၌ လမ်းလျှောက်ပြခဲ့ရသည်။ မာရစ်က ‘တစ်ခါတစ်ရံ သူတို့ကို ပန်းခြံထဲ ကဈေးမှာ ရောင်းချပါတယ်။ လူကုန် ကူးသူတွေက မိန်းကလေးတွေကို ဝတ်ကောင်းစားလှတွေဆင်ပေးပြီး မိတ်ကပ်တွေ လိမ်းခြယ်ပေး ပါတယ်။ မိန်းကလေးတွေက သူတို့မဝတ်ဖူးတဲ့ အဝတ်တွေ ဝတ်ရလို့ ပျော်နေပေမယ့် နောက်တော့ ဟင်းရွက်ကန်စွန်းရွက် လို ရောင်းချခံ ရပါတယ်’ ဟုဆိုသည်။

အဘာက ‘အစပိုင်းမှာ တရုတ် လိုမတတ်တဲ့အတွက် လုပ်ခိုင်းတဲ့ အိမ်မှု ကိစ္စတွေကို နားမလည်ပါဘူး။ ဒါ ကြောင့် အမှားလုပ်မိတဲ့အခါ အမေက ကျွန်မကို ရိုက်ပါတယ်။ အတော်များ များ ထိတ်လန့်နေခဲ့ရပြီး စကားပြော ဖို့ သူငယ်ချင်းမရှိတဲ့အတွက် အလွန်အထီးကျန်ခဲ့ပါတယ်။ ကျွန်မ အများကြီး ငို ခဲ့ရပါတယ်။ အစပိုင်းမှာ ကျွန်မ ကို မငိုဖို့ ညင်ညင်သာသာပြောပေ မယ့် ငိုရင် ကြိမ်းမောင်းခံရပါတယ်’ ဟု ပြောပြခဲ့သည်။

အဘာသည် တရုတ်နိုင်ငံအတွင်း မည်သည့်နေရာတွင် ရောက်နေမှန်း မသိသည့် အပြင် ဝယ်ယူခဲ့သည့် မိ သားစုက အချိန်ပြည့် စောင့်ကြည့်နေ သဖြင့် လွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ ပေ။ ‘ကျွန်မကို တစ်ချိန်လုံး စောင့် ကြည့်နေခဲ့ပြီး အပြင် ထွက်ခွင့်မပေးပါဘူး’ ဟု အဘာကဆိုသည်။ သူ့ အား ထိုသို့ အပျောက် မခံဘဲ အနီးကပ် စောင့်ကြည့်နေခြင်းမှာ ထိုမိသားစု၏ အသက် ၂၀ အရွယ်သားဖြစ်သူနှင့် လက်ထပ်ပေးရန်ဖြစ်ကြောင်း သိရှိ ခဲ့ရသည်။

တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် အတင်းအကျပ် ရောင်းချခံခဲ့ရသူ မိန်းကလေး အားလုံး နီးပါးမှာ နေအိမ်များ တွင် အကျဉ်းကျခံရသကဲ့သို့ အခြေ အနေနှင့် ကြုံတွေ့ရကာ လွတ်မြောက် နိုင်ခြင်း အလွန်ရှားပါးသည်ဟု မာရစ်က ဆိုသည်။ မျှော်လင့်ချက်မဲ့ သည့် အခြေအနေနှင့် ကြုံတွေ့နေရ သဖြင့် အချို့က လယ်ယာသုံး ဓာတု ဗေဒပိုးသတ်ဆေးသောက်သုံး၍ ကိုယ့် ကိုယ်ကိုယ် အဆုံး စီရင်ကြသည်။ ပိုး သတ်ဆေးသောက်ခြင်းမှာ တရုတ် ကျေးလက်ဒေသတွင် ကိုယ့်ကိုယ် ကိုယ်သတ်သေရာ၌ အသုံးအများဆုံး နည်းလမ်းဖြစ်သည်။

အဘာမှာ ကံကောင်း ထောက်မ စွာဖြင့် ၎င်းနေထိုင်ရာဒေသတွင် မှတ်ပုံတင် ကတ်စစ်ဆေးခြင်း ပြုလုပ်စဉ် အဘာအား နိုင်ငံခြားသားတစ်ဦးဖြစ် ကြောင်း ရဲတပ်ဖွဲ့ကသိရှိသွားပြီး လက် ထပ်ပေးရန် ရက်သတ္တပတ်အနည်း ငယ်အလိုတွင် ကယ်တင်ခံခဲ့ရသည်။ အဘာက သူ၏အဖြစ်အား ရဲတပ်ဖွဲ့ ကို ရှင်းပြခဲ့သောအခါ ဝယ်ယူသူမိ သားစုအား ရဲတပ်ဖွဲ့က ‘ခင်ဗျားတို့ လူကိုဝယ်လို့မရဘူး။ သူတို့က တိရစ္ဆာန် မဟုတ်ဘူး’ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။ ထိုမိသားစုအား တရားစွဲ လိုခြင်း ရှိ-မရှိ ရဲတပ်ဖွဲ့က မေးသည့် အခါ အဘာက တရားမစွဲ လိုဘဲ ဖြစ် သမျှကို မေ့ပစ်ကာ အိမ်ပြန်ချင်သည် ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဘာ၏ မိဘများမှာ သမီးဖြစ် သူ ပျောက်ဆုံးသွားသောအခါ ရှာဖွေရန်ကြိုးစား ခဲ့ကြသည်။ သမီးဖြစ်သူ တရုတ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံ ရကြောင်း မူဆယ်ရဲစခန်း သို့ သွားရောက်တိုင်ကြားခဲ့သည်။ သို့ သော် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ယွမ် ၆ç၀၀၀ တောင်းခံခဲ့ သဖြင့် ထိုမျှငွေပမာဏကို မိဘများ က မတတ်နိုင်ခဲ့ဟု အဘာက ပြန်ပြောပြခဲ့သည်။ လူကုန်ကူးမှုများနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များ ၏တုံ့ပြန်ပုံမှာ တရုတ်ရဲ များ ကဲ့သို့ပင် ဖြစ်သည်ဟု Kတအေ အဖွဲ့ကဆိုသည်။

တရုတ်နိုင်ငံဘက်ခြမ်းမှ ရဲများ ကလည်း နိုင်ငံတွင်း ကလေးငယ်များ လူကုန် ကူးမှု ကိုသာ အဓိကအာရုံစိုက် တိုက်ဖျက်လေ့ရှိပြီး နိုင်ငံရပ်ခြားမှ အမျိုးသမီးများ လူကုန်ကူးခံရမှုကို အလေးထားလေ့မရှိပေ။ မနှစ်ကအထိ လူကုန်ကူးခံရခြင်းမှ လွတ်မြောက်လာ သည့် အမျိုးသမီးအနည်းငယ်မှာ တရားမဝင်ရွှေ့ပြောင်းလာ သူများ အဖြစ် အကျဉ်းကျခံရပြီးနောက် နေရပ်သို့ ပြန်ပို့ခံရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုမှာ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ရှမ်းပြည် နယ်တွင် အများဆုံးဖြစ်ပွားပြီး ၎င်း နောက်တွင် ရန်ကုန်၊ မန္တတိုင်းနှင့် ကချင်ပြည်နယ်တို့ ရှိနေသည်ဟု တ ရုတ်နေ့စဉ်သတင်းဌာနက ဖော်ပြ သည်။ လူကုန်အများစုအား ထိုင်း၊ တရုတ်နှင့် မလေးရှားသို့ ပို့ဆောင် ခြင်းခံရသည်။ မိန်းကလေး အများ အပြားမှာ ဒေသခံအမျိုးသားများနှင့် အတင်းအကျပ် လက်ထပ်ပေးခံရပြီး ၎င်းတို့၏ ကလေးများကို အလုပ်သ မားအဖြစ် ခိုင်းစေကြသည်။

ထိုအခြေအနေက မြန်မာ၊ဗီယက်နမ်နှင့် ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင် အာရှနိုင် ငံများမှ မိန်းကလေးများအား တရုတ် နိုင်ငံသို့ လူကုန်ကူးနေသည့် အဖွဲ့ များအတွက် စီးပွားရေး လုပ်ငန်းကြီး တစ်ခုဖြစ်လာစေသည်။ ဗီယက်နမ် မိန်းကလေးအချို့မှာ တရုတ်ကျေး လက်ဒေသများတွင် ဇနီးမယားအဖြစ် အတင်းအကျပ် ရောင်းချခံရသည့်အ ပြင် ယူနန်၊ ဂွမ်ဒေါင်းနှင့် ဂွမ်စီဇောင်း တို့ကဲ့သို့ နယ်စပ်နှင့် ကမ်းရိုးတန်း ဒေသများရှိ ဇိမ်ခန်းများသို့ ရောင်းချ ခံနေသည်။

မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရန်အတွက် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်း၍ ၂၀၁၄ -၂၀၁၈ ကာလအတွက် ဒေသခွဲဆိုင် ရာ လှုပ်ရှားမှု အစီအစဉ်တစ်ခု ရေး ဆွဲဆောင်ရွက်မည်ဟု စက်တင်ဘာလ အတွင်းက ကြေညာခဲ့သည်။ ယခု နှစ်အတွင်း လူကုန်ကူးသူ ၂၁၁ ဦး အား ဖမ်းဆီးရမိကာ လူကုန်ကူးခံရ သူ ၁၀၇ ဦးကို ကယ်တင်နိုင်ခဲ့သည် ဟု မြန်မာအာဏာပိုင်များက ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုက အဘာအား ရွှေလီသို့ တရားမဝင်ပြန်လည်ဝင်ရောက်ကာ အလုပ်အကိုင်ရှာဖွေရန် တွန်းပို့ခဲ့လေ ပြီ။

ယခုအခါ အဘာသည် ၁ လ လျှင် ယွမ် ၆၅၀ ရသည့် စားသောက်ဆိုင် စားပွဲထိုး အဖြစ် လုပ်ကိုင်လျက်ရှိ သည်။ လူကုန်ကူးခံရပြီး တရုတ်နိုင်ငံ တွင် နေထိုင် ခဲ့ရသည့်အတွက် အဘာ သည် တရုတ်စကားအား ကျွမ်းကျင် စွာ ပြောဆိုနိုင် ကာ ဒေသခံများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်စေ သည်။ သို့သော် ၃ နှစ်ကြာ ကြုံတွေ့ ခဲ့ရသည်များနှင့် နှိုင်းယှဉ်လျှင် တရုတ် စကား တတ်မြောက် လာခြင်းက မ ပြောပလောက်သည့် အကျိုးအမြတ် တစ်ခုသာဖြစ်သည်ဟု အဘာ က ဆို သည်။ ‘ကျွန်မအပေါ် ကျူးလွန်ခဲ့တာတွေအတွက် အဲဒီ့မိသားစုကို အခုထိ မုန်းနေတုန်းပဲ။ အမြဲတမ်းမုန်းနေမယ် ထင်ပါတယ်’ ဟု အဘာက သူ၏ခံစားမှုအား ပြောပြခဲ့သည်။

(မှတ်ချက် - တစ်ဖက်နိုင်ငံ ဆိုသည်မှာ တရုတ်နိုင်ငံကို ရည်ညွှန်း ရေးသားခြင်း ဖြစ်သည်။)

ကျော်သက်

Ref:The Telegraph
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment