Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 5, 2015

မင်္ဂလာတောင်ညွန့်တွင် အဘွားအိုတစ်ဦးအသတ်ခံရမှု ကျူးလွန်သူမှာ အမျိုးသ မီးနှစ်ဦး ဖြစ်နိုင်ဟု စီအိုင်ဒီက ကောက်ချက်ဆွဲထားကြောင်း သေဆုံးသူ၏ မိသား စုဝင် ပြောကြား

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၇ဝ အရွယ် အဘွားအိုတစ်ဦးအသတ်ခံရမှု ကျူးလွန်သူမှာ အမျိုးသ မီးနှစ်ဦးဖြစ်နိုင်ဖွယ်ရှိကြောင်း စီအိုင်ဒီက ကောက်ချက်ဆွဲဟု သေဆုံးသူ၏သားဖြစ်သူကThe Daily Eleven သတင်းစာသို့ ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ တိုက်ခန်းအတွင်း သေဆုံးသူဒေါ်မာဘီယာ လဲကျနေသော မွေ့ရာအနီး၌ သွေးစွန်းခြေ ရာပုံစံတစ်ခုတွေ့ရှိ မှုနှင့် အခင်းဖြစ်နေရာတွင် ရုန်းရင်းဆန်ခတ်ပုံသဏ္ဌာန် ဖြစ်ပွားခဲ့မှုအပေါ် စီအိုင်ဒီက ယင်းသို့သုံးသပ်ပြောဆိုခြင်းဖြစ်နိုင်ကြောင်း သေဆုံးသူ၏ သားဖြစ်သူ ဦးတာဇံ (ခေါ်) ဦးရာဇန်အလီ က ပြောကြားသည်။

“ကျူးလွန်တဲ့သူဟာ မိန်းကလေးဖြစ်ဖို့ များတယ်။ နှစ်ယောက်လောက်ဖြစ်ဖို့များတယ်လို့ စီအိုင်ဒီရဲ့ ကောက် ချက်အရ သိရတယ်။ တစ်ယောက်တည်းဆို လက်ကိုကြိုးတုပ်ဖို့၊ ပါးစပ်ထဲကို အဝတ်ထဲဖို့တို့လိုမျိုး တစ်ပြိုင် နက်လုပ်ဖို့က ခက်တယ်လို့ စီအိုင်ဒီ ရဲ့ကောက်ချက်အရ သိရတယ်။ ဘာဖြစ်လို့လဲဆိုရင် အမေအသတ်ခံရ တဲ့နားမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ အမေက အားရှိသလောက် ခုခံခဲ့တဲ့အတွက် တစ်ယောက်
လောက်ကတော့ မနိုင်လောက်ဘူးတဲ့။ ဒါကြောင့် လူသတ်မှုမှာ နှစ်ယောက်လည်းဖြစ်နိုင်ခြေရှိသလို မိန်း ကလေးလည်း ဖြစ်နိုင်တယ်လို့ သိရတယ်။ ဘာကြောင့်မိန်းကလေးဆိုတာ ပြောရသလဲဆိုရင် အခင်းဖြစ် တဲ့နေရာမှာ သွေးခြေရာတစ်ခု ကျန်ခဲ့တယ်။ မွေ့ရာဘေးနားက ကတ်ထူပြားပေါ်မှာ တွေ့တာလို့ သိရ တယ်” ဟု ဦးတာဇံက ဆက်လက် ပြောကြားသည်။

ထို့ပြင် ဦးတာဇံ (ခေါ်) ဦးရာဇန်အလီ က လက်ရှိအိမ်ထောင်မတိုင်ခင် ပထမအိမ်ထောင်ရှိခဲ့ဖူးကြောင်း၊ ၎င်း၏ မိခင်က ယင်းအိမ်ထောင်နှင့် ကွာရှင်းခိုင်းပြီး နောက်အိမ်ထောင်ပြုခိုင်းကြောင်း၊ ယင်း ပထမအိမ်
ထောင်အမျိုးသမီးမှာ ဒေါ်မာဘီယာနေထိုင်သည့် အောက်ထပ်သုံးလွှာတွင် လက်ရှိနေထိုင်လျက်ရှိပြီး အဆိုပါအမျိုးသမီးအား စစ်ဆေးမေးမြန်းနေပြီဖြစ်ကြောင်း ပြောကြားသည်။

“ အမေက သူနဲ့ကျွန်တော် ကလေးမရတဲ့အတွက်ကြောင့် ကွာပြီး လက်ရှိအိမ်ထောင်နဲ့ ပေးစားတာ နှစ်နှစ် ပဲ ရှိသေးတယ်။ စခန်းကတော့ မေးချင်တာရှိရင် ခေါ်မေးလို့ရအောင် တခြားနေရာတွေ မသွားဖို့ ခေါ်ပြော ထားတယ်။တခြားသူတွေကိုလည်း ခေါ်ယူမေးမြန်းနေတယ်လို့ သိရတယ်”ဟု ဦးတာဇံက ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တစ်ဦးတည်းနေသူ အသက် ၇ဝ အရွယ် အမျိုးသမီးကြီးတစ်ဦးအားသတ်ပြီး
ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် (၁၂၃) လမ်း တိုက်အမှတ် (၂၄) လေးလွှာတွင် ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ဒေါ်မာဘီယာ (၇ဝ) နှစ်သည် နေအိမ်တိုက်ခန်းအတွင်း လက်နှစ်ဖက်အား ကြိုးတုပ်၍ ပါးစပ်တွင် အဝတ်ဆို့လျက် ဦးခေါင်းချိုစောင်းတွင် ဒဏ်ရာရရှိပြီး သေဆုံးခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့ မရဲစခန်းမှ သိရသည်။

ဒေါ်မာဘီယာ သေဆုံးမှုနှင့် ပတ်သက်ပြီး စီအိုင်ဒီမှ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့အဖွဲ့ အမှုဖြစ် တဲ့နေရာရောက်တော့ မွေ့ရာဘေးက ဝဲဘက်ခြေရာပုံစံရခဲ့တယ်။ လက်ဗွေရာပုံစံတော့ မရခဲ့ဘူး။ အဲဒီခြေ ပုံစံနဲ့စခန်းက စစ်ဆေးနေတဲ့လူတွေရဲ့ ခြေပုံစံ တိုက်ဆိုင်စစ်ဆေးမှ ဘာလဲဆိုတာ သေချာသိရမှာပါ။ ခြေ ပုံစံမှာ ခြေချောင်းပုံစံက မသဲမကွဲဖြစ်နေတာရယ်၊ သုံးချောင်းပဲပါတာရယ်ကြောင့် ယောက်ျားလေး၊ မိန်း ကလေးခွဲခြားဖို့က ခန့်မှန်းရခက်သေးတဲ့အတွက်ကြောင့်ပါ” ဟု ပြောကြားသည်။

သေဆုံးသူတွင် ဝတ်ဆင်ထားသော ရွှေလက်ကောက်နှစ်ကွင်း၊ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေဆွဲပြားတစ်ခု၊ ရွှေ လက်စွပ်တစ်ကွင်းကို ကျူးလွန်သူမှ ယူဆောင်သွားကြောင်း၊ အခင်းဖြစ်နေရာမှ ခြေရာလက်ရာများကို ကျူးလွန်သူများမှပင် ပုဆိုးရေစိုဖြင့် ဖျက်ပစ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းအောင်က “တိုင်း၊ ခရိုင်အဆင့်ဆင့်ကနေ ဒီကိစ္စကို သေချာ ကိုင်တွယ်နေပါတယ်။ ခြေရာပုံစံကလည်း တစ်ဝက်တစ်ပျက်ပဲရှိတယ်။ သေဆုံးသူနဲ့ ပတ်သက်ဆက်နွှယ်တဲ့ သူတွေ အကုန်လုံးကို စစ်ဆေးမေးမြန်းနေပါတယ် ” ဟု ဖြေကြားသည်။

EMG

No comments:

Post a Comment